(၀ိုက်လန်း၊ အမေရိကန်၊ အောက်တိုဘာလ ၂၇-ရက်)
`ရေသူမလေး´ဟု လူသိများသော ၁၀-နှစ်အရွယ်မိန်း ကလေးသည် အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်း၊ အော်ရီဂွန်ပြည်နယ်၊ ၀ိုက်လန်းမြို့မှ ဆေးရုံတစ်ရုံတွင် အဆုတ်အအေးမိရောဂါဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း အင်တာနက်သတင်းမှာ ဖော်ပြထားသည်။ အဆိုပါမိန်းကလေး `ရှီလော့ပက်ပင်´သည် မွေးဖွားလာစဉ် ကတည်းက ခြေထောက်နှစ်ချောင်း ပူးနေသဖြင့် ၄င်းကို ရေသူမလေးဟု ချစ်စနိုးခေါ်ကြခြင်းဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ်က ကျန်းမာရေး အခြေအနေစိုးရိမ်လာရသဖြင့် ဆေးရုံသို့တင်ထားပြီးနောက် အောက်တိုဘာလ ၂၃-ရက်နေ့၊ ညပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်။ သူမမွေးဖွားစဉ်က အူမအောက်ပိုင်း (၀ါ)လိင်အင်္ဂါပါမလာခြင်း၊ ကျောက်ကပ်တစ်ပိုင်းသာ အလုပ်လုပ်ခြင်းနှင့် ခါးအောက်ပိုင်းပူးနေခြင်းတို့ကြောင့်
ဆရာဝန်များက ရက်ပိုင်းမျှသာ အသက်ရှင်မည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ သို့သော် ရှီလော့သည် ပဉ္စမတန်းရောက်သည်အထိ ကျောင်းတက်ခဲ့ပြီး ဆရာဝန်များ၏ အယူအဆမှားယွင်းကြောင်း သက်သေပြနိုင်ခဲ့သည်။ သူမသည် ကျောင်းတွင်လည်း ထူးချွန်သော ကျောင်းသူတစ်ဦး ဖြစ်ကြောင်း ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌအမျိုးသမီးက ပြောကြားသည်။ (အင်တာနက်)
*** အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်ရန် ကျူးဘားနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုလိုအပ် ဟု သမ္မတ အိုဘားမားပြောကြား.**
ကျူးဘားနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန် အောင် ဆောင်ရွက်လိုပါက ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကိုတဆင့်ပြီးတဆင့် ပြုလုပ်သွား ရလိမ့်မည်ဟု ဖော်ပြထားသော အကြောင်းကြားစာကို ကျူးဘားနိုင်ငံသို့ ပေးပို့ရင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက စပိန်နိုင်ငံအား မေတ္တာရပ်ခံထားသည်ဟု ဆိုသည်။ (အင်တာနက်)
*** အိန္ဒိယနိုင်ငံမှ ဂြိုလ်တုဆက်သွယ်ရေး အချက်အလက်များအား အာဆီယံကိုခွဲဝေ ပေးရန် ကမ်းလှမ်း.***
(ဟွာဟင်၊ ထိုင်းနိုင်ငံ၊ အောက်တိုဘာလ ၂၆ ရက်)
အိန္ဒိယနိုင်ငံသည် သဘာဝဘေးအန္တရယ်နှင့် ပတ်သက်၍ ရရှိသောဂြိုလ်တုဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများတွင် အရှေ့တောင်အာရှနိုင်ငံများအား ကူညီပေးရန်နှင့် အိန္ဒိယနိုင်ငံက တည်ဆောက်သော အသေးစားဂြိုလ်တုများကို အာဆီယံဒေသ၌ လွှတ်တင်ပေးရန် အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို အောက်တိုဘာလ ၂၄ ရက်နေ့က ကမ်းလှမ်း လိုက်ကြောင်း သတင်းရရှိသည်။ သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေးအတွက် ဂြိုလ်တုဆက် သွယ်ရေး အချက်အလက်များကို အာဆီယံသို့ခွဲဝေပေးရန် မိမိတို့အသင့် ရှိကြောင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟတ်ဆင်းက ဟွာဟင်မြို့တွင် ကျင်းပသော အာဆီယံထိပ်သီး အစည်းအ ဝေး၌ မိန့်ခွန်း ပြောကြားရာ ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ (ပီတီအိုင်)
***စုစည်းဘာသာပြန်သူ- မောင်မောင်ဆွေ***
*** ၁၀-နှစ်အရွယ် ရေသူမလေး ကွယ်လွန်ရှာပြီ**

No comments:
Post a Comment