*** ဟင်းသီးဟင်းရွက် ပုံမှန်စားသုံးလျှင် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေနိုင်…
ဟင်းသီးဟင်းရွက်များသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ များ ပါရှိသည့်အတွက် လူတိုင်းနေ့စဉ် စားသုံးသင့်သည်။ ဟင်းသီးဟင်းရွက် အမျိုးအစားကွဲပြားသည်နှင့်အမျှ အာဟာရဓာတ်ပါဝင်မှု ကွဲပြားတတ်သည်။ သို့သော် ဟင်းသီးဟင်းရွက် အမျိုးအစား အားလုံးတွင် ပိရိုတိန်းနှင့် အဆီနည်းပါးသည်။ ဗီတာမင်များ သတ္တုဓာတ်များ အာဟာရတွင် ပါဝင်သော
အမျှင်များ ကာဘိုဟိုက်ဒရိတ်များ ဟင်းသီးဟင်းရွက်တို့တွင် ပါဝင်သည့်အတွက် ပုံမှန်စားသုံးသင့်ပါသည်။ အကောင်းဆုံးသော ခန္ဓာကိုယ်အကျိုးပြု ဟင်းသီးဟင်းရွက်များတွင် ကြက်သွန်မြိတ်၊ ကွမ်းသီး၊ ဂေါ်ဖီထုပ်၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းသီး၊ ဟင်းနုနယ်နှင့် ကန်စွန်းဥတို့ ပါဝင်သည်။ ဤဟင်းသီးဟင်းရွက်တိုင်းသည် လူ့ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းစေနိုင်သည့် အစားအစာများဖြစ်ကြသည်။ (အင်တာနက်)
+++(Public Health)++

No comments:
Post a Comment