ဘယ်သူတွေ ဘယ်လိုပင် ငါဘာကောင်ပါ ညာကောင်ပါ အော်နေလင့်ကစား ကျုပ်တို့လိုအကြောင်း အမျိုးမျိုး ကြောင့် ရွှေပြည်မပြန်နှိင်သူတွေ၏ မဖြစ်မနေကြုံရသည့် ဒုက္ခတွေထဲက ဒုက္ခတစ်ခုအား ကိုယ်တွေ့အဖြစ် တွေးမိ တွေးရာရေးမိပါသည်။ တခါတလေမိုးရွာလို့ ချည်တိုင်လွမ်းမိတဲ့အခါ တရေတည်းသောက် တမြေပေါ်မှာ သေးအ တူပေါက်ခဲ့ သူတွေနဲ့ အင်တာနက် စာမျက်နှာပေါ် ဆုံဖြစ်တဲ့ အချိန် လိမ်မယ်မှန်းသိသိနဲ့ မေးဖြစ်တဲ့ စကားတစ်ခွန်း ရှိပါသည်။ `အကို ဘယ်မှာနေလဲ´ တချို့က ကျွန်တော် US မှာပါ တချို့က UK ပေါ့၊ တချို့က လဲ ဒိန်းမတ်ပေါ့။
လှပတဲ့ စကားလုံးတွေနဲ့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်အောင် လုပ်တတ်သူတွေချည်းပါပဲ။ ဂုဏ်ယူပါတယ်ရောင်းရင်းတို့ ဒါပေမယ့် အောင်ဦးဆိုတဲ့ ငမြောက် ငခြောက်ငနဲ တကောင်ကတော့ လူ့အခွင့်အ ရေးအပြည့်ရထားတဲ့ လူရိုင်းတွေရှိနေသေးတဲ့ နှိင်ငံမှာနေပါတယ်။ လူယဉ်ကျေးတွေဟု အမည်တတ်ပြီးလူ့အခွင့်အရေးမရှိသည့် နှိင်ငံနှင့် စာလျှင်တော်သေးဟုထင်မိသည်။ တခါတလေ အချို့အရာတွေက ပိုက်ဆံရှိတိုင်း ဝယ်လိုမရတာတွေ အများကြီးပါ။ တန်ဖိုးရှိတဲ့ အစားကောင်းအသောက်ကောင်းတွေ စားနေရသော်လည်း အာသာ မပြေသူတွေ တစ်ပုံကြီးပါ။ တချို့ကလဲ ထမင်းကြမ်းရေးခဲရေနဲ့ ရေားကြိတ်ပြီး နတ်ပြည်ရောက်နေသူ အများကြီးပါ။ အပြစ်ဟုမဆိုလိုပါ ကျုပ်တို့က လူလို့ နာမည်တတ်ခံထားရသည် မဟုတ်လား။ လူ့အလို ကိုဇော်မျိုးလွင် မလိုက်နှိင်ဆိုသည့် အတိုင်း ကျုပ်အဖြစ် ပြီးခဲ့သည့် နှစ်ကနှဲ့ မတူပါ။ ချင်ပေါင်ဟင်း စားချင်စိတ်ထိန်းမရသူပါ။ ကျွန်တော်ဝဠ်ရှိသော နှိင်ငံတွင်ကိုကြီးကျော်တို့နေသောနှိင်ငံကဲ့သို့ မြန်မာ များများစားစား မရှိပါ။မြန်မာဆိုင်များလဲ မရှိပါ။မြန်မာပြည်ရှိ ရွာမှ မိဘများမှာ EXPORT ဘယ်လိုပို့ ရသည်ကို မသိကြပါ။မလေးရှားရှိ သူငယ်ချင်းများ မှာလည်း ရဲ လိုက်၍ ပြေးနေရသဖြင့် မျော်လင့်ချက်မရှိပါ။ဒီနှိင်ငံရှိ လက်လှမ်းမီရာ ဈေးများ၊ PALAZA များတွင် ကျွန်တော်သုံးနှစ်တိုင်တိုင် ချင်ပေါင်ပင်အား ရှာဖွေခဲ့ပါသည်။ဒီနှိင်ငံ ဘာသာစကားဖြင့် ချင်ပေါင်ရွက် မည်သို့ခေါ်သည်ကို ကျွှန်တော် မသိပါသဖြင့် ခဲးလေသမျှ သဲရေကျခဲ့ရပါသည်။မြန်မာပြည် ဒီမိုကရေစီ ရရန်နှင့်ကျွှန်တော် ချင်ပေါင်ဟင်းစားရရန်မှာ ထပ်တူထပ်မျှခက်ခဲသည်ဟု ကျွန်တော်ထင်မိပါသည်။ သို့သော်ကျွှန်တော်လက်မလျှော့ခဲ့ပါ။ ကျွှန်တော်ရောက်လေရာနေရာတိုင်း၊ မြောင်းကျိုမြောင်းကြား၊ လမ်းကျိုလမ်းကြား၊ သေးပေါက်ခြံများပါ မကျန် အာသီသဖြင့် ဘော်တနီ စာတမ်းပြုမည့် တိုးရစ် သဖွယ် ရှာကျန်ခဲ့ပါသည်။ အဲး…တနေ့တော့…(၂၇.၁၁.၂၀၀၉) ..ကျွှန်တော် အလုပ်မှအပြန် အိမ်တအိမ် ၏ မျက်နှာစာတွင် ဧလာဂမုန်းစိုက်သကဲ့သို ပန်းအိုဖြင့် တယုတရစိုက်ထားသော ချင်ပေါင်ပင်ကြီးတပင်အား အမှတ်မထင်တွေ့လိုက်ပါသည်။ ဒေါ်စု သမ္မတဖြစ်ရင် အဲ့ဒီလို ပျော်မိမယ်ထင်၏။ သန်းရွှေမြေမျိုရင် အဲဒီလိုပျော်မိမယ်ထင်၏။ သို့သော်ထိုအိမ်ရှင်သည်ကိုင်းလေးတစ်ကိုင်းလောက်တောင်းသည်ကိုပင် ပေးချင်ပုံမရပါ။ ထိုချင်ပေါင်ပင်သည် ရှားပါးဆေးဖက်ဝင်သည့် ပန်းပင်တစ်မျိုးဖြစ်ကြောင်း၊ လည်ကောင်းတို့သည် ရွာမှခဲရာခဲဆစ် ရှာဖွေထားရ ကြောင်းစသဖြင့် ချဉ်ပေါင်ပင်၏ ဂုဏ်ပုဒ်အား ကျွန်တော် မြန်မာပြည်သားတစ်ယေက်အနေဖြင့် အသေအချာစသိခွင့်ရခဲ့ပါသည်။ ကျွန်တော်သေသင့်ပြီဟု ထင်မိပါသည်။ နောက်ဆုံးကျွန်တော့် ဖြစ်ကြောင်းအမှန်အား အ ကုန်အစင်ပွင့်ပြောပြမှသာလျှင် ၆-လက္မအရှည်ခန့် ချဉ်ပေါင်ကိုင်းနှစ်ကိုင်းအား ရရှိခဲ့ပါသည်။ ယခုဒီစာရေးချိန်တွင် ထိုချင်ပေါင်ကိုင်းနှစ်ကိုင်းအား ကျွန်တော့် အိမ်ရှေ့ တွင်ပန်း အိုးဖြင့် စိုတ်ပျိုးပြီး၍ ချင်ပေါင်ရွက်များ ဝေစာလာချိန်ကို စောင့်နေချိန်ဖြစ်ပါသည်။ ထို့နောက် ကိုင်းခွဲးမျိုးပွားရန် စိတ်ကူးထားပါသည်။ အကယ်၍သာထိုချဉ်ပေါင်ကိုင်းနှစ်ကိုင်း မရှင်ခဲ့ဘူးဆိုလျှင် ကျွန်တော်ဘာထပ်လုပ်ရမည်နည်း။ တနည်းပဲရှိပါသည်………..
(ရောင်းရင်းအားလုံး ထိုဒုက္ခမျိုးမှဝေးကြပါစေ)
*** ခံစားတင်ပြသူ- အောင်ဦး ***

No comments:
Post a Comment