ကျွန်တော်ကိုတခုလောက်ကူညီပါလား ကျွန်တော်တို့ ကျောင်းအကြောင်းရင်ဖွင့် ချင်လို့ ပါနော်….
ကျွန်တော်တို့က သန်လျင်GTC ကျောင်းကပါ ကျွန်တော်တို့ရဲ့ခံစားနေရတာတွေကိုပြောပြချင်လို့ပါ ကျွန်တော် တို့ ကျောင်းရဲ့စည်းကမ်းကမတရားတင်းကျပ်နေလို့ပါဗျာ။ စည်းကမ်းရှိတာနဲ့ စည်းကမ်းအတင်းကျပ်တာနဲ့ မဆိုင် ဘူးထင်တယ်နော် အခုကျွန်တော်တို့ ကျောင်းကိုပါချုပ်အသစ်ပြောင်းလာပါတယ် အရင်ပါချုပ်ဆရာ မကြီးကမှ အခုဆရာကြီးထက်စာရင် ပိုသဘောကောင်းအုန်းမယ်ခင်ဗျာ အခုပါချုပ်ကဗျာကျွန်တော်တို့ကို လပတ်တောင် တခုံမှာ နှစ်ယောက် ဖြေခိုင်းတယ် ဘယ်တက္ကသိုလ်မှ မရှိပါဘူး လပတ်ကိုဖြေခိုင်းတာ။

ထားပါရပါသေးတယ် ကျောင်သားတွေ ကိုပညာတတ်စေချင်လို့ သဘောထားလို့ ရပါသေးတယ်နောက်ပိုင်းကျတော့ ဗျာဆံပင်နဲနဲရှည်တာနဲ့ ကျောင်းသားကဒ်သိမ်တယ်နားကပ်တတ်လည်း သိမ်းတယ်ဆံပင်ဆေးဆိုလည်းသိမ်းတယ်ယူနီဖောင်းမပြည့် စုံလည်းသိမ်းတယ်အကုန်ဘဲဗျာ အဲတော့ ကျောင်းသားတွေက ကြောက်ပြီးတော့ လမ်းတွေက၀င်ရော ကျောင်းသားတွေ မြွေကိုက်မှာတောင် ဆိုးရတယ် တောလမ်းမှာ သတ္တ၀ါတွေ အကုန်ရှိတယ် ကျောင်းသားဆိုတာ လူငယ်ဘဲလေ လွတ်လပ်လပ်တော့ နေချင်တာပေါ့ လူငယ်ဘဲနဲနဲတော့ ဆံပင်ရှည်ချင်ကြတာပါ ကျွန်တော် တတ်နေတာ အထက်တန်းကျောင်းမှ မဟုတ်တာ အထက်တန်းကျောင်းလို့ လာအုပ်ချုပ်တော့  သေရောပေါ့ ဗျာ ကျောင်းသားတယောက်မှာ အရေးကြီးဆုံးက ကျောင်းစာရပြီး ကျောင်းနေရတာပျော်ဖို့ ဘဲ
အခုတော့ ကျောင်းနေရတာ မပျော်ကြတော့ ဘယ်လိုလုပ်ကြမလည်း တက္ကသိုလ်တတ်တယ်ဆိုတာ ပျော်ဖို့ မကောင်းဘဲစိတ် ညစ်ဖို့ ကောင်းနေတယ် GTC ကျောင်းချင်းတူတူ မှော်ဘီတို့ ၊ လှိုင်သာယာတို့ ကတောင် ပျော်စရာကောင်းသေးတယ်ဗျာ
လွတ်လပ်တယ်။ သူတို့ ဆီမှာကျောင်းသားကဒ်သိမ်းတာလည်းမရှိဘူး ကျွန်တော်တို့ ကျောင်းက ပါချုပ်ကတော့ ရောင်းစားဖို့ လားမသိတော့ဘူးဗျာ။ ကျွန်တော် ကျောင်းသားတွေလည်း တောလမ်းက၀င်နေရတာတွေ့စေချင်တယ်။ မိန်းကလေးတွေ ပါဝင်တာနော် မယုံရင်လာကြည့် နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ လည်း ဂိတ်ပေါက်က၀င်ချင်တာပေါ့ တက္ကသိုလ်ကျောင်းသားဆိုပြီး ရင့်ကော့ပြီး အခုတော့ ရင်တောင်မကော့ ရဲဘူး။ ကျောင်းသားကဒ်သိမ်းမှာဆိုးလို့။ နောက်ပြီးတော့ ပါချုပ်ပြောင်းမှာ ဒုကျောင်းအုပ်ကလည်း ကျောင်းသားတွေဆီက သိမ်းမယ်ဆိုဘဲ ကျောင်းသားကဒ၊် တော်တော်ဆိုးတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ ဘ၀ကတော်တော်ဆိုးပါတယ်။ တက္ကသိုလ်တတ်ရတယ်နဲ့ မတူဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရမလည်းမသိတော့ ဘူးဗျာ။ အခုပါချုပ်ကတော့ အရင်ကနာမည်ကြီးခဲ့ တဲ့ ဇာနည်အောင်ဆိုတယ်ပါချုပ်ထက်ဆိုးမလားသိဘူး
ခင်ဗျာ ကျွန်တော်တို့ ကျောင်းသားတွေကိုယ်စာ့းကျွန်တော် တို့ ဖွင့် ပြောရတာပါဗျာ။ ဘာရယ်တော့ မဟုတ်ပါဘူး ကျွန်တော်တို့ သန်လျင်ကျောင်းသားများ ခံစားနေရတာကိုရင်ဖွင့် တာပါဗျာ။ *Forward* လေးလုပ်ပေးကြပါနော်။
***ပေါက်ကွဲသံစဉ်အဖွဲ့ (သန်လျင်GTC)***
့အကို

No comments:
Post a Comment