၂ ချက်နှင့် လက်မောင်းကိုတစ်ချက် ပြင်းထန်စွာရိုက်နှက်လိုက်သည်။သူငယ်ချင်းတစ်ဦးကအခြားနေရာရှိ စက်ကိုမောင်းမည်ဖြစ်ကြောင်းပြောလာသဖြင့်စိတ်ဆိုးပြီး လက်တွင်ကိုင်တွယ်ထားသော ကပ်ကြေးငယ်ကို ခုံပေါ်သို့ ပစ်ချလိုက်မိသည်။ လုပ်ငန်းရှင်သူဌေးသားက အလုပ်သမ မဇာဇာအား ကြိုးကျစ်စက်ကို မောင်း နှင်ခိုင်းရာစက်မောင်းမကျွမ်းကျင်ကြောင်းစကားပြန်ကတစ်ဆင့် ပြန်လည်ပြောဆိုခဲ့သည်။သို့ ရာတွင်
စကားပြန်ကပြန်မပြောသဖြင့် သူဌေးက လက်မောင်းကို လာပြီးတစ်ချက်ပြင်းပြင်းရိုက်နှက် လိုက် သည်။အစပိုင်းတွင် နောက်သည်ဟုယူဆသော်လည်း ပါးကို ၂ချက်ပြင်းပြင်းထပ်ရိုက်သောအခါမှ အလုပ်သမမှာ အလွန်ရှက်ခဲ့ရသည်။မဇာဇာက“သမီးအစတုန်းကတော့နောက်တယ်ထင်တယ်ပေါ့နှော် ပါးကို ၂ချက်ရိုက်လိုက်
တော့မှ သမီးနာတာထက် ရှက်သွားတာပေါ့နှော် ။ဒါပေမယ့် အခြားလူတွေစုပြီး အလုပ်ရုံ ရုံးခန်းကို သွားပြောကြ တော့ သဌေးသားကနောက်အဲလိုမဖြစ်စေ၇ဘူး။လက်အုပ်ချီပြီတောင်းပန်လိုက်လို့ကျေနပ်လိုက် ရပါ တယ်' 'ဟုပြောသည်။သူမဤအလုပ်ရုံတွင် ၂နှစ်ကျော်ကြာလုပ်ကိုင်နေသူဖြစ်ပြီးအသက် ၂၅နှစ်အရွယ် အပျိုမ တစ်ဦး ဖြစ်သည်။မဇာဇာ ပါးအရိုက်ခံရသည်ကို မကျေနပ်သဖြင့် အလုပ်သမားများစုဝေးသွားရောက်အရေးဆိုနိုင် အောင်စီစဉ်ခဲ့သူ ကိုလင်းလင်းက “ ကျနော်တို့  မြန်မာအလုပ်သမတစ်ယောက်ကိုဒီလိုမျိုးပါးကိုရိုက်တာကို ကျနော်တို့ မကျေနပ်ဘူးလေ။ဒါကြောင့် ကျနော်တို့ လူစုပြီးရုံးခန်းကိုသွားကြတယ်။ထိုင်းစကားကျွမ်းကျင်သူနဲ့ ဇာဇာက ရုံးခန်းထဲကိုဝင်သွားတယ်။ကျနော်တို့ အလုပ်သမားတွေ ရာချီပြီး ပြင်ကထိုင်စောင့်နေကြတယ်လေ၊ သူဌေးသားကကျေနပ်လောက်အောင်တောင်းပန်ပါတယ်''ဟုပြောသည်။မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေစဉ်ထိုင်းဘာသာစကားကိုမဖြစ်မနေတတ်မြောက်အောင်လေ့လာသင်ယူရ
မည်ဖြစ်ကြောင်း၊ဘာသာစကားမတတ်သဖြင့်မလိုလားအပ်သောပြဿနာများပေါ်ပေါက်နိုင်ကြောင်း။ပြည်ပတွင်
လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာအချင်းချင်း ဖြစ်ပေါ်လာသောအခက်အခဲများကို စုပေါင်း ဖြေရှင်း ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်ကြောင်း ဆက်လက်ပြောပြသည်။အဆိုပါ ပိုက်ချည်နှင့်ပိုက်လုပ်ငန်းစက်ရုံတွင် မြန်မာအလုပ်သမားပေါင်း သုံးရာကျော်ခန့် ရှိပြီးနံနက် ၈နာရီမှ ညနေ၅နာရီထိ တစ်နေ့ လုပ်အားခ ၁၄၀ ဘတ်ဖြစ်သည်။အခန်းနှင့်ထမင်းကိုအလုပ်ရုံမှပေးပြီးထမင်းလခအတွက် ၁၅ ရက်တစ်ဝက်ကို အလုပ်သမား တစ်ဦးလျှင်ဘတ်၁၇၀ ဘတ်ပေးရကြောင်းသိရှိရသည်။ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ
၅၀ ခန့် အကွာတွင်ရှိသော မဟာချိုင်နယ်မြေသည် ရေလုပ်ငန်းနှင့်ပင်လယ်အ စားအစာများ ထုတ်လုပ် ရာဒေ သဖြစ်သည်။ မဟာချိုင်နယ်မြေအတွင်း မြန်မာအလုပ်သမား တစ်သိန်းမှ နှစ်သိန်းကျော်အထိရှိ ကြောင်းအင်ဂျီအို များနှင့်အလုပ်သမားအရေးဆောင်ရွက်သူများကခန့် မှန်းထားကြသည်။
သတင်း.... ကိုကျော်သောင်း(ဘန်ကောက်)
ယမန်နေ့ က ဘန်ကောက်မြို့ အနီးစမုစာခွန်ခရိုင်၊မဟာချိုင်နယ်မြေ ကီလိုစီစောင် ရှိ လုံချွတ်(ခေါ်) ရေလုပ်ငန်း သုံး ပိုက်နှင့်ကြိုးများထုတ်လုပ်သည့်စက်ရုံတွင် မြန်မာအလုပ်သမ မဇာဇာ အား လုပ်ငန်းရှင်သားက ပါးကို

No comments:
Post a Comment