အီတလီဘောလုံးပြိုင်ပွဲများ၌ ပွဲကြည့်ပရိသတ်အတွင်း ရုန့်ရင်းဆန်ခတ်မှုများ ရှိသောကြောင့် အသေအပျောက်များရှိနေသည်ဆိုသော သတင်းကို ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ် ဖတ်ပြီးနောက် စိတ်ကူးတစ်ခုရလိုက်သည်။ ထို့နောက် ၄င်း၏ ဇနီး ချယ်ရီကိုးလ်အားပြောလိုက်သည်။
`မိန်းမရေ… မင်းအမေကို ခရီးလေးဘာလေးထွက်ခိုင်းလိုက်ရင် မကောင်းဘူးလား´
`ရှင်ကလည်း… နှင်းတွေကျလို့ ချမ်းကချမ်းနဲ့ ။ဒါနဲ့ နေပါဦး ..ဘယ်ကိုသွားခိုင်းဖို့လဲ… ဒီလောက်တောင် စိတ်ဝင်စားစရာကောင်းနေရအောင်´
`ဟို… ဥပမာကွာ။ အီတလီကိုသွားပြီး ဘောလုံးပွဲကြည့်တာမျီုးပေါ့´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ….(အိတ်တင်း) ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment