ဟုတ်ကဲ့ပါ။ ။တချို့လူတွေများအတ္တကြီးမားကြတဲ့ နေရာမှာ ငါစွဲ၊ ငါသားသမီးစွဲ၊ ငါ့ဆွေမျိုးစွဲ၊ ငါ့ဥစ္စာ ပစ္စည်း စွဲဆိုပြီး တယ်လဲအစွဲ ကြီးကြတာတွေကို ဒီဆောင်းပါးက အဓိကရည်ညွှန်းချင်တာဖြစ်ပါတယ်။ ပထ၀ီကိုညွှန်းရရင် ပထ၀ီကိုစာအုပ်ကိုရှာ (အဲလေ) ပထ၀ီအရ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင် ဘက်က ဖုတ်ဖရမြို့နယ်က မြန်မာစိုက်ပျိုးရေးအလုပ်သမားမိသားစုထဲမှာ ဒီဇာတ်လမ်း လေးဖြစ်တည်ခဲ့တာ ဖြစ်ပါတယ်။
သူမ ကြီးနာမည်က ဒေါ်မြမြတဲ့။ မြန်မာပြည်မှာဆိုရင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ဘက်က လယ်သူမကြီးပေါ့။ ထိုင်းမြန်မာနယ်စပ်ကို ရောက်လာတဲ့အခါကျတော့ လယ်သမားဆိုတဲ့ထိုင်းဥပဒေက မရှိတာမို့ ခြံတောင်ယာ လုပ် တဲ့ (နှင်းဆီပန်း၊ကုလားပန်: ၊ ကျောက်စိမ်းသပြေ ပန်း) တွေကို ဆယ်နှစ်ရာသီလုံးစိုက်ပျိုးရတဲ့ စိုက်ပျိုးရေးအလုပ် သမ ကြီးပေါ့။

သူများတကာလို ဒေါ်မြမြကရရစားစား၊ ၀ါးဝါးမြိုမြိုမဟုတ်ဘဲ အခုလည်းကောင်း နောင်လည်းကောင်းအောင် စုစုဆောင်းဆောင်းလေး လုပ်တတ်တာမို့ မြန်မာပြည်မှာနေထိုင်စဉ်တုန်းကလိုဘဲ အတော်အတန်ပြေလည်တဲ့အပြင် အချေးအငှါးလေးပါလုပ်နိုင်တယ်လေ။
ဒေါ်မြမြကအခုဆိုရင် ၄၈နှစ်ရှိပြီ။ သားသမီး ၃ယောက်ရှိတယ်။ သမီးကြီးက ၂၆နှစ်၊ အိမ်ထောင်နဲ့ကလေးနှစ်ယောက်တောင်ရပြီ။ ဒုတိ ယသားက ၂၄နှစ်၊ လူပျိုလူလွတ်ဘဲ။ တတိယသမီးက ၁ရနှစ/်အပျိုဘဲ၊ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကဒုတိယသားဖြစ်တယ်။ ဒီ ကောင်လေးကသူတို့စိုက်ပျိုးရေးလုပ်ငန်းခွင်ထဲက ၁၆နှစ်အရွယ်အပျိုပေါက်မလေးတယောက်ကို မဲဆောက်မြို့နဲ့ ၄၈ကီလိုမီတာရှိတဲ့ ကျေးရွာ(ဆစ်ဆီပက်)ကိုပြေးဆွဲနေတဲ့လိုင်းကားနဲ့တင်ခေါ်ပြီးခိုးပြေးသွားတယ်လို့သူတို့ရပ်ရွာထဲမှာချက်ချင်းသတင်းပျံနှံတယ်။ ဒါကို သိသိချင်းဆိုသလိုဘဲ ဒေါ်မြမြကမဲဆောက်မြို့မှာနေထိုင်တဲ့ ဂုရုဆန် ဆီကိုဖုန်းကွန်တက်လုပ်ပုံကို ကြည့်ပါဦး။
“ဆရာရေ၊ ကျမသား အလတ်ကောင်ကိုဆရာသိတယ်မဟုတ်လား၊ ဆရာလာရင်ဆိုင်ကယ်နဲ့ မောင်းမောင်းပြီးလိုက်ပို့နေတဲ့အကောင် လေ။ အဒီကောင်ကကျမတို့သဘောမတူတဲ့ကောင်မလေးတယောက်ကို အခုဘဲ ၄၈လိုင်းကားနဲ့ခိုးပြေးသွားတယ်ကြားတယ်ဆရာရေ့၊ အဲဒီကောင်ကိုမဲဆောက်ရောက်ရင် ၄၈ကားပေါ်ကဆွဲချပေးပါနော်ဆရာ၊ နော..်ဆရာ တဲ့။”
ကြည့်စမ်းပါဦးဗျာ။ ဂုရုဆန် တို့ကူညီအကျိုးဆောင်ရတာကထိုင်းဥပဒေအတိုင်းရွှေ့ပြောင်းအလုပ်သမားတွေ
ရဲ့အခွင့်အရေးတွေကိုဘောင် ထဲကနေခံစားခွင့်ရရှိအောင်ရယ်၊ ကျန်းမာရေးဆေးကုသဖို့၊ အလုပ်ပြုတ်လာရင် ယာယီတည်းခိုကြဖို့၊ မြန်မာပြည်ထဲက မိဘတွေက ကိုယ်သားသမီးအလုပ်သမားတွေကို လုပ်ငန်းခွင်တန်းလျားမှာတည်းခိုပြီးတွေ့ဆုံခွင့်မရကြတဲ့အခါ၊ တွေ့ဆုံခွင့်ရနိုင်တဲ့၊ တည်းခိုခွင့်ရနိုင် တဲ့၊ အခြေအနေကို ဖန်တီးပေးဖို့၊ မြန်မာအလုပ်သမားတွေဟာ တနင်္ဂနွေပိတ်ရက်နဲ့ ထိုင်းနိုင်ငံရဲ့နေ့ကြီးရက်ကြီးပိတ်ရက် (၁၃ -ရက်) မှာဘဲဖြစ်ဖြစ်တခြားအလုပ်မရှိကြလို့ အားလပ်နေရင်ဘဲဖြစ်ဖြစ်အချိန်ပိုင်း စိတ်အပန်းဖြေနိုင်အောင် ဖျော်ဖြေရေးလုပ်ဖို့ဘဲဖြစ်ဖြစ်ဂုရုဆန် တို့ရဲ့ “တိုက်ရဲသူရိပ်သာ” မှာလာရောက်နားနေ၊ တည်းခိုနိုင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။
ဟာထိုင်းဥပဒေဘောင်ထဲကသာကူညီအကျိုးဆောင်ပေးနေသူမှန်းကိုဒီလောက်ရင်းနီးကြတဲ့
ဆရာရင်းတပည့်ရင်းအချင်းချင်းဖြစ်တာရယ် ။ပညာကလည်းအတော်အတန် (၁၀တန်းလောက်)တတ်တဲ့ဒေါ်မြမြဟာ
မသိလို့မဟုတ်တန် ကောင်းပါဘူး။“ငါ့သားကလေး” “ငါ့သားကလေး”
“ငါ့သားကလေး” ဆိုပြီးတဖက်ကနိုင်ငံတကာဥပဒေအရ ၁၆နှစ်သာရှိသေးပြီးအသက်မပြည့်သေးတဲ့ (ထိုင်းဥပဒေအရ ၁၅နှစ်ကျော်ရင် ကလေးအလုပ်သမားမဟုတ်ပါ) ကလေးမလေး(၀ါ) ကလေးအလုပ်သမလေးကိုချိုးနှိမ်ပြီးသားဖက်က သာသာထိုးထိုးလေးဖြည့်စွက်ပြီး ဆရာအ ရင်းချာကိုအားမနာ၊ လျှာမကျိုးလုပ်ကာ လိုင်းကားပေါ်ကနေ အနုကြမ်းစီးသမားလိုလို၊ အကြမ်းဖက်သမားလိုလို၊ ဓားပြ လိုလိုအချိုးမျိုးကို ချိုးခိုင်:လိုက် တာဖြစ်ပါတယ်။
ဩော် . . . အများအကျိုးဆောင်တတ်တဲ့ ဟာ အဲဒီလိုကိုယ်ပုဆိုးပေါင် ရကိန်:ဆိုက်သွားရလို့၊ သူများတကာကိုကူညီအကျိုးဆောင် တတ်သူတွေအနေနဲ့ မိမိတို့ ရဲ့ ဂုဏ်သိက္ခာမည်သော ပုဆိုးတစ်ထည်ကိုတောင်အပေါင်ဆိုင်ပို့ ရကိန်းဆိုက်တတ်တယ်ဆိုတဲ့အကြောင်း ကောင်းကောင်ကြီးသိလိုက်ပါပြီ အသင်လောက . . . ။
အို . . .အသလောကင် (အသင်လောက)နှစ်သစ်မှာ . . မာကလာပင်
(မင်္ဂလာပါ) အသင်လောက.......။
***ခံစားတင်ပြသူ - ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ)***
***ကျမသားလေးကို ၄၈-ကားပေါ်က ဆွဲချပေးပါ... ဆရာ***

No comments:
Post a Comment