*** ပဋိဇီဝပိုးသတ်ဆေး အလွန်အကျွံသုံးမှု နှလုံးရောဂါ ဖြစ်နိုင် ***
နှလုံးမှ သွေးမရရှိ၍ နှလုံးကြွက်သားများ ပျက်စီးသည့် နှလုံးရောဂါသည် နံနက်ပိုင်းတွင် ပိုမိုဖြစ်တတ်ကြောင်း၊ နံနက် ၉-နာရီတွင် အဖြစ်များကြောင်း နှလုံးရောဂါအထူးကု ဆေးပညာရှင်များက ပြောကြားသည်။ အဆိုပါ နှလုံးရောဂါအဖြစ်များသည့်ရက်မှာ တနင်္လာနေ့ ဖြစ်ကြောင်း၊ စနေနှင့် တနင်္ဂနွေနေ့များတွင် မတန်တဆ စားသောက်တတ်သည့်အတွက် ယင်းသို့ဖြစ်ရကြောင်း နှလုံးရောဂါအထူးကု
ဆေးပညာရှင် မိုဟာမက်ဂျာဗက်က ပြောကြားသည်။ ထို့ပြင် ဆောင်းဦးပေါက်နှင့် ဆောင်းရာသီတွင် ထိုရောဂါ ပိုမိုအဖြစ်များကြောင်း တွေ့ရပြီး အမျိုးသားများ ဆေးလိပ်သောက်ခြင်းကြောင့်လည်း ရောဂါဖြစ်တတ်သည်။ ပဋိဇီဝပိုးသတ်ဆေးများ အလွန်အကျွံသုံးခြင်းမှလည်း နှလုံးရောဂါဖြစ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း ပညာရှင်များက သတိပေးထားသည်။ (အင်တာနက်)
***(Public Health) ***

No comments:
Post a Comment