ထိုင်းနိုင်ငံဘန်ကောက်မြို့ ဘန်ဘော်နယ်မြေ ဒီကေရပ်ကွက်မှ မြန်မာစက်ချုပ် အလုပ်သမား ကိုဗညားဆိုသူအား လုပ်ငန်းရှင်က အလုပ်သမားအခွင့်အရေးဆိုင်ရာစာအုပ်ဖြန့် ချိမှုကြောင့် အလုပ်ထုတ်လိုက်သည်။
အသက်နှစ်ဆယ်ကျော်အရွယ် ရန်ကုန်မြို့ မှ အထည်ချုပ်အလုပ်သမားကိုဗညားက“ဘန်ဘော်ငါးသေတ္တာရုံနားမှာဖွင့်ထားတဲ့ အင်ဂျီအိုဆေးခန်းမှာဖြန့် ဝေတဲ့ စာအုပ်တွေ စာစောင်တွေ၊ကွန်ဒုံးတွေကို ကျနော်မြန်မာအလုပ်သမားတွေကိုဝေပေးပါတယ်။ ကျနော်အလုပ်လုပ်တဲ့အထည်ချုပ်စက်ရုံမှာဝေတော့ သူဌေးမက ကျနော့်ကို အလုပ်ထုတ်လိုက်ပါတယ်။အဲဒီစာအုပ်တွေက ထိုင်းဘာသာ၊မြန်မာဘာသာတွေနဲ့  ရေးထားပါတယ်။အလုပ်သမားအခွင့်အရေးတွေ၊ရပိုင်ခွင့်တွေ၊အလုပ်ရှင်လိုက်နာရမယ့်
စည်းကမ်းတွေပါတယ်။ရှင်းရှင်းပြောရရင် မြန်မာအလုပ်သမားတွေပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ရတာတို့ အသိပညာဗဟုသုတ
တွေတိုးပြီး အလုပ်သမားအခွင့်အရေးတွေကိုတောင်းဆိုလာမှာကို ထိုင်းလုပ်ငန်းရှင်တွေကမလိုလားဘူးလေ၊ကျနော် ဒီလိုပဲယူ
ဆပါတယ်”ကိုဗညားသည် ထိုကဲ့သို့ စာစောင်များလိုက်လံဝေငှနေသောအလုပ်ကို မိမိဝါသနာအလျှောက် လုပ်နေသည်မှာသုံး
လခန့် ရှိပြီးဖြစ်သည်။ ယခုသူသည် အလုပ်အကိုင်အသစ်ရရှိရေးအတွက် ရှာဖွေနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းအလုပ်သမားအရေး၊လူ့အခွင့်အရေး၊ကျမ္မာရေး၊ပညာရေး၊ကလေးသူငယ်၊အမျိုးသား၊အမျိုးသမီး အစရှိ
သဖြင့် ခေါင်းစဉ်အမျိုးမျိုးအောက်တွင် အစိုးရမဟုတ်သော အင်ဂျီအိုအဖွဲ့ အစည်းပေါင်းမြောက်များစွာရှိသည်။ထိုအဖွဲ့ အစည်းအသီးသီးတို့ကထိုင်းနိုင်ငံအတွင်းလာရောက်အလုပ်လုပ်ကိုင်နေကြသောရွေ့ပြောင်းအလုပ်သမားများအတွက်စာအုပ်
်စာစောင်များအခမဲ့ဝေပေးလေ့ရှိသည်။ထိုင်းနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်နေကြသောနိုင်ငံခြားအလုပ်သမားများသန်းချီ
ရှိနေသော ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံခြင်း၊သတ်ဖြတ်ခံရခြင်း၊လူကုန်ကူးခံရခြင်းများနေ့စဉ် ဖြစ်ပေါ်နေလျှက်ရှိသည်။ အလုပ်သမားအဖွဲနှင့်အင်ဂျီအိုများရှိသော်လည်းမဖြေရှင်းနိုင်လောက်အောင်အဖြစ်အပျက်များကစုံနေသည်။အဆိုပါစာအုပ်
်စာစောင်နှင့်လက်ကမ်းစာစောင်များဖြန့် ချိနိုင်မှုများကြောင့် မြန်မာအလုပ်သမားအချို့ ဆက်သွယ်ကူညီမှုများရရှိသည်လည်း
ရှိသည်။သို့ ရာတွင် သန်းချီရှိသော မြန်မာရွေ့ပြောင်းအလုပ်သမားများဖြစ်အင်မှာနေ့စဉ်အခြေအနေဆိုးများဖြင့် ကြုံနေရဆဲ
ရှိသည်။
***Ko Kyaw Thaung (BKK)**
(အောက်တိုဘာ ၂၇)

No comments:
Post a Comment