***`ဟတ်- ချိုး ချူအင်လိုင်း´***
စာရေးသူတို့ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်အဆက်ဆက်တို့သည် တရုတ်ကြီးကို (အဖေ)ခေါ်ခဲ့သည်မှာ ယခု
သန်းရွှေလက်ထက်အထိဖြစ်ပါသည်။ ဗိုလ်နေ၀င်း လည်း တရုတ်ကြီး (ပေါက်ဖေါ်ကြီး)ကို အဖေခေါ် ခဲ့လေသည်။ `ရတနာ နတ်မယ်´ကို နှင်ထုတ်လိုက်ပြီး တဏှာရူး ဗိုလ်နေ၀င်းမှာ ပေါက်ဖေါ်ကြီးကို အလွန်ကျေးဇူးတင်ခဲ့လေသည်။ ပေါက်ဖေါ်ကြီးကျေးဇူးကြောင့် ဗိုလ်နေ၀င်း `ရတနာ နတ်မယ်´ (သို့) မယာငယ် လက်ချက်နှင့် အသက်မထွက်ခဲ့ဘဲ သေမင်းနှင့် ဖေါက်သည် ပျက်ခဲ့ရသဖြင့် ပေါက်ဖေါ်ကြီးကို ပက်ပက်စက်စက် ကျေးဖူးတင်ခဲ့ပေရာ မြန်မာပြည်ကို အလည်အပတ်လာရောက်ပါရန် `ချူအင်လိုင်း´ကို ဖိတ်ကြားခဲ့လေ၏။
ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်ရာ အခမ်းအနားဖြင့် ကြိုဆိုပြီး အင်လျားကန်စောင်းရှိ စစ်အစိုးရ၏ `စိမ်းလဲ့ကန်သာ´ ဧည့်ရိပ်သာ၌ ကုန်းပွဲ၊ ရေပွဲဖြင့် ဧည့်ခံခဲ့လေသည်။ စာဖတ်သူများ (ကုန်းပွဲ)ကို သဘောပေါက်မည်၊ ထင်ပါသည်။ တိုင်းရင်းသူ၊ ရ၀မ် လုံမပျိုလေး ငါးဦးမှာ ဘေက်ဆူးတော်တော်ရသွားခဲ့ပါသည်။ ဗိုလ်နေ၀င်း၏ (သောက်)ကျင့်မှာ ဤမျှစက်ဆုတ်ရွံရှာဖွယ်ကောင်းပါ၏။
ရေပွဲဖြင့် `ချူအင်လိုင်း´ကို ညနေတိုင်း သွားရောက်ဧည့်ခံနေသော ဗိုလ်နေ၀င်းမှာ တနေ့တွင် အရှက်တကွဲ ဖြစ်ရပ်နှင့် ကြုံခဲ့ရပါ၏။ မျက်နှာချင်းဆိုင် မဟာစားပွဲဝိုင်းတွင် ထိုင်၍ သောက်စားနေသော ဗိုလ်နေ၀င်း- အရက်မော့လိုက်၊ စားလိုက်နှင့် ပလုပ်ပလောင်း ဖြစ်နေသည့်အချိန် ပင်ကိုယ်ကလည်း နှာနူရိုးတွင် ရောဂါစွဲကပ်နေရာ ရုတ်တရက် နှာခေါင်းဟားပြီး ဟတ်-ချိုး၊ ဟတ်- ချိုး ချီလေတော့ ပါးစပ်အတွင်းက မမျိုရသေးသော ၀ါးဖတ်များ ခုနှစ်ထွေအကနဲ့ အပြင်ထွက် `ချူအင်လိုင်း´မျက်ခွက် အားရပါးရ ပက်မိပါလေသတည်း။
တရုတ်ကြီး ရှက်ရှက်နှင့် ဒေါသထွက်၊ ရုတ်တရက် အခန်းထဲဝင်သွားတော့ရာ ဗိုလ်နေ၀င်းမှာ ထိုင်ရမလို ထရမလိုနှင့် တယောက်တည်း စားပွဲတွင် ထိုင်နေရင်း၊ အိမ်တော်သို့ ရှက်ရှက်နှင့် ပြန်ခဲ့ပါလေ၏။
***မဟာ ဇော် (မကွေး)**
စာရေးသူအနေဖြင့် ပြီးခဲ့သောလက ဗိုလ်နေ၀င်း မြာပွေခဲ့ပုံများကို ရေးခဲ့ပါ၏။ ဤအကြောင်းအရာများကို ရေးသားရာ၌ စာရေးသူက လုပ်ကြံဖန်တီး၍ ရေးသားခြင်းမဟုတ်ပါ။ တကယ့် အမှန်ဖြစ်ရပ်များ၊ အချို့လူများကျယ်ကျယ်ပြန့်ပြန့် မသိခဲ့သော ဖြစ်ရပ်များဖြစ်ပါသည်။ မြန်မာ့ရိုးရာဆိုရိုးစကား၌ `ညောင်မြစ်တူးလျှင် ပုတ်သင်ဥပေါ်သည်´ဟု အစဉ်အလာဆိုစမှတ် ပြုခဲ့ပေရာ စစ်အာဏာရှင် စစ်ခေါင်းဆောင်ဆိုသူများ၏ မကောင်းသော (သောက်)ကျင့်များမှာ အစဖေါ်လိုက်သည်နှင့် ညောင်မြစ်တူး သလို တသီကြီးပေါ်ပေါက်ကြစမြဲ ဖြစ်ပါသည်။
***`ဟတ်- ချိုး ချူအင်လိုင်း´***
စာရေးသူတို့ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်အဆက်ဆက်တို့သည် တရုတ်ကြီးကို (အဖေ)ခေါ်ခဲ့သည်မှာ ယခု
သန်းရွှေလက်ထက်အထိဖြစ်ပါသည်။ ဗိုလ်နေ၀င်း လည်း တရုတ်ကြီး (ပေါက်ဖေါ်ကြီး)ကို အဖေခေါ် ခဲ့လေသည်။ `ရတနာ နတ်မယ်´ကို နှင်ထုတ်လိုက်ပြီး တဏှာရူး ဗိုလ်နေ၀င်းမှာ ပေါက်ဖေါ်ကြီးကို အလွန်ကျေးဇူးတင်ခဲ့လေသည်။ ပေါက်ဖေါ်ကြီးကျေးဇူးကြောင့် ဗိုလ်နေ၀င်း `ရတနာ နတ်မယ်´ (သို့) မယာငယ် လက်ချက်နှင့် အသက်မထွက်ခဲ့ဘဲ သေမင်းနှင့် ဖေါက်သည် ပျက်ခဲ့ရသဖြင့် ပေါက်ဖေါ်ကြီးကို ပက်ပက်စက်စက် ကျေးဖူးတင်ခဲ့ပေရာ မြန်မာပြည်ကို အလည်အပတ်လာရောက်ပါရန် `ချူအင်လိုင်း´ကို ဖိတ်ကြားခဲ့လေ၏။
ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်ရာ အခမ်းအနားဖြင့် ကြိုဆိုပြီး အင်လျားကန်စောင်းရှိ စစ်အစိုးရ၏ `စိမ်းလဲ့ကန်သာ´ ဧည့်ရိပ်သာ၌ ကုန်းပွဲ၊ ရေပွဲဖြင့် ဧည့်ခံခဲ့လေသည်။ စာဖတ်သူများ (ကုန်းပွဲ)ကို သဘောပေါက်မည်၊ ထင်ပါသည်။ တိုင်းရင်းသူ၊ ရ၀မ် လုံမပျိုလေး ငါးဦးမှာ ဘေက်ဆူးတော်တော်ရသွားခဲ့ပါသည်။ ဗိုလ်နေ၀င်း၏ (သောက်)ကျင့်မှာ ဤမျှစက်ဆုတ်ရွံရှာဖွယ်ကောင်းပါ၏။
ရေပွဲဖြင့် `ချူအင်လိုင်း´ကို ညနေတိုင်း သွားရောက်ဧည့်ခံနေသော ဗိုလ်နေ၀င်းမှာ တနေ့တွင် အရှက်တကွဲ ဖြစ်ရပ်နှင့် ကြုံခဲ့ရပါ၏။ မျက်နှာချင်းဆိုင် မဟာစားပွဲဝိုင်းတွင် ထိုင်၍ သောက်စားနေသော ဗိုလ်နေ၀င်း- အရက်မော့လိုက်၊ စားလိုက်နှင့် ပလုပ်ပလောင်း ဖြစ်နေသည့်အချိန် ပင်ကိုယ်ကလည်း နှာနူရိုးတွင် ရောဂါစွဲကပ်နေရာ ရုတ်တရက် နှာခေါင်းဟားပြီး ဟတ်-ချိုး၊ ဟတ်- ချိုး ချီလေတော့ ပါးစပ်အတွင်းက မမျိုရသေးသော ၀ါးဖတ်များ ခုနှစ်ထွေအကနဲ့ အပြင်ထွက် `ချူအင်လိုင်း´မျက်ခွက် အားရပါးရ ပက်မိပါလေသတည်း။
တရုတ်ကြီး ရှက်ရှက်နှင့် ဒေါသထွက်၊ ရုတ်တရက် အခန်းထဲဝင်သွားတော့ရာ ဗိုလ်နေ၀င်းမှာ ထိုင်ရမလို ထရမလိုနှင့် တယောက်တည်း စားပွဲတွင် ထိုင်နေရင်း၊ အိမ်တော်သို့ ရှက်ရှက်နှင့် ပြန်ခဲ့ပါလေ၏။
***မဟာ ဇော် (မကွေး)**


No comments:
Post a Comment