ရန်ငြိုးမီး ငြိုငြင်စွာတိုက်ခိုက်မှုတွေ ခဲရာခဲဆစ် တပွေ့တပိုက်နဲ့ ၂၀၁၀ ရေ ၊
ခေတ်မီတိုင်းတပါး နိုင်ငံများလို ရောင်စုံမီးပန်းများ ဖောက်ပြီး လှိုက်လှိုက်လှဲလှဲမကြိုဆိုနိုင်ပေမဲ့
အရင်နှစ်တွေလိုပဲ မငြိမ်းချမ်းတဲ့ ခေတ်ပျက်မှာ စိတ်ကောက်ဆဲ တို့တိုင်းပြည်က နှစ်သစ်ကို
မကောင်းတဲ့အတိတ်အမွေတွေခေါင်းမာစွာ ဦးနှောက်မဲ့ စိတ်ဖောက်ပြီး ထိမ်းသိမ်းဆဲ
လမ်းကြောင်းလွဲ မွဲတေစေတာသိလျက်နဲ့အကြမ်းဖက်စစ်ပွဲများမှ တဆင့်
လက်နက်ကြီး လက်နက်ငယ် အမြောက်ကျည်ဆံတွေဖောက်ပြီး မခို့တရို့ ကြိုဆိုလိုက်ပါရဲ့။
**စိတ် မပင်ပမ်းအောင် လူတွေ အကောင်းတော့ မြင်ချင်ပေမဲ့
အတိတ်သင်ခန်းစာအရ လူသေ အခေါင်းတော့ ကြိုပြင်ထားလိုက်ပါရဲ့ ၊
စနစ် လမ်းကြမ်းမှာ ချဲထီထိုးတိုင်း လွဲသလိုမျိုးလဲ လွဲခဲ့ဘူးတယ် ၊
အရက်ကို ရေရော သောက်ပြီး မူးမလဲအောင်တော့ သတိထားတယ် ၊
ပျို့အန်ချင်ဖွယ် မသထီစရာ မွဲတေတေ ပေကပ်ကပ် ရက်စွဲများနဲ့
အဖတ်ဆယ်မရမဲ့ ၂၀၁၀ ကမ္ဘာကျော် မျက်လှည့်ပွဲကို သတ်မှတ်ပြီး
အရူးတွေ ဘုံမပျောက်ခင် အပြိုင်အဆိုင် လာဘ်စားနေပုံက
မဟားဒယား စစ် မယားကြီးကို စစ်လေယာဉ်နဲ့ စစ် စိန်ဆင်ကြပြန်တယ် ။
**ခိုးကြောင်ခိုးဝှက် စားပိုးနင့်အောင် စားနေကြသူများက
လက်နက်မဲ့ ငြိမ်းချမ်းရေးကို ပေါ်ပေါ်တင်တင် တိုက်ခိုက်ဖို့
အဓမ္မစစ် ၀တ်စုံနဲ့ စစ်ရေး လေ့ကျင့်နေပုံက
ဖောက်ပြန်တဲ့ လမ်းကို ပြန်ဖောက်ဖို့နဲ့ ခိုးစားဖို့ ကြိုးစားနေကြတယ် ၊
မွဲပြာကျနေတဲ့ တိုင်းပြည်ရဲ့ အမွေကို မျက်နှာပြောင်တိုက် လက်ရဲဇက်ရဲလွှဲယူချင်ပုံက
အငမ်းမရ ရှုချင်တဲ့ ဘိန်းစားက ဘိန်းထုတ်ကို ထိန်းချုပ်သလို
မိန်းမယုတ်အလိုကျ အရှက်မဲ့ အောင်ဆန်းဦး အမွေတောင်းသလိုပါပဲ ။
**အကုန်အစင် လုံးပါးပါးပြီး ပြောင်းတလင်းခါအောင် တွန်းပို့မဲ့
ဘုရားသခင် ဖန်ဆင်းတာမှ ဟုတ်ပါရဲ့လား ၊ မျက်နှာသာ မပေးတဲ့ လောကဓံတရားရေ ၊
ပြောင်စပ်စပ် မျက်မှောင်ကြုတ် အကယ်ဒမီမျက်နှာပေးနဲ့ နယ်စပ်နယ်ခြားမှာ
ဘ၀ပျက်တွေကို လူကုန်ကူးတာ အားမရလို့
လူကြပ် စီးပွားကြပ်တဲ့ အကြွေးတင်နေဆဲ မြို့ပြမှာ
ဘ၀တွေကို စစ်ကျွန်အဖြစ်ရောင်းစားဖို့ ၂၀၁၀ ကို ရက်ရက်စက်စက်လွှတ်လိုက်တာလား။
**တလွဲ ကံကြမ္မာကို ငွေပေးဝယ်ဆဲ ယမ်းငွေ့ဝေတဲ့ စစ်စနစ်မှာ
တ၀ဲလည်လည် ဒဏ်ရာများ ၊ ငြိမ်းချမ်းရေး ရေအေးနဲ့ဆေးကြောလဲ စိတ်ညစ်တယ် ။
**မသေကောင်း မပျောက်ကောင်း မ၀ရေစာ အမှန်တရားက အလည်လွန်
မသိဆိုးဝါး ၀၀လင်လင် အဆိုးအမှားက နယ်ကျွံ
ဝိုးတိုးဝါးတား လူပြိန်းတွေ ပွဲဆူအောင်လုပ်ပြီး စစ်ကျွန်ခံ
ပွဲလန့်တုန်းဖျာခင်းယုံမက အတ္တ တိုက်ပါ ဆောက်နေကြတယ် ။
**ဆေးလိပ် မသောက်တတ်သူထံမှာ
မီးတတို့လောက်ငြိဖို့ သွားတောင်းသလိုမျိုး
ကမ္ဘာကြီးကို အပူကပ်တာ မှားနေပြီလား၊
ကိုယ်ကိုတိုင် စစ် ဆေးလိပ် ဖြတ်ရဦးမယ် ။
**အသုဘအိမ်မှာ မျက်ရည်စက်လက် ငိုကြွေးနေတဲ့ အိမ်ရှင်ကို မငဲ့ကွက်
မရှက်မကြောက် တ၀တပြဲအ၀စားသလို လာဘ်စား ၊
အပူသည်အိမ်ရှင်ကို ပါ ဖဲလိမ်ရိုက်သလိုမျိုး
စစ်စနစ်က ကမ်းကုန်အောင် ဆိုးတယ်။
**ဒုက္ခအဟောင်းတွေ ပြန်ပေးဆွဲခံထားရမဲ့ နှစ်သစ်၂၀၁၀ မျက်လှည့်ပွဲ
စစ်ဖိနပ်ကို ရင်ဘတ်မှာ တံဆိပ်ကပ်ပြီး
ကျွန်တွေ ဘ၀ကြမ်း ကျွံတာကို
မျက်နှာလွှဲ ခဲပစ် မသိကျိုးကျွန် နိုင်တဲ့
လူဖြစ်ရကျိုးမနပ်ခဲ့ ၂၀၁၀နဲ့ အတူပါလာမဲ့
မယားပါသား စစ်စနစ် ဖွဲ့စည်းပုံဥပဒေကို မုန်းတယ် ။
***အောင်ခိုင်မြင့်***
**ဆူလွယ် နပ်လွယ် ပြိုပျက်ဆီးလွယ်မှုများ အလွယ်တကူသယ်ဆောင်လာပြီး

No comments:
Post a Comment