ခြံတခုမှာ ယမန်နေ့ ညက ထိုင်းအလုပ်ရှင် ကနေပြီးတော့မြန်မာအလုပ်သမ(xxx ) ကိုအဓမ္မပြုကျင့်လိုက်
ကြောင်းမြန်မာပြည်သားကသတင်းရရှိပါတယ်..။အခင်းဖြစ်ပွားပုံက....
မြန်မာအလုပ်သမ (မ....)ဟာအလုပ်ရှင်ကခေါ်လို့  နှင်းဆီခြံထဲအသွားမှာအလုပ်ရှင်ရဲ့ နောက်လိုက်အချို့ 
ကအခန်းတခန်းထဲလှောင်ပိတ်ပြီးထားခဲ့ပါသတဲ့။သူမ မှာအိမ်ထောင်ရှိကြောင်း၊အခု ဘန်ကောက်မှာရှိကြောင်း
ရှင်းပြပေမယ့် ညပိုင်းမှာအဓမ္မပြုကျင့်ခြင်းကိုခံရကြောင်းမြန်မပြည်သားကိုပြောပြပါတယ်။ဒီအမှုကိုဒေသခံ
ကရင်လူငယ်အစည်းအရုံး(KYO)က ဆက်စပ်ဆောင်ရွက်နေပြီးမြန်မာပြည်သားအဖွဲ့ JACBA ကဖုတ်ဖရားမြို့ 
နယ်စည်းရုံးရေးမှူးအချို့ ကိုလည်း ပေါင်းစပ်ကူညီလျက်၇ှိပါတယ်။ကာယကံရှင်မိန်းကလေးကိုသက်သေခံပစ္စည်း
တွေမပျောက်ပျက်ဖို့ အတွက်ရေချိုးသန့် စင်တဲ့နေရာရယ်၊ထမီကိုလည်းလျှော်မပစ်ဖို့ ရယ်မြန်မာပြည်သားအ
ဖွဲ့ ကလမ်းညွှန်အကြံပေးထားပါတယ်။သူမဟာ အလွန်ကြောက်ရွှံ့ နေပြီးသူမကိုဆက်စပ်ကူညီသူအချို့ ကလည်း
ကျေးရွာလူကြီး၊ပြည်သူ့စစ် ၊ဘန့် မိုင်ရွာကို ချူပ်ကိုင်ထားတဲ့ ကြယ်ဒီခို့ တိုက်နယ်ရဲကင်းတို့ ကိုလည်းအဲဒီအ
လုပ်ရှင်ကအပိုင်ပေါင်းထားတာမို့ လုပ်ရကိုင်ရခက်နေပါတယ်။အားလုံးကိုသက်သေခံအထောက်ထားနဲ့ တကွ
တင်ပြနိုင်အောင် KYO ၊မြန်မာပြည်သားအဖွဲ့ တို့ ကသက်ဆိုင်ရာကိုအကြောင်းကြားလျက်ရှိပါတယ်။
သတင်း...သောင်ရင်းနဂါး (မြန်မာပြည်သား)
ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်မြို့ တောင်ဘက် ၂၂ ကီလိုမီတာအကွာမှာရှိတဲ့ ဘန့် မိုင်ကျေးရွာကနှင်းဆီ

No comments:
Post a Comment