လှတောသားတစ်ယောက်သည် ကားဂိတ်တွင် ရင်းနှီးသော ထမင်းဆိုင်သို့ဝင်ပြီး ထမင်းစားရာ၊ ငါးဟင်းကို အရိုးများသည် ကြက်သားဟင်းကို ရင့်သည်၊ ၀ါးမရ၊ ထမင်းကို အကျန်တွေလား စသည်ဖြင့် အပြစ်တွေချည်း လျှောက်ပြောနေသဖြင့် ဆိုင်ရှင်
သည်းမခံနိုင်တော့ပါ။
`
သူငယ်ချင်း မင်းကို ထမင်းရောင်းရတာ ကြာရင် ငါသည်းခေပျက်ပြီး ရူးလိမ့်မယ်၊ စွဲချက်တွေတင် အပြစ်တွေဖို့လိုက်တာကွာ၊
ငါ့မှာ အလိုလိုနေရင်း ဒေ၀ဒတ် ဖြစ်နေပါကလားကွယ်…´
*** သိကြားမင်းကို အကြောင်းကြားပါ***
ထိုအချိန်က အခိုက်အတန့် ဆန်ရှားပါးနေချိန်လည်းဖြစ်၏။ မိုးကလည်းမရွာနှင့် လှတောသားများမှ မိုးနှင့်မူးကို မျှော်ရင်း တစ်ယောက်ကစပြီး ရယ်စရာပြော၏။
`မိုးရွာမလား မရွာဘူးလာဆိုတာ သိရအောင် ခင်ဗျားတို့ ရွာသူကြီးတွေက သိကြားမင်းဆီ ဖုန်းဆက်ပြီးမေးဖို့ကောင်းတယ်…´
`အလိုလေးလေး… သိကြားမင်း ဒီအချိန်မှာ အကြီးအကျယ် ဒေါသဖြစ်နေတာ ဖုန်းဆက်လို့ ဘယ်ဖြစ်မလဲ…´
`ဘာဖြစ်လို့လဲဗျ´
`အလိုလေး… ရှိတဲ့ ဆန်ကလေး ချွေချွေတာတာ ခြိုးခြိုးခြံခြံ သိမ်းဆည်းမထားကောင်းလားဆိုပြီး သုဇိတာကို လှိမ့်ပြီးရိုက်နေလေရဲ့ကွယ်…´ ခြောက်သွေ့နေသော စကားဝိုင်းမှာ ရယ်မောသံများနှင့် စိုပြေသွားလေ၏။
*** ဦးလှအောင် ***
***(သည်းခြေပျက်သုဉ်း ရူးရပါလိမ့်)***

No comments:
Post a Comment