ရှေးအခါက ရွာတစ်ရွာတွင် လယ်အလုပ်ဖြင့် အသက်မွေးသော လူတစ်ယောက်၌ သားသုံးယောက် ရှိသည့်အနက် သားကြီးနှင့် သားလတ်မှာ လူလည် လူမွတ်များဖြစ်ကြ၍ သားငယ်မှာ လူရိုးလူအေး ဖြစ်လေသည်။
ဖခင် သေဆုံးသောအခါ ငွေ ၅၀၀၀ိ ကျန်ရစ်ခဲ့သည်ကို အစ်ကိုနှစ်ယောက်က ငွေ ၂၀၀၀ိ စီယူကြပြီး ညီငယ်အား ၁၀၀၀ိ သာပေး၏။ ညီငယ်မှာ အစ်ကိုများအား မိမိအညီအမျှရရှိဖို့ ပြောချင်၏။ မပြောရဲပေ။ တစ်နေ့သော် အကြံတစ်ခုရရှိကာ အစ်ကိုများရှေ့တွင် သား၍ “အဖေကတော့ ပြောသွားတယ်၊ အဖေကတော့ ပြောသွားတယ်”ဟု ထပ်ကာ တလဲလဲ ဆိုနေလေသည်။
ထိုအခါ အစ်ကိုနှစ်ယောက်က ဖခင်သည် အငယ်ဆုံးဖြစ်သော သားငယ်ဖြစ်သည့်အတွက် ပစ္စည်းများ ရှိသည့်နေရာ ပြောသွားဟန်တူသည်ဟု တွေးတောပြီး “မင်းကို အဖေပြောသွားတာ တို့ကိုပြန်ပြောပြ၊ တို့က မင်းကို ငွေ ၅၀၀ိ စီထပ်ပေးမယ်”ဟု ပြောကာ ငွေ ၅၀၀ိ စီပေးကြသည်။ ညီငယ်ငွေ ၁၀၀၀ိ ရရှိလာသောအခါ “ယုံချင်ယုံ အဖေက ပြောသွားတယ်၊ ဓါးမဟာ ပဲ့တဲ့နားက အထက်ဆုံးတဲ့” ဟု ပြော၍ ထွက်သွားသော် အစ်ကိုနှစ်ယောက်သည် “ဆုံးပဟ တို့ငွေ ၅၀၀ိ စီ”ဟု တစ်ပြိုင်တည်း ဆိုမိကြလေတော့သည်။
***လူထု-ဦးလှ**
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment