ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိမြန်မာသံရုံးရှေ့ တွင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အား ချက်ချင်းပြန်လွှတ်ပေးရန် ဘန်ကောက်အခြေစိုက်မြန်မာ့ဒီမိုကရက်တစ်များအင်အားစု BDN အဖွဲ့ဝင်များကတောင်းဆိုဆန္ဒပြခဲ့ကြသည်။မြန်မာ့ဒီမိုကရက်တစ်များအင်အားစု BDN အဖွဲ့ ဝင် ၁၃ ဦးတို့ သည် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံများကိုကိုင်ဆောင်၍ နေ့ လည်၁၁နာရီခန့် တွင်၁နာရီခန့် အပြင်းအထန်အော်ဟစ် ဆန္ဒပြခဲ့ကြသည်။လော်စပီကာငယ်ဖြင့် အမြဲအော်လေ့ရှိသော ဘန်ကောက်အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး
ကိုအောင်မြင့်သိန်းက“ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုချက် ချင်းပြန်လွှတ်ပေးပါ။ ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးလိုလားကြတဲ့လူတွေအားလုံး၊အဖွဲ့ အစည်းတွေအား
လုံး ညီညီညွတ်ညွတ်ရှိရမယ့်အချိန်ရောက်နေပါပြီ။ကျနော်တို့ အောင်ပွဲနီးလေ ညီညွတ်လေဖြစ်ကြပါလို့ မေတ္တာရပ်ခံပါတယ်''ဟုပြောသည်။ဂျပန်သတင်းဌာန NTV မှ ယနေ့ဆန္ဒပြပွဲကို တိုက်ရိုက် ထုတ်လွှင့်ပြသ သွားသည်။ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သော ကိုမျိုးနိုင်က နိုင်ငံတကာသတင်းဌာနများသို့ 
အင်္ဂလိပ် /ဂျပန်ဘာသာဖြင့်ပြောကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ်အဖြစ် ပြောင်း
လဲ မှာပါ။ဗိုလ်သန်းရွှေတို့ သူမကိုထောင်မချရဲပါဘူး၊အမှန်ကသူတို့ မှားနေတာပါ။တိုင်းပြည်ကိုအေးချမ်းတဲ့အ
သွင်ကူးပြောင်းရေးနဲ့ သွားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှ ဖြစ်မှာပါ။ဒီအတိုင်းလုပ်ချင် သလို လုပ်နေလို့ ကတော့တိုင်းပြည်ဆက်လက်နစ်နာဖို့ ပဲရှိပါတယ်။ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မယ့်သူဟာ ဒေါ်စုတစ်ယောက်ပဲဒီနေ့ ဒီအချိန်ခါမှာအဓိကဖြစ်နေပါတယ်''ဟုပြောသည်။မြန်မာသံရုံး ထဲ့သို့ ပေးသွင်းခဲ့သော BDNအဖွဲ့ ၏သဘောထားထုတ်ပြန်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဖမ်းဆီးခံရ
ဟန်း သံဃာတော်များနှင့် ကျောင်းသားခေါင်းဆောင် မှားအပါအ၀င်နိုင်ငံရေးအကျဉ်သား များအားခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး။ အင်န်အယ်ဒီမှ ထုတ်ပြန်ထားသောရွှေဂုံတိုင်ကြေညာစာတမ်းအား အကောင် အထည် ဖေါ်ရေးနှင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် အကြမ်းဖက်နှိမ်နှင်းနေသည်များကိုရပ်တန့် ပြီး လွတ်လပ်စွာထုတ်ဝေခွင့်။စည်းရုံးခွင့်။အသင်းအပင်းဖွဲ့ စည်းခွင့်များကိုခွင့်ပြုရန်လိုအပ်ကြောင်းပါရှိ သည်။ ထိုင်းတွင်းဆန္ဒပြနေစဉ်အတွင်း တပြိုင်တည်းတွင် ဂျပန်နိုင်ငံတိုကျိုမြို့ မြန်မာသံရုံးရှေ့ တွင် မြန်မာ့အရေးလှုပ်ရှား သူ တစ်ရာကျော်ခန့်  ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရှိရသည်။
ပြည်ပနိုင်ငံအချို့ တွင် သက်ဆိုင်ရာမြန်မာသံရုံးများတွင်ကြွေးကြော်ဆန္ဒပြနေကြစဉ်တွင်မြန်မာ့ အသံမှ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်ရေးကိုအရယူပေးခဲ့သည့်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင် ဆန်း ၏သမီးဖြစ်ခြင်းကြောင့် သက်ညှာသောအနေဖြင့်တရားရုံးမှ ချမှတ်သော ထောင်ဒဏ်သုံးနှစ်ကို
ထောင်ဒဏ်၁နှစ်ခွဲသို ချော့့ပေါ့သတ်မှတ်ခဲ့ရုံးမျှမက နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် ပူးတွဲပါစည်း ကမ်းချက်များ နှင့်အညီဆိုင်းငံ့လျှော့ပေါ့ချမှတ်လိုက်ကြောင်းကြေညာသွားခဲ့သည်။အလားတူ ဒေါ်ခင်ခင်ဝင်း၊ဒေါ်ဝင်းမမတို့ ကိုလည်း ကောင်းမွန်စွာနေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပါရရှိနိုင်ကြောင်းပါရှိသည်။ ဂျွန်ဝီလျှံ ယက်တောကို
မူ ထောင်ဒဏ် ၇နှစ် ချမှတ်လိုက်ကြောင်း သိရသည်။နအဖ စစ်အာဏာရှင်များအနေဖြင့် သူတို့ အလိုကျဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆောင်ရွက် နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်ဖြင့်သာ ရှိစေလိုသည့် ဆန္ဒကို အကောင်အထည်ဖေါ် လိုက်ခြင်းဖြင့် မည့်သည့် ညှိနိုင်းမှုမှ ဆောင်ရွက်မည် မဟုတ်ကြေင်းထင်ရှားစွာပြလိုက်ခြင်းသာဖြစ်ကြောင်းပြည်တွင်းပြည်ပလေ့လာစောင့်ကြည့်သူများကသုံးသပ
်ပြောဆိုနေ ကြသည်။ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းတရားရုံးတွင် တရားစီရင်နေချိန်အတွင်း
အင်စိန်ထောင်အနီးတွင်လူတစ်ထောင်ခန့် စုဝေးရောက်ရှိလာခဲ့ကြပြီ အင်းစိန်ကုန်း ကျော်တံတား တွင်ရဲကား ဆယ်စီခန့် ။အင်းစိန်မီးရထားဝင်းနှင့်လမ်းပေါ်တွင်ကား ရစီခန့် လုံခြုံရေးအပြည်ချထားသည်။ အရပ်ဝတ်ဖြင့် လုံထိန်းများ၊ကြံ့ ဖွံ့များနှင့်စွမ်းအားရှင်များစောင့်ကြည့်နေကြောင်းမျက်မြင်တစ်ဦးသတင်းပို့ ချက်အရသိရသည်။
များမကြာမီ စုဝေးရောက်ရှိလာသူများထဲမှာ လူ ငါးဆယ်ကျော်ကို ဒိုင်နာကားများပေါ်သို့ ဖမ်းဆီးတင်ဆောင်သွားကြောင်းပြောသည်။ရန်ကုန်မြို့ ဂျပန်သံရုံးရှေ့ တွင်ထိုင်သပိတ်မှောက်နေသောလူတစ်စုအား
လမ်းဘေး မှ လူ သုံးရာနီးပါးကြည့်နေကြစဉ် အာဏာပိုင်များရောက်ရှိလာပြီးချက်ချင်းရုတ်သိမ်းရန်
အမိန့် ပေးခဲ့ကြောင်းနှင့် ရွှေတိဂုံဘု၇ားတောင်ဘက်မုဒ်တွင်းလည်းလူစုလူဝေးအနည်းငယ်ဖြစ်ခဲ့
ကြောင်းပြည်တွင်းမှလာသောသတင်းများအရသိရသည်။
သတင်း...ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment