*** ဆယ်ကျော်သက်အရွယ် ကိုယ်လက်လှုပ်ရှားမှုသည် ဦးနှောက်ကင်ဆာကို ကာကွယ်နိုင်…
ဆယ်ကျော်သက်အရွယ် ငယ်စဉ်ကာလတွင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ရေရှည်တွင် ဦးနှောက်၌ အဖုအကျိတ်ဖြစ်ပေါ်ကာ အသက်ဆုံးရှုံးရမည့် အန္တရာယ်မှ ကာကွယ်နိုင်ကြောင်း ထပ်မံလေ့လာတွေ့ရှိရသည်။
ငယ်ရွယ်စဉ်ကာလတွင် လေ့ကျင့်ခန်းပြုလုပ်မှုကြောင့် အသက်ကြီးသောအခါ၌ ဦးနှောက်နှင့် အာရုံကြောအဖွဲ့၏ ကြားခံတစ်သျှူးမှ ဖြစ်သော အဖုအကျိတ်ကို ကြီးထွားစေမည့် အလားအလာများနိုင်ကြောင်း ယခင့် ယခင်လေ့လာစမ်းသပ်မှုများက
အရိပ်အမြွက်ဖော်ပြခဲ့သည်။ ကင်ဆာသုတေသနဂျာနယ်၌ ဖော်ပြထားသော လေ့လာတွေ့ရှိချက်အရဆိုလျှင် ဆယ်ကျော်သက်အရွယ်က ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်မှုကြောင့် အသက်အရွယ်ကြီးသောအခါ ဦးနှောက်ကင်ဆာဖြစ်မည့် အန္တရာယ်လျော့ပါးကြောင်း တွေ့ရသည်ဆို၏။
လမ်းလျှောက်ခြင်း၊ အေရိုးဗစ်ကစားခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ အိမ်တွင်းမှုအလုပ်ပြင်းပြင်းထန်ထန်လုပ်ခြင်း စသည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်သူနှင့် မလုပ်သူတို့ကို နှိုင်းယှဉ်ကြည့်လျှင် ပြုလုပ်သူများက မလုပ်သူများထက် ဦးနှောက်ကင်ဆာဖြစ်မည့် အလားအလာမှာ ၃၀-ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း တွေ့ရသည်။ အ၀လွန်မှုနှင့် အရပ်ရှည်မှုတို့သည်လည်း ကင်ဆာရောဂါကဲ့သို့သော အန္တရာယ်နှင့် ဆက်နွယ်နေသည်။ အ၀လွန်သည့် ဆယ်ကျော်သက်များသည် ကင်ဆာရောဂါဖြစ်ရန် အလားအလာ ၄-ဆပိုမိုများပြားသည်ဟု ဆိုသည်။ (အင်တာနက်)
+++(Public Health)++

No comments:
Post a Comment