လှတောသားတစ်ယောက်သည် မန္တလေးမှ လက်ပတ်နာရီများ ၀ယ်ယူခဲ့ပြီး ဘုရားပွဲတွင် ချရောင်းနေ၏။ ရွှေပွဲ လာသူများ သူ့ထံသို့ ၀ိုင်းအုံလာအောင် သူဘယ်လိုအော်ပါသနည်း၊ နားထောင်ပါ…။
`နာရီတွေ… နာရီတွေ၊ အချိန်မှန်နာရီတွေနော်၊ မနက်ကိုးနာရီမှာ ကြည့်လည်း ဒီအချိန်ပဲ၊ ညကိုးနာရီမှာ ကြည့် လည်း ဒီအချိန်ပဲ၊ အချိန်မှ

နာရီတွေ၊ လူကြီးကိုမရောင်းဘူး၊ ကလေးပဲ ရောင်းတယ်၊ တစ်လုံး သုံးကျပ်…´
*** လွန်ပါစေတော့ကွယ်***
ရေနံကွင်းနားက လယ်ကွက်တွေ ကောက်ရိတ်တော့ လယ်ရှင်က ကောက်ရိတ်သူတွေစားဖို့ ကောက်ညှင်းပေါင်းတွေကို ဇလုံကြီးတစ်လုံးနဲ့ ချပေးတယ်။ ကောက်ရိတ်သမ တစ်ယောက်က ကောက်ညှင်းတစ်ဆုပ် ပါးစပ်ထဲ ၀ါးရင်း…။
`ကောင်းလိုက်တဲ့ ကောက်ညှင်း၊ အပေါ်သွားနဲ့ အောက်သွား မနည်းခွာယူရတယ်ဟဲ့…´ နောက်တစ်ယောက်က…
`တော့်… ကောက်ညှင်းက ဘာဟုတ်သေးလဲ၊ ဟိုဘက် လယ်ကွက်က ကောက်ညှင်းကမှ ပိုစေးတာ မနှစ်တုန်းက ကျမတို့ ရိတ်တာ တံစဉ်နဲ့ စပါးနှံ ထိမိတဲ့ လူတိုင်း ကပ်နေလို့ တံစဉ်နှစ်ဆယ်လောက် ဆုံးပါလေရောလား…´
`ပြောလိုက်ရင် အလွန်အကျွံချည်းပဲ…´
`လွန်ချင်လွန်ပါစေတော်၊ ကောက်ညှင်းပဲ ဒါလောက်တော့ စေးရမှာပေါ့…´
ကောက်ရိတ်သူတွေ သောသောညံ ရယ်လိုက်ရတာ မပြောနဲ့တော့…။
***ဦးလှအောင်***
*** ကလေးကိုပဲ ရောင်းတဲ့နာရီ***

No comments:
Post a Comment