ရာဇ၀င် လူဆိုးတစ်ဦး ထောင်ဖောက်ထွက်ပြေးပြီးနောက် လီဗာပူးလ်ကလပ်အသင်းမှ ဂျရတ်တို့ ဇနီးမောင်နှံ နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်လာသည်။ လက်ထဲတွင် သေနတ်ကိုင်ဆောင်ထားသော လူဆိုးမှာ ဂျရတ်တို့ ဇနီးမောင်နှံအား အိပ်ခန်းအတွင်း၌ တွေ့လေရာ ဂျရတ်ကိုအိပ်ရာပေါ်မှ ဖယ်ရှားပြီး ဂျရတ်၏ ဇနီးဖြစ်သူအား ရေချိုးခန်းအတွင်းခေါ်ဆောင်သွားသည်။
အိပ်ခန်းအတွင်း ကျန်ခဲ့သော ဂျရတ်က `မိန်းမရေ… သူ့အ၀တ်အစားတွေကြည့်ရတာ ထောင်ဖောက်ပြေးလာတဲ့ လူဆိုးတစ်ယောက်ဆိုတာ သေချာတယ်။ သူခိုင်းတာမလုပ်ရင် တို့နှစ်ယောက်လုံးကို သတ်မယ့်ပုံစံပဲ။ သူခိုင်းတာကို မငြင်းလိုက်နဲ့နော်။ ဘာပဲဖြစ်ဖြစ် မင်းကို ကိုချစ်ပါတယ်´
ထိုအခါ ဇနီးဖြစ်သူက ပြန်ဖြေလိုက်ပုံမှာ `သူက ကျမကို တိုးတိုးလေး လာပြောနေတယ်။ သူက မိန်းမလျာတစ်ယောက်တဲ့။ ပြီးတော့ ရှင်ကလည်း သိပ်ချောတာပဲတဲ့။ သူဘာခိုင်းခိုင်း မငြင်းလိုက်နဲ့နော်။ ဘာပဲဖြစ်ဖြစ် ရှင့်ကို ကျမချစ်ပါတယ်´
မှတ်ချက် ။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment