ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 7, 2009

သြဂုတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ

> *** ကာဂျစ်စတန်နိုင်ငံတွင် ရုရှား၏ ဒုတိယစစ်အခြေစိုက် စခန်းထားရှိရေး လက်မှတ်ရေးထိုး…
(ရောလ်ပွန်အက်တာ- ကာဂျစ်စတန်၊ သြဂုတ်လ ၄-ရက်)
ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော ကာဂျစ်စတန်နိုင်ငံတွင် ဒုတိယမြောက် ရုရှားစစ်အခြေစိုက်စခန်း ထူထောင်ရန် စာချုပ်မူကြမ်း ပူးတွဲချုပ်ဆိုခဲ့ကြကြောင်း၊ ကာဂျစ်စတန်နိုင်ငံတွင် အမေရိကန်လေတပ်အခြေစိုက်စခန်းလည်း တည်ရှိကြောင်း သတင်းမှာ ဖော်ပြထားသည်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာပါသဘောတူညီမှုအရ ရုရှားနိုင်ငံသည်

၎င်း-နှစ်တာကာလအတွင်း အာရှတိုက်အလယ်ပိုင်းရှိ ကာဂျစ်စတန်နိုင်ငံတွင် ချထားသော ရုရှားတပ်ဖွဲ့များကို သိသာစွာ အင်အားတိုးမြှင့်သွားနိုင်ခွင့် ရရှိမည်ဖြစ်သည်။ ရုရှားတပ်ဖွဲ့များသည် ကာဂျစ်စတန်နိုင်ငံ၏ အချုပ်အရှာကိုကာကွယ်ပေးသွားပြီး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကိုလည်း ပြန်လည်တွန်းလှန်တိုက်ခိုက်သွားမည်ဟု သဘောတူညီချက်တွင် ဖော်ပြထားသည်။ (အင်တာနက်)

*** အင်ဒိုနီးရှားတွင် လေယာဉ်ပျောက်ဆုံးလျက်ရှိ…
(ဂျကာတာ၊ သြဂုတ်လ ၄-ရက်)
အင်ဒိုနီးရှားနိုင်ငံရှိ အရှေ့ပိုင်းတောများ ဖုံးလွှမ်းနေသော တောင်တန်းဒေသတွင် ခရီးသည် ၁၆-ဦးလိုက်ပါလာသည့် အောင်တာလေယာဉ်တစ်စင်း ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြား၏။ စက်နှစ်လုံးတပ် အော်တာလေယာဉ်သည် ပါပူဝါဒေသ၌ ပျံသန်းနေစဉ် သြဂုတ်လ ၂-ရက်နေ့တွင် မြေပြင်စခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း ပြည်တွင်းလေကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ လေယာဉ်ပျောက်ဆုံးရာနေရာတွင် တောများဖုံးလွှမ်းနေပြီး တောင်တန်းများကာ ဆီးလျက်ရှိသည်။ ထိုလေယာဉ်ကို ရှာဖွေရန် စစ်ဘက်တပ်ဖွဲ့ကို အသိပေးနိုးဆော်ထားသကဲ့သို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ကိုလည်း စေလွှတ်ထားသည်။ (အင်တာနက်)

*** ဂါဇာနှင့် ထိစပ်နေသော နယ်စပ်ဂိတ်ကို အီဂျစ်နိုင်ငံ သုံးရက်ဖွင့်ပေး…
(ကိုင်ရို၊ သြဂုတ်လ ၄-ရက်)
အီဂျစ်နိုင်ငံသည် ဂါဇာဒေသနှင့် ထိစပ်နေသော ဂါဇာနယ်စပ်ဂိတ်ကို ပါလက်စတိုင်းများအသုံးပြုနိုင်ရန်အတွက် သြဂုတ်လ ၃-ရက်နေ့မှစပြီး သုံးရက်ကြာ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း မီနာသတင်းဌာနက ပြောကြားသည်။ နိုင်ငံခြားသား ပတ်စ်ပို့ကိုင်ဆောင်ထားသူ၊ အီဂျစ်ပြည်တွင်းဝင်ရန် ခွင့်ပြုချက်ရရှိထားသူ ပါလက်စတိုင်းများနှင့် ကျောင်းသားပြည်ဝင်ခွင့် ဗီဇာရရှိထားသူများသည် ဖွင့်ထားသော နယ်စပ်ဂိတ်မှ အသွားအလာပြုလုပ်ခွင့်ရှိသည်။ ထို့အပြင် ကျန်းမာရေးအရ နယ်စပ်ဖြတ်သန်းရန် လိုအပ်သူနှင့် လူသားချင်းစာနာထောက်ထားသော အခြေအနေအရ လိုအပ်ချက်ရှိသူများသည်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။ (အင်တာနက်)

*** တရုတ်ပြည်၊ တိဗက်ဒေသမှာ ပလိပ်ရောဂါဖြစ်ပွားနေ၊ ကျန်းမာရေးအရ ကန့်သတ်နယ်မြေအဖြစ် ကျေညာ
(ပေကျင်း၊ သြဂုတ်လ ၄-ရက်)
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကွမ်ဟိုင်းပြည်နယ် တိဗက်ဒေသရှိ (ဖီတီတန်မြို့)တွင် လူဦးရေ ၁၀၀၀၀-ခန့် နေထိုင်ကြကြောင်း၊ ကြွက်ကဲ့သို့သော ကိုက်ဖြတ်သတ္တ၀ါနှင့် ယင်း၏ သန်းများကြောင့် ကူးစက်ခံရသည့် ရောဂါမျိုးသည် အဆိုပါမြို့တွင် ပေါ်ပေါက်နေကြောင်း၊ သို့ဖြစ်၍ အဆိုပါမြို့ကို အာဏာပိုင်များက အသွားအလာ အ၀င်အထွက် မလုပ်ရ ဟူ၍ ကန့်သတ်နယ်မြေ အဖြစ်ကျေညာထားကြောင်း သြဂုတ်လ ၃-ရက်နေ့က ထုတ်ပြန်လိုက်သည်။ (အင်တာနက်)

*** ကာဂျစ်စတန်နိုင်ငံတွင် ရုရှား၏ ဒုတိယစစ်အခြေစိုက် စခန်းထားရှိရေး လက်မှတ်ရေးထိုး…

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)