(ဇန္န၀ါရီ ၁၀ရက် ၂၀၁၀)ဒေလီနယူးသတင်းစာ/ ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစံ အရပ်တွင်ရှိသော အိမ်တွင်းမှု အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့် အလုပ်ရုံတစ်ခုတွင် အလုပ်သမားလက်မှတ် (ဘတ်) အပြည့်အစုံရှိသော မြန်မာအလုပ်သမား ၄ ဦးအားဖမ်း ဆီးသွားသဖြင့် ထိုင်း လုပ်ငန်းရှင်က ထိုင်းရဲများကို ရှုတ်ချပြောဆိုလိုက်သည်။ ယမန် နေ့ နံနက် ၇ နာရီခန့်တွင် အလုပ်သမားများနေထိုင်ရာ အခန်းများ ရှေ့တွင် နိန်ကောက်နိန်(၁၉၁) ကား ရောက်ရှိလာပြီး

အလုပ်သမားက မိမိတို့တွင် ရှိသော(ဘတ်)ကိုပြကြသော်လည်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီပိုင်ရှင်အမျိုးသမီးက“ အလုပ် သမားဝန်ကြီး ဌာနကထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေကိုပြပေ မယ့်ဂရုမစိုက်ဘူး။ ဖမ်းသွားတယ်။တစ်ရက်အလုပ် နားလိုက်ရတော့ အခြားကုမ္ပဏီကိုပေး သွင်းရမယ့် ကတိတွေပျက်ကုန်တာပေါ့ ၊ဘတ်သုံးသိန်းလောက် နစ်နာပါ တယ်၊ပိုက်ဆံ တောင်းတဲ့နေရာလည်း ကြည့်အုံးလေ၊ လူအရောက်အ ပေါက်နည်းတဲ့ တံ တားအောက်၊လှေကားအောက်ကိုချိန်းတယ်၊အလုပ်သမားတစ်ယောက်ကို ဘတ်၂၀၀၀ စီပေးခဲ့ရတယ်၊ တော်တော်အောက်တန်းကျတဲ့ အလုပ်ကို ထိုင်းပုလိပ်တွေလုပ် နေကြတယ်၊ လူမြင်မကောင်းလောက်အောင်ထိုင်းပုလိပ်တွေဟာ တရားဥပဒေအပြင်ဖက်က လုပ်နေကြတယ်။ ဒီဖြစ်ရပ်ကို ကျမ မကျေနပ်ဘူး၊ အထက်အရာရှိထိသိအောင်ကျမ တိုင်မယ်”ဟုပြောသည်။ အိနြေ္ဒသိက္ခာရှိစွာ ရဲစခန်းလိုနေရာများတွင် ငွေပေးချေရခြင်းမဟုတ်ပဲ လူသူအရောက်အပေါက်နည်းသော နေရာများတွင် ချိန်းဆိုငွေ တောင်ခြင်း၊ မြန်မာအလုပ်သမားများအားလူမြင်ကွင်းတွင် အနိုင်အထက်ပြုခြင်း၊ အလုပ်သမားများတွင် ငွေကုန်ခံပြီး နေထိုင်အလုပ်လုပ်ကိုင် ခွင့်လုပ်ထားသော်လည်း ဂရုမစိုက်ပဲ၊ ဖမ်းချင်သလိုဖမ်းပြီး လုပ်စားနေကြခြင်းကို ဖလန်းစံ ရဲစခန်းသို့ တိုင်းကြားထားကြောင်း ကုမ္ပဏီအ သိုင်းအ၀ိုင်များက ပြောဆိုကြောင်း သတင်းစာတွင်ရေးသားထားသည်။ ဤသတင်းမှာ ယမန်နေ့ ထုတ်သတင်းစာတွင် ထည့်သွင်း ဖေါ်ပြထားသော်လည်း အဖြစ်အပျက်မှာ နှစ်သစ်ကူကာလကဖြစ်ကြောင်း ရှင်းလင်းဖေါ်ပြထားသည်။ ဤဖမ်းဆီးမှုမှာ အနီးပတ်ဝန်းကျင်တို့ က အလုပ်သမားများတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရှိသောလူများရှိကြောင်းတိုင်းတန်းခြင်းဖြစ်နိုင်ကြောင်း ကုမ္ပဏီသိုင်းအ ၀ိုင်းကပြောသည် ။
သတင်း- ကိုကျော်သောင်း (ဘန်ကောက်)
ဒေလီနယူးသတင်းစာ/ ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

No comments:
Post a Comment