ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 15, 2010

15 Jan, 2010// ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

> *** အနာဂတ်ကာလ ရုရှားအာကာသယာဉ်အတွက် ညူကလီးယားစွမ်းအင်သုံး အင်ဂျင်စက် ထုတ်လုပ်မည် ***
(မော်စကို၊ ဇန်န၀ါရီလ ၁၃-ရက်)
ညူကလီးယားစွမ်းအင်သုံး အင်ဂျင်စက်ဖြင့် မောင်းနှင်မည့် အာကာသယာဉ်တစ်စင်းကို သုတေသနပြုတီထွင် ထုတ်လုပ်သွားနိုင်ရန် ရုရှားအစိုးရက အမေရိကန် ဒေါ်လာ ၁၇-သန်း ရပုံငွေ ခွဲဝေချထားပေးလိုက်ပြီဖြစ်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ ရော့စ်အက်တမ် အမည်ရှိ နိုင်ငံတော် ညူကလီးယားကော်ပိုရေးရှင်းနှင့် ရော့စ်ကော်စမို အမည်ရှိ ဖက်ဒရယ် အာကာသအေဂျင်စီတို့သည် အာကာသယာဉ်သုံး ညူကလီးယားအင်ဂျင်စက်ကို ပူးတွဲသုတေသနပြု ထုတ်လုပ်မည်ဖြစ်ကြောင်း ညူကလီးယားစွမ်းအင်သုံး အာကာသယာဉ် စီမံကိန်းအတွက် ရူဘယ်ငွေ သန်း ၅၀၀-(အမေရိကန်ဒေါ်လာ ၁၇-သန်း)ရန်ပုံငွေ သုံးစွဲရန် အစိုးရအဖွဲ့

ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း အာရ်အိုင်အေ နိုဗိုစတီသတင်းဌာနက သတင်းထုတ်ပြန်သည်။ ရုရှားနိုင်ငံသည် အနာဂတ်ကာလတွင် လမျက်နှာပြင်၌ အမြဲတမ်း အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်နိုင်ရန် လည်းကောင်း၊ လူလိုက်ပါသည့် အာကာသယာဉ်ကို အင်္ဂါဂြိုဟ်သို့ စေလွှတ်ရန်လည်းကောင်း ရည်မှန်းထားသည်။ (အင်တာနက်)

*** လေယာဉ်စီးခရီးသည်များ မက္ကဆီကိုသို့ လာရောက်မှုလျော့ကျ***
(မက္ကဆီကိုစီးတီး၊ ဇန်န၀ါရီလ ၁၃-ရက်)
၂၀၀၉-ခုနှစ်တွင် မက္ကဆီကိုလေဆိပ်များသို့ ရောက်ရှိသည့် လေယာဉ်စီးခရီးသည်ဦးရေမှာ လွန်ခဲ့သည့်နှင့်အလားတူ ကာလကထက် ၁၈ ဒသမ ၁-ရာခိုင်နှုန်း ကျဆင်းသွားကြောင်း မက္ကဆီကိုထိပ်တန်းလေဆိပ်က ဇန်န၀ါရီလ ၁၁-ရက်တွင် ကြေညာသည်။ လွန်ခဲ့သည့်နှစ်တွင် မိမိတို့ လေဆိပ်များသို့ ခရီးသည် ၁၁ ဒသမ ၅-သန်းရောက်ရှိလာကြကြောင်း မက္ကဆီကိုမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လေဆိပ် ၁၃-ခု၌ လုပ်ငန်းလည်ပတ်နေသော ဂရုပိုအဲရိုပေါကျူရီယို ဒယ်လ်စင်ထရိုနော်တီ ကုမ္ပဏီက ပြောကြားသည်။ အဆိုပါ လေဆိပ်များသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ တစ်လတည်းတွင် ခရီးသည် ၉၅၉၀၀၀ ခန့်ရောက်ရှိခဲ့ကြောင်း၊ ၂၀၀၈-ခုနှစ် ဒီဇင်ဘာလ ခရီးသည် ၁ ဒသမ ၁-သန်း ရောက်ရှိခဲ့ရာမှ ယခုကဲ့သို့ လျော့နည်းကျဆင်းသွားခြင်ဖြစ်ကြောင်းဖြင့်လည်း ဆက်လက်ပြောကြားသည်။ (အင်တာနက်)

*** တောင်ကိုရီးယား ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောက်ရွက်လျက်ရှိ ***
(ဆိုးလ်၊ ဇန်န၀ါရီလ ၁၃-ရက်)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်သို့ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်နှင့် ခရီးသွားဧည့်သည် ၁၀-သန်း လာရောက်လည်ပတ်မည်ဟု မျှော်မှန်းထားကြောင်း ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဇန်န၀ါရီလ ၁၁-ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယမန်နှစ်အတွင်းက ဆိုးလ်မြို့သို့ ခရီးသည် ၃၇၀၀၀ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွင်း ပြည်ပခရီးသည် ၅၂၀၀၀ တိုးမြှင့်ရောက်ရှိနိုင်ရေးအတွက် ဆိုးလ်မြို့တွင် ကမ္ဘာလုံးဆိုင်ရာ ညီလာခံ ၁၂၀ မှ ၁၅၀ အထိ တိုးမြှင့်လက်ခံကျင်းပနိုင်ရန် ဆန္ဒရှိကြောင်း သိရသည်။ လူဦးရေ ၁၀-သန်းကျော်နေထိုင်လျက်ရှိသည့် မြို့တော်ဆိုးလ်သည် တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေအများဆုံးမြို့ဖြစ်သည်။ ခရီးသွားလုပ်ငန်းတိုးမြှင့်ခြင်းဖြင့် အလုပ်အကိုင် ၃၀၀၀၀-ခန့် ဖန်တီးပေးနိုင်ပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၆-ဘီလီယံ ရရှိနိုင်မည်ဖြစ်သည်။ (ဆင်ဟွာ)

*** ဝေလငါး ဖမ်းဆီးနေမှု အဆုံးသတ်ရေး နယူးဇီလန် ကြိုးပမ်း ***
တောင်ပိုင်းသမုဒ္ဒရာတွင် ဂျပန်တို့ ဝေလငါးဖမ်းဆီးမှု အဆုံးသတ်စေနိုင်မည့် သံတမန်ရေးဆုံးဖြတ်ချက်တစ်ရပ်ရရှိရန် နယူးဇီလန်နိုင်ငံ ကြိုးစားနေကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက ဇန်န၀ါရီလ ၁၃-ရက်၌ ပြောကြားသည်။ (အင်တာနက်)
*** တရုတ် ဂျမ်ဘိုဂျက်လေယာဉ် အင်ဂျင် ထုတ်လုပ်မည် ***
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အေဗစ်လေယာဉ် အင်ဂျင်ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီသည် ရှန်ဟိုင်းတွင် ပြည်တွင်းဖြစ် ဂျမ်ဘိုဂျက်လေယာဉ်အင်ဂျင်များ ထုတ်လုပ်ရေးအတွက် သုတေသနနှင့် တီထွင်ထုတ်လုပ်ရေးဌာနကို ဇန်န၀ါရီလ ၁၂-ရက်နေ့က စတင်တည်ဆောက်နေပြီဖြစ်သည်။ (အင်တာနက်)

*** ပေါက်ကွဲနိုင်ဖွယ်ရှိ၍ အမေရိကန်ဆိပ်ကမ်းတစ်ခု ပိတ်ထားရ ***
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ပေါက်ကွဲမှုပြင်းထန်သည့် ပစ္စည်းများ တင်ဆောင်လာသည့် ကုန်သေတ္တာများ၌ အပေါက်များတွေ့ရသဖြင့် အဆိုပါဆိပ်ကမ်းကို ဇန်န၀ါရီလ ၁၂-ရက်နေ့က ပိတ်ထားလိုက်ရပြီး ဆိပ်ကမ်းအနီးရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ပို့လိုက်ရသည်ဟု ဒေသအာဏာပိုင်များက ပြောကြားသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***

*** အနာဂတ်ကာလ ရုရှားအာကာသယာဉ်အတွက် ညူကလီးယားစွမ်းအင်သုံး အင်ဂျင်စက် ထုတ်လုပ်မည် ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)