(ဘဟားမား၊ သြဂုတ်လ ၂၆-ရက်)
ဘဟားမားနိုင်ငံတွင် သြဂုတ်လ ၂၃-ရက်နေ့ညပိုင်းက တခမ်းတနား ကျင်းပသော မယ်စကြာဠာပြိုင်ပွဲ၌ ဗင်နီဇွဲ လားမယ်က ဗင်နီဇွဲလားနိုင်ငံအတွက် သရဖူကို ရယူပေးခဲ့ပြန်သည်။ သူမအနိုင်ရရှိကြောင်း ကြေညာလိုက်သော အခါ အနီရောင်ဂါဝန်ကို တလွင့်လွင့် ၀တ်ဆင်ထားသော ဗင်နီဇွဲလားအလှမယ် (စတီမာနီယာဖာနန်ဒက်ဇ်) သည် ဒုတိယဆုရရှိသူ ဒိုမီနီကန်အလှမယ်အား အားပါးတရ ပွေ့ဖက်ကာ ပျော်လွန်း၍ ကလိုက်သေးသည်။ ယမန် နှစ်က မယ်စကြာဠာဘွဲ့ရရှိသူ ဗင်နီဇွဲလား အလှမယ်(ဒါဟာနာမင်ဒိုဇာ)က သူမကို သရဖူဆောင်း ပေးခဲ့သည်။
*** ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု တုပ်ကွေးရောဂါသစ်ကြောင့် စိုးရိမ်ဖွယ်ရှိ…
(၀ါရှင်တန်၊ သြဂုတ်လ ၂၆-ရက်)
ကမ္ဘာတ၀ှမ်းရှိ ဈေးကွက်များတွင် စီပွားရေးပြန်လည်ကောင်းမွန်လာသည့် ပထမဆုံး လက္ခဏာများစတင်တွေ့မြင်နေရကြောင်း သို့သော် ကမ္ဘာ့တုပ်ကွေးရောဂါသစ် ပြန့်ပွားမည့်အခြေအနေရှိနေသည့်အတွက် စီးပွားရေး ပြန်လည်ကောင်းမွန်လာမည့် အနေအထားအပေါ် အဟန့်အတားဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးပြောကြားသည်။ A(H1N1)တုပ်ကွေးရောဂါသည်။ ဇွန်လမတိုင်မီ တကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့ သွားပြီး ၄-လတာ ကာလအတွင်း၌ သေဆုံးသူ (၁၈၀၀)ခန့်ရှိသွားခဲ့ရာမှ ယခုအခါ နိုင်ငံပေါင်း (၁၇၀)ကျော်အထိ ပြန့်ပွားလျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားသည်။ အဆိုပါ WHO မှ ဖော်ပြထားသော ရောဂါရရှိသူ ဦးရေမှာ (၁၈၂၀၀၀)သာ ဖြစ်သည်။ သို့သော် ယခုအခါကမ္ဘာ့နိုင်ငံများ အနေဖြင့် ထိုရောဂါဖြစ်ပွားမှုအခြေအနေနှင့် ဓါတ်ခွဲခန်းစမ်းသပ်ရရှိမှု အဖြေများကို သတင်းပို့ရန်မလိုတော့သောကြောင့် လက်တွေ့၌ တုပ်ကွေးရောဂါသစ်ခံစားရသူ ဦးရေမှာ စာရင်းမှာဖော်ပြသည်ထက် ပိုမိုများပြားကြောင်း WHO က ပြောကြားသည်။ (အင်တာနက်)
*** အစ္စရေးက အိန္ဒိယသို့ ဒုံးလက်နက်စနစ်ရောင်းချရန် စာချုပ် ချုပ်ဆို…
(နယူးဒေလီ၊ သြဂုတ်လ ၂၆-ရက်)
အိန္ဒိယနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များအသုံးပြုရန်အတွက် အစ္စရေးနိုင်ငံမှ ရာဇယ်ကာကွယ်ရေးလက်နက်စနစ် ရောင်းချရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ (၁-ဘီလီယံ)တန်ဖိုးရှိမြေပြင်မှ ဝေဟင်ပစ်ဒုံးလက်နက်ရောင်းချရေး စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ ထိုစာချုပ်အရ အစ္စရေးကုမ္ပဏီသည် ၂၀၀၂-ခုနှစ် အရောက်တွင် အိန္ဒိယနိုင်ငံသို့ ရွေ့လားပစ်ခတ်နိုင်သော စပိုက်ဒါဒုံးစနစ်(၁၈)ခုကို ရောင်းချပေးရမည် ဖြစ်သည်ဟု သြဂုတ်လ ၂၃-ရက်နေ့ထုတ် ဂျေရုဆလင်ပို့စ်သတင်းစာကဖော်ပြသည်။ စပိုက်ဒါဒုံးစနစ်သည် ရန်သူလက်နက်ဝင်ရောက်လာသည်ကို သိရှိရပြီး ၂-မိနစ်အတွင်း အလိုအလျောက် ပစ်ခတ်နိုင်သော ကာကွယ်ရေးစနစ်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
*** မယ်စကြာဝဠာ သရဖူကို ဗင်နီဇွဲလား မယ်က ၂-နှစ်ဆက်တိုက်ရယူ…

No comments:
Post a Comment