ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 3, 2009

ဘန်ကောက်မြို့ လယ် လုမ္မနီဈေး အတွင်းမြန်မာအလုပ်သမားများဖမ်းဆီးခံရ

> ထိုင်းနိုင်ငံဘန်ကောက်မြို့ လယ် လုမ္မနီ ညဈေးအတွင်း ဈေးအကူနှင့် ကိုယ်ပိုင်ဆိုင်ရောင်း သည့်မြန်မာ အလုပ် သမား အချို တို့ အားနယ်မြေထိုင်းရဲများက ယမန်နေ့ ဈေးစဖွင့်ချိန်မှစ၍တွင် ဖမ်းဆီးနေကြောင်းဈေးရောင်း
သည့်မြန်မာအလုပ်သမားများကပြောသည်။ဆိုင်ခန်းပေါင်း ၃၇၀၀ ကျော်နှင့်ဈေးအကူ မြန်မာအလုပ်သမား များထောင်ချီရှိသောအဆိုပါဈေးတွင်လစဉ်မြန်မာအလုပ်သမားတစ်ဦးစီ ဘတ်၁၀၀၀ စီပေးသွင်းခဲ့ရသည်။

ပြီးခဲ့သည့် အလုပ်သမားလက်မှတ်(ဘတ)်လုပ်ရာသီမှစ၍ ဈေးဆိုင်ပိုင်ရှင်များက အလုပ်သမားများ အတွက် နယ်မြေခံရဲများအား လစဉ်ဆက်ကြေးကို ပေးသွင်းခြင်းမရှိကြတော့ပေ။သို့ ရာတွင် ဘတ်မရှိသူအချို့ နှင့် ကုန်ပစ္စည်းအတုရောင်းချသူများမှာ လူတစ်ဦးကို ဘတ်၂၀၀၀ နှင့် ပစ္စည်းအတုရောင်းချသောဆိုင်ခန်းတစ်ခန်းကို ဘတ် ၇၀၀၀ စီပုံမှန်ပေးသွင်းရေရသည်ဟုဆိုသည်။ယမန် နေ့ လည်ပိုင်းဈေးဖွင့်ချိန်တွင် နံပတ်(၆) ဂိတ်ပေါက်မှ ထိုင်းရဲများကကားဖြင့်စောင့်ပြီး ဈေးအတွင်းသို့ ဝင်သည့်မြန်မာဈေးအရောင်းအလုပ်သမားများအား ကားတစ်စီပြည့်သည်နှင့် ရဲစခန်းသို့ ပို့ ဆောင်ပြီး နောက်ထပ်လာရောက်ကြသည်။ဈေးအတွင်းအခြေအနေကို ဈေးအကူရောင်းနေသူတစ်ဦးက“ ကျနော့်ကိုတော့ မဖမ်းလိုက်ဘူး။အလုပ်သမားကဒ်ရှိပေမယ့်ဈေးရောင်းခွင့်မရှိဘူးဆို
ပြီးဖမ်းတာ။ကျနော်တို့ က ပန်းရံ၊iငါးဖမ်းလှေ၊ပန်းပင်စိုက်၊ကုန်ထမ်း၊ဒါပဲခွင့်ပြုထားတာကို၊ တရားမ၀င်ဘူးပေါ့။ ဒီဈေးရှေ့ မှာတော့ပိတ်ဆံပေးလို့ မလွှတ်ဘူး၊ပြန်တော့လွတ်လာမယ်ထင်တယ်။ ဒီဈေးမှာ အလုပ်သမား တွေ အများစုက မြန်မာတွေဖြစ်တယ်။မြန်မာတွေက အင်္ဂလိပ်လို့ ပြောတတ်တဲ့လူတွေများတယ်၊ပြီးတော့ ဈေးရောင်းတဲ့အလုပ်က မြန်မာတွေအတွက်ပင်ပန်းတာမှမဟုတ်တာ၊ထိုင်းတွေက အင်္ဂလိပ်လိုအားနည်း တယ်၊ ပြီးတော့ မြန်မာအလုပ်သမားတွေလိုအပင်ပန်းမခံကြဘူး လေ၊ဒါကြောင့်မြန်မာအလုပ်သမားတွေ ဈေးထဲမှာပြည့် နေတာပေါ့”ဟုပြောသည်။မြန်မာအလုပ်သမားမည်သူမဆို အလုပ်စ၀င်စကကြမ်းခင်းဈေး ဘတ် ၆၀၀၀ ဖြင့်စတင်လုပ်ကိုင်ရသော်လည်း အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု၊ဈေးခေါ်ဈေးရောင်းကောင်းမွန်မှုအပေါ်မူတည်
၍ဆိုင်ပိုင်ရှင်တို့ က လုပ်အားခ တိုးပေးသည့်အပြင် ရောင်းရသည့်အမြတ်ပေါ်မူတည်၍ ရာခိုင်နုန်းကျ ခွဲဝေပေး သည်ဟုလည်း ဈေးရောင်းအလုပ်သမားများကပြောသည်။၎နှစ်ထက်မနည်း ဈေးရောင်းသက်တမ်းရှိနေပြီး ယခု လစာငွေ ၁၂၀၀၀ ဘတ်ရနေသူ မြန်မာဈေးအကူရောင်းသူနောက်တစ်ဦးက“အရင် ၂၀၀၈ တုန်းက ပုလိပ်ကြေး တစ်ယောက်ကို ဘတ်၂၀၀၀ ပေးရတာ၊ ၂၀၀၉ မှာ မှတစ်ယောက်ကို ဘတ်၁၀၀၀ လျှော့ကောက်လာတာ၊ ဒီနှစ်က ဘတ်တွေအသစ် လုပ်ပြီးကတည်းက သူဌေးတွေက ငွေမပေးတော့ဘူး၊ရဲတွေ ပုံစံပြတယ်နဲ့ တူတယ်။ သိပ်ကျန်လို့ လုပ်နေကြတာမဟုတ်ဘူး၊ ဘာသာစကားတတ်ပြီးတော့ သက်တောင့်သက်သာလေး လုပ်ရတဲ့ အလုပ်ဆိုပြီးလုပ်နေကြတာ၊အပိုရာခိုင်နုန်းဆိုတာ ကောင်းတဲ့သူဌေးကမှ ပေးတာပါ”ဟုပြောသည်။ယမန် နေ့ တညဥ့်လုံးကိုလိုက်လံဖမ်းဆီးသဖြင့် လူသုံးဆယ်ထက်မနည်းကိုရဲစခန်းသို့ခေါ်ဆောင် သွားခဲ့သည်။ယခုအကြိမ် ဖမ်းဆီးခြင်းကို ဒီဇင်ဘာလ၁ ရက်ညဥ့် ဈေးရောင်းနေစဉ်ကတည်း က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဈေး ရောင်း အလုပ်ဝင်ခါစ မြန်မာကျောင်းသူတစ်ဦး က“ကျမ တစ်လပဲရှိသေးတယ်အပြင်ဝင်ငွေလေးရ အောင်ဆိုပြီးတော့ ဈေးဝင်ရောင်းတာပေါ့နှော်၊ ကျမပတ်စပို့ ကိုသိမ်းတယ်၊တောင်းမရဘူး၊နောက်ပုလိပ်တစ်ယောက်ရောက်လာမှ ကျမအတင်းပြန်လုရတာ။ ကျမမျက်စိအောက်မှာ ကိုယ့်မြန်မာနိုင်ငံသားတွေအလုပ်သမားဘတ်ရှိလျှက်နဲ့ အခုလို့ အဖမ်းဆီးခံရတာကိုမြင်၇တော့ ကျမစိတ်မကောင်းဘူး၊ မိန်းကလေးတွေငို နေကြတယ်။ ကျမကို ကောင်မလေး တစ်ယောက်ကပြောတယ်၊ နင့်မှာဘတ်မရှိလို့ရှိရင်ငါနဲ့ ဟို ဒင်း……..ရည်းစားလုပ်မလား။ဒါဆိုရင် မဲဆောက်ကိုမပို့ ဘူးလို့ ပြောတယ်တဲ့။ကျမကိုပြောပြတယ်”ဟုပြောသည်။ဈေးဆိုင်ပိုင်ရှင်ထိုင်းလူမျိုးတို့ မှာလည်း ဘာသာစကားကျွမ်းကျင့်ပြီးဈေးရောင်းသွက်လက်သောမြန်မာအလုပ်သမားမရှိလျှင်မဖြစ်သည့်အနေအထားတွင်
်ရှိနေသည်။ လက်ရှိ ထိုင်းအလုပ်သမားဥပဒေအရနိုင်ငံခြားသားအလုပ်သမားများကို ခွင့်ပြုထားသော ဘတ်တွင် ဈေးရောင်းအလုပ်ပါဝင်ခြင်းမရှိသဖြင့်ထိုင်းရဲများငွေကြေးကောက်ခံခြင်းကို ကျေနပ်မှုမရှိပဲပေးဆောင်နေရသည်ဟုဆိုသည်။ထိုင်းအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားများအပေါ်တင်ကျပ်ထားသည့် အလုပ်သမားဥပဒေ များ ကို၊နိုင်ငံတကာအင်ဂျီအိုများ၊ထိုင်းအလုပ်သမားအဖွဲ့ အစည်းပေါင်းစုံနှုင့် မြန်မာအလုပ်သမားအရေး ဆောင်ရွက် သည့်အဖွဲ့ ငယ်တို့ မှာလည်းမည်သို့ မှပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိကြပေ။ယခုသတင်းတင်ချိန်အထိ အလိုက်ကောင်း သည့်ဈေးသည်သုံးဦးခန့် သာလွတ်မြောက်လာပြီးအခြားမြန်မာအလုပ်သမားများမှာ လုမ္မနီရဲစခန်း အတွင်းဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်းသိရသည်။

သတင်း......ကိုကျော်သောင်း(ဘန်ကောက်)

ထိုင်းနိုင်ငံဘန်ကောက်မြို့ လယ် လုမ္မနီ ညဈေးအတွင်း ဈေးအကူနှင့် ကိုယ်ပိုင်ဆိုင်ရောင်း သည့်မြန်မာ အလုပ် သမား အချို တို့ အားနယ်မြေထိုင်းရဲများက ယမန်နေ့ ဈေးစဖွင့်ချိန်မှစ၍တွင် ဖမ်းဆီးနေကြောင်းဈေးရောင်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)