(ကိုင်ရို၊ သြဂုတ်လ ၂၄-ရက်)
အီဂျစ်နိုင်ငံမှ ငါးဖမ်းသင်္ဘောနှစ်စင်းသည် သင်္ဘောသား ၃၄-ဦးနှင့်အတူ ပင်လယ်ဓါးပြ ၈-ဦးအား ဖမ်းဆီးလာကာ မိမိတို့ နေရပ်ဒေသသို့ သြဂုတ်လ ၂၃-ရက်နေ့က ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း ဆင်ဟွာသတင်းမှာ ရေးသားဖေါ်ပြထားသည်။ အဆိုပါ သင်္ဘောနှစ်စင်းမှာ ပြီးခဲ့သည့် ၅-လက ဆိုမာလီပင်လယ်ဓါးပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်၏။ အီဂျစ်နိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်သော “စူးအက်မြို့”သို့ ပြန်ရောက်လာကြသော သင်္ဘောသားများအား ထောင်ပေါင်းများစွာသော ပြည်သူများက တေးသီချင်းများ သီဆိုကာ ကြိုဆိုကြသည်။ ဓါးပြများတောင်းဆိုသော ပြန်ပေးငွေ အမေရိကန် ဒေါ်လာ (၁)သန်းကို
ပေးခဲ့ခြင်းမဟုတ်ပဲ ပင်လယ်ဓါးပြများကို အီဂျစ်သင်္ဘောသားများက ကိုယ်တိုင်ခုခံတိုက်ခိုက်ပြီး ပင်လယ်ဓါးပြ ၈-ဦးကိုပါ လက်ရဖမ်းဆီးကာ သြဂုတ်လ ၁၃-ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။ (အင်တာနက်)
*** တရုတ်နိုင်ငံ ရှန်စီပြည်နယ်တွင် ကျောက်မီးသွေးမိုင်းပေါက်ကွဲ လူ ၃-ဦးသေဆုံး…
တရုတ်နိုင်ငံ ရှန်စီပြည်နယ်၊ မြောက်ပိုင်းတွင် သြဂုတ်လ ၂၄-ရက်နေ့က ကျောက်မီးသွေး မိုင်းတွင်း၌ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မိုင်းလုပ်သား ၃-ဦးသေဆုံးပြီး ၁၁-ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။
*** အီရန်နိုင်ငံ လုံခြုံရေးအဖွဲ့က သူပုန် ၂၆-ဦးအား သုတ်သင်ခဲ့…
(တီဟီရန်၊ သြဂုတ်လ ၂၄-ရက်)
အီရန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အီရန်လုံခြုံရေးတပ်ဖွဲ့ (IRGC)နှင့် သူပုန်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားကြရာ လုံခြုံရေးတပ်ဖွဲ့က သူပုန် ၂၆-ဦးအား သုတ်သင်ချေမှုန်းနိုင်ခဲ့ကြောင်း IRGC တပ်မှူးက ပြေကြားခဲ့သည်။ အီရန်နိုင်ငံအနောက်ပိုင်းနယ်စပ် ဒေသတွင် တူရကီနိုင်ငံမှ ကာ့(ဒ်)အလုပ်သမားပါတီ(PKK)နှင့် အဆက်အသွယ်ရှိသော အီရန်ဆန့်ကျင်ရေး ကာ့ဒ်လွတ်မြောက်ရေးပါတီ(PJAK)အဖွဲ့က လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း အဆိုပါတပ်မှူးက ပြောကြားသည်။ (အင်တာနက်)
*** ဂျပန်နှင့် သြစတြေးလျတို့အတွက် ဆက်သွယ်ရေး ဂြိုလ်တုများကို အာရီယာနီဒုံးပျံဖြင့် အောင်မြင်စွာလွှတ်တင်…
(ပါရီ၊ သြဂုတ်လ ၂၃-ရက်)
ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့အတွက် ဆက်သွယ်ရေးဂြိုလ်တုနှစ်စင်းအား (အာရီယာနီ- ၅အီးစီအေ)ဒုံးပျံဖြင့် ပြင်သစ်နိုင်ငံ၊ အာရီယာနီ အာကာသစခန်းမှ သြဂုတ်လ ၂၁-ရက်၊ ဂရင်းနစ်စံတော်ချိန် ၂၂-နာရီ ၈-မိနစ်က အောင်မြင်စွာလွှတ်တင်ခဲ့သည်။ အလေးချိန် ၄-တန်ရှိ (JSAT-12)ဂြိုလ်တုသည် ဂျပန်၊ အာရှ- ပစိဖိတ်ဒေသ- သမုဒ္ဒရာပိုင်းဒေသများ ဟာဝိုင်ယီဒေသတို့အတွက် ဆက်သွယ်ရေးလုပ်ငန်းများ၌ အသုံးပြုမည်ဖြစ်၏။ အဆိုပါဒုံးပျံသည် ဂျပန်တယ်လီကျွန်း ကုမ္ပဏီ(JSAT)ကော်ပိုရေးရှင်း ဂြိုလ်တုနှင့် သြစတြေးလျကုမ္ပဏီ(အော့ဖ်တပ်စ်)ဂြိုလ်တုတို့ကို သယ်ဆောင်သွားခဲ့သည်။ ဂြိုလ်တုနှစ်စင်းကို ဒုံးပျံဖြင့် လွှတ်တင်ပြီး တစ်နာခွဲအကြာ ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိခဲ့သည်။ ကမ္ဘာပတ်လမ်းအတွင်း ရက်အနည်းငယ်ကြာပြီးနောက် မြေပြင်သို့ ပြန်လည်ဆင်းသက်ရန် ၄င်းတို့က စီစဉ်ထားကြသည်။ (အင်တာနက်)
*** ဆိုမာလီဓါးပြများ ဖမ်းဆီးထားသော အီဂျစ်ငါးဖမ်း သင်္ဘောနှစ်စင်းမှာ ဓါးပြများအား ခုခံတိုက်ခိုက်ဖမ်းဆီးပြီး နောက်နေရပ်ပြန်ရောက်ကြ…

No comments:
Post a Comment