ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 6, 2009

ဲသြဂုတ်လအတွင်းထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ..

>
(သြဂုတ်လ ၆-ရက် ၂၀၀၉)
ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၆) ဦးကို ဂိုဏ်ဖွဲ့ကာ လူသတ်မှုကျူးလွန်ခဲ့သည့်အ
တွက် မလေးရှားတရားရုံးချုပ်က ယနေ့ သေဒဏ်ပေးလိုက်သည်။၎င်းတို့ (၆) ဦးသည် ၂၀၀၅ ခုနှစ်၊ ဇွန်လအ
တွင်းမြန်မာ-မွတ်စလင်တဦးဖြစ်သည်ဆာဒစ်ဟူစိန်ကိုဂိုဏ်းဖွဲ့သတ်ဖြတ်ခဲ့ခြင်းအတွက်သေဒဏ်ပေးခံကြရ ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာတဦးက ပြောသည်။(ခေတ်ပြိုင်)

ဖြစ်ရပ်-၂ ။ ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(ခေါ်)လက်ချည်ပွဲများကို ထိုင်း-မြန်မာ နယ်စပ် တာ့(ခ်)ခရိုင်အတွင်းရှိ မဲဆောက်၊ ဖုတ်ဖရား၊ တာ့(ခ်)၊ မယ်ရမတ်၊ အုန်းဖန်နှင့် ထဆောင်ယန်းမြို့နယ် များရှိ အဝေးရောက် ကရင်တိုင်းရင်းသားများက ကျင်းပကြကြောင်း၊ မဲဆောက်မြို့ရှိ အစဉ်အလာကြီး မားပြီး နှစ်ပေါင်း (၁၀၇)နှစ်တိုင်ခဲ့ပြီဖြစ်သော တောရကျောင်းတွင်လည်း ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့ကျင်းပကြကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း၊ နာရာသီဝပ်ခရိုင်တွင် ရဲသတင်းပေးဟု ယူဆရသူ ၃-ဦးအား မွတ်ဆလင်စစ်သွေးကြွအုပ်စုတစ်စုက ယမန်နေ့နံနက်ပိုင်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
(သြဂုတ်လ ၅-ရက် ၂၀၀၉) ထိုင်းနိုင်ငံတွင် လူကုန်ကူးသော မြန်မာပြည်သားဂိုဏ်းသား ၃-ဦးကို ဘန်ကောက်မြို့၏ တောင်ဘက် ပင်လယ်ကမ်းခြေမြို့တွင် ဖမ်းဆီးရမိကြောင်း၊ လူကုန်ကူးသော ဂိုဏ်းသားများက လှောင်ပိတ်ဖမ်းဆီးထားသော မြန်မာအလုပ်သမား ၈-ဦးကိုလည်း တပါတည်းတွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(သြဂုတ်လ ၄ရက် ၂၀၀၉ ) ဖြစ်ရပ်-၁။ ။ စားသုံးရန်အန္တရာယ်ရှိသည်ဟုဆိုကာ ထိုင်းဘက်မှတင်သွင်းသည့် စားသုံးဆီများကို မြန်မာဘက်မှတင်သွင်းခွင့် ပိတ်ပင်လိုက်သော်လည်း ထိုင်းဆီများကို မြန်မာကုန်သည်များက အာဏာပိုင်များနှင့် နားလည် မှုယူကာ ပုံမှန်တင်သွင်းလျက် ရှိသည်။မြန်မာဘက်မှ ပိတ်ပင်သည့် ထိုင်းစားသုံးဆီများမှာ ပုစွန်တစ်ကောင်တံဆိပ်၊ ပုဇွန်နှစ်ကောင်တံဆိပ်နှင့် အခြားတံဆိပ် များဖြစ်ပြီး မဲဆောက်ကမ်းနားရှိ အမှတ် (၁) ဂိတ်နှင့် အမှတ် (၁၆) ဂိတ်များမှတဆင့် အဓိကတင်သွင်းနေပြီး တနေ့လျှင် အနည်းဆုံး (၁၆) ကီလိုဝင် သံပုံး (၅) ထောင်ခန့် မြန်မာဘက်သို့ တင်သွင်းသည်။ထိုင်းဘက်မှ စားသုံးဆီများတင်ပို့ရာတွင် ပုဇွန်နှစ်ကောင်တံဆိပ်၊ တံငါတံဆိပ်နှင့် (၁၈) ကီလိုပါ ပလတ်စတစ်ပုံးအ၀ါများ၊ (၁၉၂) ကီလိုဝင် ဆီပေပါပုံးများဖြင့် တရားဝင်တင်သွင်းနေရာမှ ယခင်လ (၂၅) ရက်မှစတင်ကာ မြန်မာဘက်မှ စားသုံးရန် မသင့်ဟုဆိုကာ တင်သွင်းခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။ (ခေတ်ပြိုင်)

ဖြစ်ရပ်-၂။ ။ ထိုင်းမိဖုရားသီရိခေတ်၏သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့်မွေးနေ့ အတွက်နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုဖွင့်လှစ်သော ဈေးပွဲတော်ကိုထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့  ၊ မြို့ ပိုင်ရုံးအနီး၌ယနေ့စတင်ဖွင့်လှစ်သည် ကို တွေ့ရသည်။အလားတူထိုင်းတနိုင်ငံလုံး ရှိခရိုင်၇၆ခုစလုံးတွင်လည်းဂုဏ်ပြုဈေး ပွဲများဖွင့် လှစ်ကြမည်ဖြစ် ကြောင်းစုံစမ်းသိရှိရသည်။

(သြဂုတ်လ ၃ရက် ၂၀၀၉)
ဖြစ်ရပ်-၁။ ။ ဆိုမာလီနိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင်အချိန်အကြာဆုံးပြန်ပေးဆွဲခံထားရသောမလေးရှားနိုင်ငံမှသဘောင်္ကို
အင်ဒိုနီးရှား၁၀ဦးနှင့်အတူပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းရေကြောင်းသွားလာမှုစောင့်ကြည့်လေ့လာရေးအဖွဲ့ ကသြဂုတ်လ၃ရက်နေ့မှာပြောကြားသည်။ယင်းသဘောင်္ကိုပြန်ပေးဆွဲသူများကတောင်းခံသောငွေကိုပေးပြီးမှသာ
ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။(အင်တာနက်)

်ဖြစ်ရပ်-၂ ။ ။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ်များ အထူးသဖြင့် မြန်မာ နိုင်ငံ မြဝတီနှင့်တဖက်ကမ်း မဲဆောက်တွင် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်း နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။ထိုင်းအစိုးရ ကူးသန်းရောင်း ဝယ် ရေးဌာန ဒု-ဝန်ကြီး Alongkorn Polbut သည် ထိုင်းနယ်စပ် စီးပွားရေုးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေး သည့် အနေနှင့် မဲဆောက်နှင့် မြဝတီမြို့များသို့ ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့များက သွားရောက် လည်ပတ်ခဲ့သည်။ သူ၏ ဝန်ကြီးဌာနက `အုပ်ချုပ်ထောက်ပံ့ ဗဟိုချက်မ စီမံကိန်း´ “Logistics Hubs Project” ကို ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဒုဝန်ကြီး Alongkorn က ပြောကြားသွားသည်။ ဤလုပ်ငန်းသည် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် အကောင်အထည်ဖော်မည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အတွက်ပါ အထောက်အကူပြုမည်ဟု ဆိုသည်။ (မဇ္ဈိမ)

ဖြစ်ရပ်-၃။ ။တာချီလိတ်မြို့တွင် စိတ်ကြွ ဆေးပြား အနည်းဆုံး ၁ သိန်းကျော်ကို ယခုလ ၁ ရက်နေ့ ညနေပိုင်းတွင် တာချီလိတ် အာဏာပိုင်များက ဖမ်းဆီးမိခဲ့သည်။ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ဖက်မှ ထိုင်း-မြန်မာ နယ် စပ်မြို့ဖြစ်သော တာချီလိတ်မြို့သို့ ဆိုင်ကယ်၂ စီးဖြင့် ဝင်လာသည့် အမျိုးသား ၃ ဦးက မူးယစ်ဆေးဝါးများကို ပလတ်စတစ် ပုံးထဲ ဝှက်ထည့်ပြီး သယ်ဆောင်လာခြင်းသည်။ခြေမြန်တပ်ရင်း ၃၅၉ မှ တပ်စိတ်တစိတ် အပါ အ ဝင် တာချီလိတ်ခရိုင် ရဲအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်း၍ လွယ်တော်ခမ်း စခန်းအနီးရှိ “ရေဆေးခုံ” လုပ်ငန်း နေရာ၌ အခြေပြုပြီး ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် ဖမ်းဆီးမိခြင်းဖြစ်သည်။(မဇ္ဈိမ)

(သြဂုတ်လ ၂-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော အင်အား (၁၅၀၀၀) ခန့်ရှိသော ဆန္ဒပြသူများကို အကြမ်းဖက်နှီမ်နှင်းခဲ့ခြင်းကို မလေးရှားအတိုက်အခံများက ပြစ်တင် ဝေဖန်လိုက်သည်။ မလေးရှားနိုင်ငံတွင် နိုင်ငံရေးအတိုက်အခံများကို ရုံးတင်မစစ်ဆေးပဲ ဖမ်းဆီး စစ်ဆေးမှုဥပဒေအား ဆန့် ကျင်ကန့်ကွက်နေကြခြင်း ဖြစ်၏။ (RFA)

ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် အသက် ၁၀-နှစ်နှင့် ၁၂-နှစ်အရွယ် ကလေးငယ် ၂-ဦး ၀က်တုပ်ကွေးဖြင့် သေ ဆုံးသွားကြောင်း မလေးရှားကျန်းမာရေး ၀န်ကြီးဌာနက ကျေညာသည်။ (RFA)

(သြဂုတ်လ ၁-ရက် ၂၀၀၉) မလေးရှားနိုင်ငံတွင် လက်ရှိအစိုးရ၏ ရုံးတင်မစစ်ဆေးပဲ ဖမ်းဆီးစစ်ဆေးမှု ဥပဒေ အား ဆန့်ကျင်သည့် သောင်းနှင့် ချီသော အတိုက်အခံလူအုပ်စုကြီးကို မလေးရှားရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ကြောင်း သတင်းရရှိသည်။ (BBC)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)