မိုးရာသီတွင် မိုးများသော ရန်ကုန်ဒေသသို့ ရောက်ခဲ့သော လှတောသား တစ်ယောက်သည် ရွာသို့ပြန်အရောက်တွင် ဤလို ပြော၏။
`အလိုလေး… ရန်ကုန် ခြင်ကိုက်ချက်ကတော့ ရှားစောင်းလက်ပတ်ချုံထဲ ကျွမ်းပစ်လဲတဲ့လူ ဆူးခြစ်ရာတွေ ဖုံးနေသလို တစ်ကိုယ်လုံး ခြင်ဖုနဲ့ ကုတ်ရာချည်းပါပဲဗျာ…´
*** အညံ့ဆုံးကက်ဆက်***…
အလှူတွင် အသံချဲ့စက်နှင့် ပါလာသော ကက်ဆက်ပျက်သွားသည်။ နားညည်းသည့်အရသာ အပျက်မခံလိုသော ကာလသား များသည် ရွာထဲမှ ကက်ဆက်တစ်လုံးကို ယာယီပြေးဆွဲရန် စီစဉ်ကြရာ မည်သူ့ကက်ဆက် ကောင်းကြောင်း၊ မည်သူ့ ကက်ဆက်ညံ့ကြောင်းသို့ ရောက်သွားရာ…
`အလိုလေးကွယ်၊ အဲဒီလူ ကက်ဆက် ညံ့ချက်များတော့ ညအချိန်များ ဖွင့်ထားရင် ဒန်အိုးဖုံးကို ခွေးသူခိုးလှန်ချတဲ့ အသံအတိုင်းပါပဲကွာ၊ သူ့ကက်ဆက်တော့ မယူကြပါနဲ့…´ဟု တစ်ယောက်က ကန့်ကွက်လေသည်။
*** ဦးလှအောင်***
***ရက်စက်တဲ့ ရန်ကုန်ခြင်**

No comments:
Post a Comment