အလွန်တရာမှ ဆွဲဆောင်မှုရှိလှသော အမျိုးသမီးငယ်တစ်ဦး ဘားကောင်တာဆီလျှောက်လာသည်။ ဘားကောင်တာတွင် ၀င်ရောက်ကူညီပေးနေသော ပေါ်တူဂီလက်ရွေးစင် ဘောလုံးသမား-ဇာဗီးယား၏ အနားသို့ ရောက်လာပြီး သူ၏ မုတ်ဆိတ်အား ညင်သာစွာဆွဲယူကာ သူမမျက်နှာအနီးသို့ တိုးကပ်လိုက်သည်။
အမျိုးသမီး။ ။ `ရှင်က … ဒီကမန်နေဂျာလားဟင်´
ဇာဗီးယား ။ ။ `ဟုတ်ပါဘူး… ဘာဖြစ်လို့လဲ´
ဇာဗီးယား၏ မုတ်ဆိတ်နှင့် ဆံပင်တို့ကို ပွတ်သပ်လျက် အမျိုးသမီးက ဆက်ပြောသည်။
`အင်း… သူ့ကို ကျမပြောစရာရှိလို့´
`စိတ်မရှိပါနဲ့ သူအပြင်သွားနေလို့ ကျနော်ဘာပြောပေးရမလဲ´
အမျိုးသမီးမှာ ဇာဗီးယား၏ နှုတ်ခမ်းနားတွင် လက်ချောင်းများကို လှုပ်ယမ်းဆော့ကစားရင်း… `ဒါဆိုလဲ … သူ့ကို ပြောပေးပါ။ အမျိုးသမီးအိမ်သာထဲမှာ စက္ကူနဲ့ ဆပ်ပြာကုန်နေပြီလို့… နော်´
မှတ်ချက် ။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment