စပိန်လက်ရွေးစင်နှင့် ဘာစီလိုနာအသင်းမှ နောက်တန်းခံစစ်မှူး `ပူယိုး´အား အင်္ဂလိပ်ပရီးမီးယားလိဂ် အသင်းကြီးများဖြစ်ကြသော အာဆင်နယ်နှင့် မန်ချက်စတာစီးတီး ကလပ်အသင်းများက ခေါ်ယူရန် အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။ (အင်တာနက်)
*** ချဲလ်ဆီးအသင်းနည်းပြဟောင်း ဂရန့်က ပို့စ်မောက်အသင်းသို့ ပြန်လာမည်တဲ့…
ချဲလ်ဆီးအသင်းနည်းပြဟောင်း အေဗရန်ဂရန့်သည် ပို့စ်မောက် အသင်း၏ နည်းစနစ် ဒါရိုက်တာ အဖြစ်ပြန်လာရန်လက်ခံလိုက်ပြီဖြစ်သည်။ အသက် ၅၄-နှစ်ရှိပြီဖြစ်သော အစ္စရေး လူမျိုးနည်းပြဖြစ်သူ အေဗရန်ဂရန့်သည် ချဲလ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူပြီး ဂျာမနီနိုင်ငံ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် `ဖရန့်ဖတ်´ကလပ်အသင်း၌ ၂၀၀၆-ခုနှစ်မှ ၂၀၀၇-ခုနှစ် ဇူလိုင်လအထိ တာဝန်ယူခဲ့သည်ဖြစ်သည်။ ချဲလ်ဆီးအသင်းကို ၄င်းတာဝန်ယူခဲ့စဉ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ (အင်တာနက်)
*** လိုက်ဝယ်တာ ၀ိတ်တန်းချန်ပီယံ ခါးပတ်လုပွဲမှာ ခမ်းနှင့် ဆာလီတာ ထိုးသတ်ကြမည်…
(လန်ဒန်၊ အောက်တိုဘာလ ၈-ရက်)
ဗြိတိသျှလက်ဝှေ့အကျော်အမော် `အမီတာခမ်း´သည် ၄င်း၏ WBA - လိုက်ဝယ်တာ ၀ိတ်တန်း ချန်ပီယံ ခါးပတ်ကို ကာကွယ်ရန် ရှုံးပွဲမရှိစံချိန်တင်ထားသော ယူကရိန်း လက်ဝှေ့သမား `ဒီမစ်ထရီ ဆာလီတာ´နှင့် နယူးကာဆယ်မြို့၌ ထိုးသတ်ကြမည်ဖြစ်၏။ ပြိုင်ပွဲကျင်းပသူများက အမီတာခမ်းနှင့် ဆာလီတာတို့၏ လက်ဝှေ့ပွဲကို လာမည့် ဒီဇင်ဘာလ ၅-ရက်နေ့၌ စီစဉ်ထားသည်။ (အင်တာနက်)
*** ကစားသမားအသစ်အနည်းဆုံး ၃-ဦးကို လာမည့်အပြောင်းအရွှေ့ရာသီ၌ မန်စီးတီးက ခေါ်ယူမည်…
လာမည့် ၂၀၁၀-ဇန်န၀ါရီလ အပြောင်းအရွှေ့ရာသီတွင် အနည်းဆုံး ကစားသမား ၃-ဦးကို ခေါ်သူမည်ဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ဆုဖလားဆွတ်ခူး နိုင်ရေးအတွက် ရည်ရွယ်ကြောင်း မန်ချက်စတာစီးတီးကလပ်အသင်းနည်းပြ-မာ့ခ်ျဟုက ပြောဆိုလိုက်သည်။ (အင်တာနက်)
*** ခံစစ်မှူး-ဆိုးလ်ကမ်းဘဲလ်နှင့် ၀က်စ်ဘရွန်းအသင်း ဆွေးနွေးနေ…
ယခုအခါ အသင်းလက်မဲ့ဖြစ်နေသော အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်းနှင့် အာဆင်နယ်ကလပ်အသင်း နောက်ခံလူဟောင်း ဖြစ်သူ `ဆိုးလ်ကမ်းဘဲလ်´နှင့် ၀က်စ်ဘရွန်းအသင်းတို့သည် ပြောင်းရွှေ့ကစားရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ဆိုးလ်ကမ်းဘဲလ်သည် နော့တ်ကောင်တီအသင်းမှ ပြီးခဲ့သည့် လက ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်၏။ (အင်တာနက်)
…*** နောက်တန်းလူ-ပူယိုးအား အာဆင်နယ်နှင့် မန်စီးတီးအသင်းများက ခေါ်ယူရန် အပြိုင်ကြိုးစား**…

No comments:
Post a Comment