ဟုတ်ကဲ့ပါခင်ဗျာ…။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ၀မ်စကင်းရွာကြီးက သောင်ရင်းမြစ်ကမ်းနဖူးဒေသမှာ မြန်မာအလုပ်သမား (၃၀)လောက် လုပ်ကိုင်နေပြီး ၄င်းတို့ကို မှီခိုသူ နောက်ထပ် (၇၀)ယောက်အပါအ၀င် စုစု ပေါင်း မြန်မာအလုပ်သမား မိသားစုဝင် (၁၀၀)လောက်လုပ်ကိုင်နေထိုင်နေကြတဲ့ ကျောက်သွေးရုံတစ်ခု ရှိပါ တယ်။ အဲဒီ သောင်ရင်းဖြစ်ကမ်းနဖူးဒေသ `အမှတ် (၁၄)ကုတို့ဆိပ်´အနီးတ၀ိုက်က ကျောက်သွေးရုံငယ်လေး တွေက မြန်မာအလုပ်သမားတွေဟာ ကျောက်အရိုင်းတစ်တုံးကို (၁၀၊ ၂၀၊ ၂၅၊ ၃၀၊ ၄၀)ဘတ် စသဖြင့် ပုတ်ပြတ် စားတွေအနေနဲ့ လုပ်အားခရရှိကြတာရယ်၊
ကျနော်တို့ မြန်မာပြည်သားအဖွဲ့ ၀ိုင်းတော်သားတွေနဲ့ မြန်မာအဖွဲ့အစည်းအသီးသီးတို့လို မြန်မာပြည်ကို အထူးတလည် လှမ်းပြီး လွမ်းစရာမလိုပဲ အမှတ်(၁၄)ကုတို့ဆိပ်ကနေ ကျပ် (၂၀၀)နဲ့ ဂိတ်ကြေး(၁၀၀)ကျပ် (အပြန်မှာ ဂိတ်ကြေးထပ်ပေးစရာမလို)တဲ့ မြ၀တီမြို့ဘက်ဆီ ရဲရဲတင်းတင်း ကူးသွားပြီး အလွမ်းဖြေနိုင်ပါတယ်။ ပြောမယ့်သာပြောရတာပါဗျာ။ သူတို့တတွေက မြန်မာပြည်နဲ့ တဆက်တည်း၊ တစပ်တည်းလို အဆက်အသွယ်ရှိနေကြတော့ မြ၀တီလောက်မပြောနဲ့ ဖားအံ၊ မော်လမြိုင်၊ သထုံ၊ ပဲခူး၊ အထိ လှမ်းပြီးမှန်းနိုင်ကြ၊ သွားလာနိုင်ကြပါရဲ့။ အလုပ်ကြပ် (၀န်န)တစ်ယောက်ကိုမေးကြည့်တော့ `ဒီကျောက်သွေးရုံမှာက ပဲခူးတိုင်းဘက်ကများတယ်။ ပဲခူး၊ ဒိုက်ဦး၊ ဝေါ၊ ညောင်လေးပင်အစုပဲ။ မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းဘက်က လည်း နည်းနည်းရှိပါတယ်။ ကျောက်သွေးရုံမှာ ပုံမှန် အလုပ်ဆင်းတယ်။ ပုတ်ပြတ်စားတွေဖြစ်ပါတယ်။ တနင်္ဂနွေအပတ်စဉ် ပိတ်ပေးပြီး ထိုင်းနိုင်ငံရဲ့ နေ့ကြီးရက်ကြီး ရုံးပိတ်ရက်တွေမှာလည်း ပိတ်ပေးပါတယ်။ သာရေး၊ နာရေး၊ လူမှုရေးကိစ္စတွေကို မြန်မာပြည်ကအတိုင်း လွတ်လပ်စွာလုပ်ခွင့် ရှိပါတယ်´လို့ ပြောပြပါတယ်။ အခုအခါမှာတော့ မဲဆောက်မြို့ပိုင်အမိန့်နဲ့ မြန်မာပြည်ဘက်ကို ဂက်စ်တွေ မှောင်ခိုတင်သွင်းမှုရှိနေတာကြောင့် အမှတ် (၁၄)ကုတို့ဆိပ်ကို ၁-လတိတိပိတ်ထားတာနဲ့ ကျနော်တို့ မြန်မာပြည်သားအဖွဲ့ ကွင်းဆင်းလေ့လာတာနဲ့ သွားပြီးကြုံကြိုက်တိုက်ဆိုင်တော့တာပဲဗျို့။ ဒါနဲ့ပဲ အမှတ် (၁၄)ကုတို့ဆိပ်ပတ်ဝန်းကျင်က ကျပန်းအလုပ်သမား မြန်မာပြည်သားတွေရဲ့ ဘ၀တစေ့တစောင်းကိုလည်း မှတ်တမ်းတင်ခဲ့ပါသေးတယ်။ ကဲ… ပြောနေကြာပါတယ်။ ဓာတ်ပုံလေးတွေကို တစ်ချက်ရှုစားလိုက်ကြပါအုံး….။
*** သတင်းမြန်မာပြည်သား***

No comments:
Post a Comment