(ကျော်သက်ထွေးနှင့် ဆန်တာကလော့စ်တို့၏ စာပေလိုက်… လိုက်စားမှုများ)
(ကမ္ဘာကုန်ကျယ်သရွေ့ဝယ်)
`လွမ်းမောသီကရီ
မေ့မရလေပြီ
ဂိမ္မာန်ခါတွင်းမည်
ဆောင်းရွက်ကြွင်းသည့်နှယ်
နွယ်ဦးမွန်မို့
ချစ်ထွတ်တင်သည်
ကမ္ဘာကုန်ကျယ်သရွေ့ဝယ်…..´။
(တက္ကသိုလ် - ဘုန်းနိုင်)
(ယမကာဂုဏ် ထယ်သရွေ့ကွယ်)
`မူးမော သီကရီ
မေ့သွားရလေပြီ
ဆယ့်နှစ်ရာသီ ပတ်လုံးမည်
သောက်ရက် ကြွင်းမရှိတယ်
မှောက်ဖူးအကျွန်မို့
ရစ်လွှတ်တယ်ထင်သည်
ယမကာဂုဏ် ထယ်သရွေ့ကွယ်….´။
(ကျော်သက်ထွေး)
***ယမကာလုလင်နဲ့ ယောယုဝဆိုတာ တလှေတည်းစီး တခရီးထဲသွားတွေပါ ဆရာထွေး၊ သောက်ပါ… မာလကီးယားပြည်ကို အမြန်ရောက်အောင် များများသောက်ကြပါ…။
*** ဆန်တာကလော့စ် ***
အမှတ် (၂)

No comments:
Post a Comment