*** သန့ှ်ရှင်းသောလေမရရှိသည့် နေအိမ်နှင့် ၀န်းကျင်၌ နေထိုင်ခဲ့လျှင် မွေးဖွားလာသည့် ရင်သွေးငယ်များသည် ဥာဏ်ရည်နိမ့်ကျနိုင်***
ကိုယ်ဝန်ဆောင်မိခင်များသည် လေ၀င်၊ လေထွက်မကောင်းသော နေအိမ်နှင့် ပတ်ဝန်းကျင်များတွင် နေထိုင်ပါက ဥာဏ်ရည်နိမ့်သော ရင်သွေးငယ်များ မွေးဖွားတတ်ကြောင်း ဗြိတိသျှဆေးသိပ္ပံပညာရှင်များက သုတေသနပြုချက်၌ ဖော်ပြထားသည်။ သန့်ရှင်:်သောလေကောင်းလေသန့်များကို မရရှိနိုင်သည့် နေအိမ်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သားအိမ်အတွင်းရှိ သန္ဓေသားထံသို့ သန့်ရှင်းသော လေ မရရှိနိုင်ရာ သန္ဓေသား၏ ဖွံ့ဖြိုးကြီးထွားရေးကို ထိခိုက်စေနိုင်ကြောင်း ၄င်းတို့၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။ ထို့အပြင် သန့်ရှင်းသော လေမရရှိသဖြင့် အခြားထိခိုက်မှုများအဖြစ် ရင်သွေးငယ်၏
ကိုယ်လက် အင်္ဂါချို့ယွင်းမှုဖြစ်စေခြင်း၊ ကင်ဆာကဲ့သို့သော ရောဂါများ ငယ်ရွယ်စဉ်ကပင် ဖြစ်ပွားတတ်ခြင်းတို့ ဖြစ်နိုင်ကြောင်းသိရသည်။ တဖန်လေကောင်း လေသန့်မရရှိခြင်းကြောင့် ဥာဏ်ရည်နိမ့်သော ရင်သွေးငယ်များ မွေးဖွားမှုမှာ ကလေးငယ် (၅၀၀)ယောက်လျှင် ၁၀-ရာခိုင်နှုန်း ရှိနေကြောင်း ၄င်းတို့က သတိပေးဖော်ပြထားသည်။ (အင်တာနက်)
***(Public Health)***

No comments:
Post a Comment