မြို့၏ နိဂုံးရွာတွင် ဘုရားလောင်းသည် သူကြွယ်မျိုးဖြစ်၏။ ထိုရွာသားတို့သည် ကုန်သွယ်ခြင်းဖြင့် အေးချမ်းသာ ယာစွာ အသက်မွေးမှုပြုကြသည်။ ခိုးသားဓားပြရန် အေးချမ်း၍ အားလုံးက စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြ ပေသည်။ ရွာတွင်းရှိ ကလေးတို့သည် ရွာထိပ်ညောင်ပင်ရိပ်၌ မြူးတူးပျော်ပါး ကစားနေကြသည်။
ကလေးငယ်တို့ ဆော့ကစားနေသည်ကို မြင်သော် အကြံရ၏။ အကြောင်းအားလျော်စွာ သစ်ပင်ထက်ခွကြားတွင် ခေါင်းထုတ်ခွေအိပ်နေသော မြွေကို မြင်သည်။ ငါသည် ဘယ်သူ့မှ ဆေးမကုရ ဒီကလေးတွေကို လှည့်စားပြီး မြွေကိုက်အောင်ပြု၊ မြွေကိုက်မှ ဆေးကုရမည်။ ဒါမှ ဆေးဖိုးဝါးခရမည်ဟု ကောက်ကျစ်ယုတ်မာသောအကြံဖြင့် ကလေးတို့ထံ ချဉ်းကပ်သည်။
`ကလေးတို့… ကလေးတို့´
`ဗျာ… ဘကြီး၊ ဘာအကူအညီလိုလဲခင်ဗျာ´
`ငါကတော့ အကူအညီမရချင်ပါဘူး မောင်တို့ရာ မောင်ရင်တို့များ ဆက်ရက်တစ်ကောင်ရရင် ယူချင်မလားလို့´
`အဟုတ်လား ဘကြီး´
`တကယ်ပေါ့မြေးရ၊ ဟောဟိုမှာ ကြည့်စမ်း´
`ဘယ်မှာလဲ´
`ဟိုသစ်ပင်ခွကြားမှာ ဆက်ရက်တစ်ကောင် အိမ်နေတာ မတွေ့လား။ ယူချင်ရင် တက်နှိုက်´
သစ်ခေါင်းထဲတွင် ခွေအိပ်နေသော မြွေခေါင်းကို ညွှန်ပြလျက် ပြောလိုက်သည်။ အောက်ကကြည့်လျှင် ဆက်ရက်ကလေးနှင့်တူသည်ကို မြင်၍ ကလေးတွေ ပျော်သွားသည်။
`ဟုတ်သားပဲ ငါတက်မယ်´
`ဟေ့ ငါလည်းတက်မကွ၊ ငါရရင် ငါပိုင်တယ်။ မင်းတစ်ယောက်တည်းရချင်လို့ မဟုတ်လား´
`အေး အေး ယူ ယူ၊ တက်ယူ အဲ… သေသေချာချာ တက်နော်… အလောတကြီးလုပ်လို့ သစ်ပင်ပေါ်က ကျဦးမယ်´
ဆေးဆရာသည် စေတနာထားလေဟန် စကားသုံးလျက် ကလေးတွေသစ်ပင်တက်ဖြစ်အောင် တိုက်တွန်းလိုက်သည်။
အလုအယက်ဖြစ်နေသော ကလေးတွေကို ကြည့်ပြီးအကြံ သမားရင်ထဲ ပျော်နေသည်။
`စိတ်ချဘကြီး ကျုပ်က သစ်ပင်တက်ဝိဇ္ဇာဗျ၊ ဒီသစ်ပင်ခွလောက်တော့ ဖြုတ်ကနဲ ရောက်သွားစေ့မယ်´
`ဟုတ်ပြီး… ဟုတ်ပြီ။ သြော်… မောင်ရင်လေး၊ ငှက်ခေါင်းကို သေသေချာချာပိုင်ပိုင်နိုင်နိုင် ကိုင်နော်၊ မလွတ်စေနဲ့´
`စိတ်ချ ဘကြီး´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူငယ်သည် မြွေခေါင်းကို ဆက်ရက်ခေါင်းထင်ပြီး သစ်ပင်ပေါ်တက်သွားသည်။ ဆေးဆရာက ငါတော့ ဆေးကုရချေတော့မည်။ ဆေးဖိုးရတော့မည်ဟု ၀မ်းသာ ကြည်နူးနေသည်။ ကလေးငယ်သည် သစ်ပင်ပေါ်တက်ပြီး ငှက်ကိုနှိုက်၏။ မြွေခေါင်းကိုကိုင်မိမှ လိမ်ညာမှန်းသိ၏။ မြွေကို ဆုပ်မိသော ကလေးသည် ထိတ်လန့်ကြောက်ရွံ့လျက် အောက်သို့ ပစ်ချလိုက်သည်။
ကံဆိုးချင်တော့ ကလေးပစ်ချသော မြွေသည် ဆေးသမားလည်ကို ရစ်ပတ်မိပြီး ဒေါသတကြီးကိုက်ခဲတော့သည်။ ဆေးသမားလည်း မြွေကိုက်သောဒဏ်ရာက အဆိပ်တက်ပြီး သေလေသည်။
အကျိုးအကြောင်းကြားရသော ရွာသားများကို ပြေးလာကြသည်။ ဘုရားလောင်းသူငယ်က ရွာသားများကို ရှင်းပြသည်။
`ဒီဆေးဆရာဟာ ယုတ်မာတဲ့စိတ် ရှိသူပဲ။ သူဟာ မကောင်းစကားကို ဆိုမိန့်တယ်။ ဒါ့ကြောင့် မြွေခဲပြီး သေရတာ´
`ဟုတ်လား သူငယ်… ချက်ခြင်း ၀ဋ်ခံရတာပေါ့´
`အမှန်ပဲ အကြင်သူဟာ မြူမှုန့်ကို လေညှာလွှတ်ရင် ဒီမြူမှုန်က သူကိုပဲ ညှဉ်းဆဲတတ်တယ်။ ဆေးဆရာဟာ သူ့မကောင်းမှု သူခံရတာပဲ´
`အင်း သင်္ခန်းစာ ရစရာပါ´
`ဟုတ်တယ်။ အကြင်သူဟာ အပြစ်မရှိ စင်ကြယ်သူကို ပစ်မှားတယ်။ လေညာကိုပစ်လွှတ်တဲ့ မြူကဲ့သို့ ထိုလူမိုက်အားသာ အပြစ်ကျစေတယ်´
`မှန်ပေတယ်။ သူတော်ကောင်းလေး… ဒါကို သင်္ခန်းစာယူရမယ်။ သြော်… သားတို့လည်း နောင်ဆင်ခြင်ကွဲ့၊ တစ်ပါးသူ ပြောတိုင်းမယုံနဲ့´
`ကျနော်တို့က သူတော်ကောင်းအသွင်ရှိတော့ မယုတ်မာဘူး ထင်တာပေါ့´
`အိမ်… သူယုတ်မာဆိုတာ ချိုတပ်မထားတော့ ဘယ်သူဟာ သူယုတ်လည်း မခွဲတတ်ဘူးပေါ့။ ဆင်ခြင်တိုင်းထွာပြီး ဥာဏ်နဲ့ ယှဉ်ယုံရမယ် ကြားလား´
`ဟုတ်ကဲ့ ခင်ဗျ´
သူတစ်ပါးအား ကောက်ကျစ်စဉ်းလဲစိတ်ရှိသော ဆေးသမားသည် မကောင်းဒဏ်ခံ၍ သေရလေသည်။
***မောင်ဆန္ဒ(လယ်ဝေး)***
(မေတ္တာတရားနှင့် အခြားပုံပြင်များ)

No comments:
Post a Comment