(မော်စကို၊ ဇန်န၀ါရီလ ၁၅-ရက်)
ရုရှားနှင့် တူရကီတို့သည် တူရကီနိုင်ငံအတွင်း ညူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရေးနှင့် ပတ်သက်သည့် ပူးတွဲသဘောတူညီချက်တစ်ရပ်ကို မော်စကို၌ ဇန်န၀ါရီလ ၁၃-ရက်နေ့က လက်မှတ်ရေးထိုးကြသည်။ ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်နှင့် မော်စကိုသို့ အလည်အပတ်ရောက်ရှိနေသည့် တူရကီဝန်ကြီးချုပ် ရီဆက်အာဒိုဂန်တို့ ဆွေးနွေးအပြီး ရုရှားဒုတိယ၀န်ကြီးချုပ် အိုင်ဂေါဆီချင်နှင့် တူရကီဒုတိယ၀န်ကြီးချုပ် တန်နာယီဒစ်တို့က ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။ (အင်တာနက်)
*** နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်း***
(ဂျီနီဗာ၊ ဇန်န၀ါရီလ ၁၅-ရက်)
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင် ဒေသဆိုင်ရာနှင့် ဒေသခွဲဆိုင်ရာ အဖွဲ့အစည်းများက ကုလသမဂ္ဂအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇန်န၀ါရီလ ၁၃-ရက်နေ့၌ ထုတ်ပြန်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌ၏ ကြေညာချက်၌ တိုက်တွန်းထားသည်။ (အင်တာနက်)
*** တတိယမြောက် ဘိုင်ဒူဂြိုဟ်တု တရုတ်လွှတ်တင်မည် ***
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်ပုံစံဖြင့် ရေကြောင်း၊ လေကြောင်းသွားလာမှုဆိုရာ ဂြိုဟ်တုစနစ်၏ တစ်စိတ်တစ်ဒေသအဖြစ် တတိယမြောက် ဘိုင်ဒူဂြိုဟ်တုကို ရက်အနည်းငယ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနောက်တောင်ပိုင်းရှိ စီချန်းဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ရန်စီစဉ်နေကြောင်း ဇန်န၀ါရီလ ၁၅-ရက်နေ့က ထုတ်ပြန်သည့် အဆိုပါစခန်း၏ ကြေညာချက်အရသိရသည်။ (အင်တာနက်)
*** တောင်ကိုရီးယား၌ နိုင်ငံသားအဖြစ်ခံယူသူ များပြားလာ ***
တောင်ကိုရီးယားနိုင်ငံ၌ ၂၀၀၉-ခုနှစ်တွင် နိုင်ငံသားခံယူသည့် ဦးရေအများဆုံးဖြစ်နေသည်ဟု တောင်ကိုရီးယားအစိုးရက ဇန်န၀ါရီလ ၁၅-ရက်နေ့၌ ကြေညာသည်။ တောင်ကိုရီးယားနိုင်ငံတွင် ယခင်နှစ်တွင် နိုင်ငံသားအဖြစ်ခံယူသူ ၂၅၀၄၄-ဦးရှိသည်။ (အင်တာနက်)
*** လေကြောင်းလိုင်းဆု နယူးဇီလန်လေကြောင်းရရှိ***
ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်းလုပ်ငန်းကြီးဖြစ်သည့် လေကြောင်းပို့ဆောင်ရေးကမ္ဘာက နယူးဇီလန်လေကြောင်းပို့ဆောင်ရေး အဲယားနယူးဇီလန်ကို ၂၀၀၉-ခုနှစ်၏ လေကြောင်းလိုင်ဆုအဖြစ် နာမည်ကောင်းပေးဂုဏ်ပြုလိုက်ကြောင်း နယူးဇီလန်သတင်းပြန်ကြားရေးအဖွဲ့က ဇန်န၀ါရီလ ၁၅-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
***ညူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရုရှားအကူအညီဖြင့် တူရကီ၌ တည်ဆောက်မည် ***

No comments:
Post a Comment