***ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)***
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချမ်မွေ့ကျေးရွာလ ချမုန်းလမ်း ၀ိုလို့ဈေး ဆိုင်အမှတ်၂၀/၂၀တွင် ဈေး ရောင်း မြန်မာအလုပ်သမ မနန်းစိုင်၏လည်ပင်းတွင်ရှိ သော ရွှေဆွဲကြိုးကိုလုယူရန်ကြိုးစားခဲ့သည့် ထိုင်းအမျိုး သမီးအား ဈေးသူဈေးသားများ ၀ိုင်းဝန်းဖမ်းဆီးပြီး ထိုင်းရဲလက်သို့ အပ်နှံခဲ့သည်။ ဇန္န၀ါရီလ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က သားရေအိတ်များ ရောင်းချ သည့်ဆိုင်ရှေ့တွင် ဈေးဝယ်ဟန်ဆောင်၍ မော်တော် ဆိုင်ကယ်တစ်စီး ထိုးရပ်ခဲ့သည်။ မြန်မာ အလုပ်သမက ပစ္စည်းများကိုပြသကာ ဈေနှုန်းများကို ပြောပြပြီး၊
ကျောခိုင်းသွားစဉ် ထိုင်းအမျိုးသမီး နန်းချွန်ချစ်ဟူး အသက်၂၂ နှစ်က ငရုပ်သီးမှုန့် နှင့် မြန်မာအလုပ်သမ မနန်းစိုင်၏ မျက်နှာကို ပက်ဖြန်း၍လည်ပင်းတွင် ၀တ်ဆင်ထားသော ရွှေဆွဲကြိုးကို လုယက်ခဲ့သည်။ လူယက်ခံရသူက သူမ၏လည်ပင်းတွင်ရှိသော ရွှေဆွဲကြိုးကို လုယူနေကြောင်း အော်ဟစ်အကူအညီတောင်းသဖြင့် အနီးအနားဈေးဆိုင်များက ရောက်ရှိလာခဲ့ကြပြီး လုယက်သည့် ထိုင်း အမျိုးသမီးကို ဖမ်းဆီးပြီးရဲလက်သို့ အပ်နှံခဲ့သည်။ ရဲစခန်းတွင် သူမက သားသမီး ၃ ယောက်ဖြင့် ခင်ပွန်ဖြစ်သူနှင့် ကွာရှင်းပြတ်စဲခဲ့သဖြင့် လုပ်ကိုင်စား သောက်ရမှု အထူးခက်ခဲခြင်းကြောင့် ယခုကဲ့သို့  လုယက်မိကြောင်း ထွက်ဆိုသွားခဲ့သည်။ ယခင်လည်း ချင်းမိုင်ခရိုင်အတွင်းရှိ ကုန်တိုက် တစ်ခုတွင် ယခုကဲ့သို့ လုယက်မှုမျိုး အောင်မြင်ခဲ့ဖူးကြောင်း ထွက်ဆိုသွားခဲ့သည်။ အမှုစစ် ရဲအရာရှိ ချန်ဝစ်က မဲခင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ လုယက်မှုဖြင့်အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရတ်သတင်းစာမျက်နှာဖုံးတွင် ရေးသားဖေါ်ပြထားသည်။
***သတင်း- ကိုကျော်သောင်း (ဘန်ကောက်)***
***(ဇန္န၀ါရီ ၂၁-ရက် ၂၀၁၀)***

No comments:
Post a Comment