(နယူးဒေလီ၊ နိုဝင်ဘာလ ၂၅-ရက်)
ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံတစ်ရုံကို အိန္ဒိယနိုင်ငံတောင်ပိုင်း ဘင်္ဂလိုမြို့၌ တည်ဆောက် ရန် စီစဉ်လျက်ရှိကြောင်းကို ယင်းနိုင်ငံ၏ ပထမဆုံးသော လျှပ်စစ်ကားကို တီထွင်ထုတ်လုပ်ခဲ့သူ (ချီတန်မာရီနီ) က နိုဝင်ဘာလ ၂၅-ရက်နေ့က ပြောကြားလိုက်သည်။ ဘင်္ဂလိုမြို့အခြေစိုက် `ရီဗာ´လျှပ်စစ်ကား ကုမ္ပဏီ၏ ဒုတိယဥက္ကဌနှင့် နည်းပညာအရာရှိချုပ်-မာရီနီသည် ဘက်ထရီစွမ်းအားသုံး လျှပ်စစ်ကားများကို အမြောက် အမြား ထုတ်လုပ်နိုင်ရန် အစီအစဉ်တစ်ရပ် ချမှတ်ထားပြီဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိသော လျှပ်စစ်ကားများကို နိုင်ငံတကာရှိမြို့များ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် မိမိ၏ ကုမ္ပဏီက ပထမဆုံးအကြိမ် ကြိုးပမ်းမည်ဖြစ်ကြောင်း မာရီနီက ပြောကြားသည်။ ရီဗာလျှပ်စစ်ကားစီးရေ (၁၀၀၀)ခန့် တင်ပို့ရောင်းချလျက်ရှိရာမှ လာမည့်(၃)နှစ်အတွင်း လျှပ်စစ်ကားစီးရေ (၃၀၀၀၀)အထိ တိုးမြှင့်တင်ပို့သွားရန် မျှော်မှန်းထားသည်။ ရီဗာလျှပ်စစ်အား ထုတ်လုပ်ရေးကုမ္ပဏီသည် လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံတသစ်အတွက် ပထမဆင့်အနေဖြင့် ရူပီး(ကုဋေ-၃၀)အား ကျခံသုံးစွဲမည်ဖြစ်၏။ (အင်တာနက်) ***ဘာသာပြန်-သတင်းလုလင်***
*** ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်အားလုံးထက် သင်္ဘော ၁၆-စင်းက ပို၍ လေထုပိုမိုညစ်ညမ်းဟုဆို***
ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်အားလုံးထက် သင်္ဘော ၁၆-စင်းသည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစွာ စွန့်ထုတ်ပေးသည်ဟု လေ့လာသိရှိရသည်။ ကမ္ဘာ့အကြီးဆုံး သင်္ဘော ၁၆-စင်းသည် ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်အားလုံးထက် ဆာလဖာညစ်ညမ်းမှု ပို၍ ဖြစ်ပေါ်စေသည်ဟု ဆုရသိပ္ပံစာရေးဆရာတစ်ဦးဖြစ်သူ ဖရက်ပီယာစ်က ပြောကြားသည်။ သင်္ဘောကြီးများက ထုတ်လွှတ်လိုက်သော အသက်သေစေနိုင်သည့် ဓာတုဗေဒပစ္စည်းများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးရကြောင်း၊ အဘယ်ကြောင့်ဆိုသော် လေထုညစ်ညမ်းစေသော လောင်စာများကို သုံးစွဲခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
*** အမေရိကန်အိမ်ဈေးနှုန်း အနည်းငယ်တက်လာ***
အမေရိကန်နိုင်ငံ မြို့ကြီးများရှိ အိမ်ဈေးနှုန်းသည် စက်တင်ဘာလ၌ အနည်းငယ်တက်လာခဲ့ကြောင်း နိုဝင်ဘာလ ၂၄-ရက်နေ့ကထုတ်ပြန်သော နေအိမ်ဈေးကွက်စာရင်း ဇယားများတွင် လေ့လာတွေ့ရှိရသည်။ စက်တင်ဘာလတွင် အဓိကကျသော် မြို့ ၂၀-၏ အိမ်ဈေးနှုန်း အညွှန်းကိန်းအရ သုညဒသမ ၃-ရာခိုင်နှုန်းအထိ တက်သွားသည်ဟု သိရသည်။ (အင်တာနက်)
*** ဖိလစ်ပိုင်၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အလောင်းများကို တူးဖော်ရှာဖွေဆဲ***
ဖိလစ်ပိုင်နိုင်ငံ မာဂွင်ဒါနာအိုပြည်နယ် အမ်ပါတွမ်မြို့နယ် တောင်ပိုင်းတွင် နိုင်ငံရေးမျိုးနွယ်စုတစ်စု အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်နေရာတွင် လူသေအလောင်းများကို နိုဝင်ဘာလ ၂၄-ရက်နေ့က မြေတူးစက်ဖြင့် တူးဖော်ရှာဖွေနေသည်ကို တွေ့ရသည်။ မာဂွင်ဒါနာအိုပြည်နယ်တွင် လူ ၄၆-ဦးခန့် နိုဝင်ဘာလ ၂၃-ရက်နေ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပြီးနောက် အရေးပေါ် ကြေညာထားရသည့် နေရာဖြစ်သည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား စက်ရုံအား အိန္ဒိယနိုင်ငံတွင် တည်ဆောက်မည်***

No comments:
Post a Comment