ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့နယ် မူထိ ၅-တာမွန်နာခ အန်ရွာ အန် နောင်ကျော်လခစ် ဘုန်းတော်ကြီးကျောင်းတွင် အမည်မသိ မြန်မာအလုပ်သမား သုံးယောက်သေဆုံးနေ သည်ကို ကျုံဖေါ်ကယ်ဆယ် ရေးအဖွဲ့ ကတွေ့ ရှိခဲ့ကြောင်း ထိုင်းသတင်းစာတွင် ဖေါ်ပြထားသည်။ ဘုန်းတော်ကြီးကျောင်း သို့အ၀င်လမ်းကီလိုမီတာ ၃၀-အကွာ၌ သြဂုတ်လ ၂၈-ရက်နေ့ ညနေပိုင်းတွင် အဆိုပါဘုန်းတော် ကြီးကျောင်းအနီးတွင် ရွာ သားအချို့က တွေ့ရှိသဖြင့် အသက် ၄၈-နှစ်အရွယ် ရွာလူကြီး နိုင်ဖနိုန်ကဲမနီက သက်ဆိုင်ရာရဲစခန်းအား အကြောင်းကြား ခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေး ကားများဖြင့် ကျုံဖေါ်ဆေး ရုံကြီးသို့
အလောင်းများကိုပို့ဆောင်ပေးခဲ့ကြောင်း သြဂုတ်လ ၃၀ရက်နေ့ထုတ် ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။ အမှုလိုက် ရဲအရာရှိ တူချပ်တီလီလပ်ဖုန်က `ဗမာတွေဖြစ်နိုင်ပါတယ်။ မှတ်ပုံတင်တွေ စာရွက်စာတမ်းတွေလည်း ဘာမှမတွေ့ရဘူး။ ဖိနပ်တောင် အလောင်းမှာမတွေ့ရဘူး။ တင်လာတဲ့ကားက လူသေမှုအပြင် လူကုန်ကူးရေးမှုနဲ့ အရေးယူခံရမှာကို စိုးရိမ်တဲ့အတွက် အလောင်းကို အလျှင်အမြန်လာပစ်လိုက်တာဖြစ်နိုင်တယ်´ဟု သတင်းတွင် ဖေါ်ပြထားသည်။ ဆေးရုံမှ စမ်းသပ်စစ်ဆေးချက်အရ အဆိုပါ မြန်မာအလောင်းသုံးလောင်းမှာ အလောင်းတွေ့ရှိချိန်မတိုင်မီ ၁၀-နာရီခန့်က အသက်ရှူမွန်းကြပ်ပြီး သေဆုံးခဲ့ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ အအေးခန်းကုန်ကားတစ်စီးက လာရောက်ပစ်ချသွားခြင်းဖြစ်နိုင်ကြောင်း ရွာသားများ၏ ပြောဆိုချက်ကိုမူတည်၍ ကျုံဖေါ်အနီးတစ်ဝိုက်တွင် ကားပိုင်ရှင်အချို့အပါအ၀င် မြန်မာများကိုမေးမြန်းစုံစမ်းနေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးအကြပ်အတည်း၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရရာလမ်းကြောင်းမှ နည်းမျိုးစုံဖြင့် ၀င်ရောက်အလုပ်လုပ်ကိုင်နေကြသည်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ ယခုကဲ့သို့ မကြာခဏ အဖြစ်ဆိုးများကြုံရလေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၀၈-ခုနှစ် ဧပြီလ ၁၀-ရက်နေ့ကလည်း ရနောင်းမြို့မှ ဖူးခက်မြို့သို့ မြန်မာအလုပ်သမား၁၀၀ကျော် တင်ဆောင်လာသော အအေးခန်းအလုံပိတ်ကွန်တင်နာကားပေါ်တွင် အသက်ရှုမွန်းကြပ်သဖြင့် မြန်မာအလုပ်သမား ၅၄-ဦးသေဆုံးခဲ့ဖူးသည်။
***ဦးကျော်သောင်း (ဘန်ကောက်)**

No comments:
Post a Comment