မိတ်ဆွေ။ ။ ဘာဖြစ်လို့ ငိုနေရတာလဲဗျာ။
အမျိုးသား။ ။ စိတ်ထဲမကောင်းလွန်းလို့ပါ။
မိတ်ဆွေ။ ။ ဘာတွေဖြစ်ခဲ့လို့လဲ၊ ကျနော်ဘာအကူအညီပေးရမလဲ။
အမျိုးသား။ ။ မပြောပါရစေနဲ့ဗျာ။
မိတ်ဆွေ။ ။ ပြောစမ်းပါ။ ကျနော်ဘာကူညီရမလဲ။
အမျိုးသား။ ။ အရင်က မိတ်ဆွေဟောင်းတွေကို သတိရလွန်းလို့ပါ။
မိတ်ဆွေ။ ။ ဘယ်သူတွေလဲဗျ။
အမျိုးသား။ ။ လွန်ခဲ့တဲ့ နှစ်နှစ်က ဒီဆိုင်မှာ ဒီလိုနေ့မှာ မိတ်ဆွေအမျိုးသမီးတစ်ဦးက အခုလို အစားအစာတွေ ကျွေးဖူးတယ်။ အဲဒီလိုပဲ ပြီးခဲ့တဲ့နှစ်က မိတ်ဆွေတစ်ဦးက ဒီဆိုင်မှာ ဒီလိုနေ့မှာ အခုလို အစားအစာတွေ ကျွေးခဲ့ဖူးတယ်။
မိတ်ဆွေ။ ။ အဲဒီတော့ ဘာဖြစ်လဲ၊ ကောင်းတာပေါ့ဗျာ။
အမျိုးသား။ ။ အတန်ကြာငြိမ်သက်နေပြီးနောက် ထိုင်ရာမှ ဖြည်းညင်းစွာထပြီး ပြောလိုက်သည်မှာ….. `သူတို့တွေ နှစ်ဦးစလုံး နောက်နေ့တွေမှာ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးသွားခဲ့ကြလို့ပါ´
မိတ်ဆွေ။ ။ `ဗျာ´
မှတ်ချက်။ ။ ဘ၀အမောပြေမှ ကူးယူဖော်ပြသည်။
စားသောက်ဆိုင်အတွင်းသို့ ၀င်လာသူ အမျိုးသားတစ်ဦးကို မိတ်ဆွေတစ်ဦးက လှမ်းခေါ်ကာ အစားအစာများ ကျွေးမွေးလေသည်။ အမျိုးသားက စားသောက်ပြီးနောက် မျက်ရည်များကျကာ ငိုနေသဖြင့် ကျွေးမွေးသူ မိတ်ဆွေက မေးမြန်းလေသည်-
မိတ်ဆွေ။ ။ ဘာဖြစ်လို့ ငိုနေရတာလဲဗျာ။
အမျိုးသား။ ။ စိတ်ထဲမကောင်းလွန်းလို့ပါ။
မိတ်ဆွေ။ ။ ဘာတွေဖြစ်ခဲ့လို့လဲ၊ ကျနော်ဘာအကူအညီပေးရမလဲ။
အမျိုးသား။ ။ မပြောပါရစေနဲ့ဗျာ။
မိတ်ဆွေ။ ။ ပြောစမ်းပါ။ ကျနော်ဘာကူညီရမလဲ။
အမျိုးသား။ ။ အရင်က မိတ်ဆွေဟောင်းတွေကို သတိရလွန်းလို့ပါ။
မိတ်ဆွေ။ ။ ဘယ်သူတွေလဲဗျ။
အမျိုးသား။ ။ လွန်ခဲ့တဲ့ နှစ်နှစ်က ဒီဆိုင်မှာ ဒီလိုနေ့မှာ မိတ်ဆွေအမျိုးသမီးတစ်ဦးက အခုလို အစားအစာတွေ ကျွေးဖူးတယ်။ အဲဒီလိုပဲ ပြီးခဲ့တဲ့နှစ်က မိတ်ဆွေတစ်ဦးက ဒီဆိုင်မှာ ဒီလိုနေ့မှာ အခုလို အစားအစာတွေ ကျွေးခဲ့ဖူးတယ်။
မိတ်ဆွေ။ ။ အဲဒီတော့ ဘာဖြစ်လဲ၊ ကောင်းတာပေါ့ဗျာ။
အမျိုးသား။ ။ အတန်ကြာငြိမ်သက်နေပြီးနောက် ထိုင်ရာမှ ဖြည်းညင်းစွာထပြီး ပြောလိုက်သည်မှာ….. `သူတို့တွေ နှစ်ဦးစလုံး နောက်နေ့တွေမှာ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးသွားခဲ့ကြလို့ပါ´
မိတ်ဆွေ။ ။ `ဗျာ´
မှတ်ချက်။ ။ ဘ၀အမောပြေမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment