လီဗာပူးတိုက်စစ်မှူး တောရက်စ်တစ်ယောက် ပြိုင်ဘက်ပရိသတ်များထံမှ ပစ်လိုက်သော မီးရှူး မီးပန်းကြောင့် မျက်လုံးတွင် ဒဏ်ရာရသွားခဲ့သည်။ တောရက်စ်၏ အမြင်အာရုံထိခိုက်မှုမရှိစေရေးအတွက် အတော်ဆုံးဆရာဝန်တစ်ဦးထံပြသရန် အမေရိကန်သို့စေလွှတ်လိုက်သည်။ မမြင်မစမ်းနှင့် လေယာဉ်ပေါ်သို့ ရောက်လာပြီးနောက် ထိုင်ခုံကိုစမ်းမိသော တောရက်စ်က `အိုး… ထိုင်ခုံတွေက ကြီးလှချည်လား´ ဘေးလူက… `အင်း… အမေရိကန်မှာ အရာတိုင်းကကြီးတာပဲလေ´ အမေရိကန်သို့ရောက်သော် တောရက်စ်မှာ ဘီယာသွားသောက်လေသည်။
`ဟင်… ဘီယာခွက်က တယ်ကြီးပါလား´ ဘားကောင်တာဝန်ထမ်းက `အမေရိကန်မှာ အရာတိုင်းကကြီးတာပဲလေ´
ဘီယာခွက်အတော်များများသောက်ပြီး အပေါ့သွားချင်လာသော တောရက်စ်မှာ ကောင်တာဝန်ထမ်းကို မေးမြန်းပြီး အိမ်သာသို့သွားလေသည်။ သို့သော် လမ်းညွှန်သည့်အခန်းကိုကျော်လွန်ကာ မထင်မှတ်ဘဲ ရေကူးကန်ဘက်သို့ ရောက်သွားပြီး ပြုတ်ကျသွားလေသည်။ ဤတွင် ကြောက်လန့်တကြားနှင့် တောရက်စ် အော်ဟစ်လိုက်သည်က `အောင်မယ်လေး… ကျေးဇူးပြုပြီး ရေမဆွဲချ လိုက်ပါနဲ့ဗျို့…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment