ဇန်န၀ါရီလ ၁၂-ရက်နေ့က ဟေတီနိုင်ငံတွင် မြေငလျင်အကြီးအကျယ် လှုပ်သွားခဲ့ပြီးနောက် ဟေတီနိုင်ငံ ပြန် လည်ထူထောင်နိုင်ရေးအတွက် ဟေတီအစိုးရက ရေးဆွဲခဲ့သည့် လယ်ယာကဏ္ဍအတွက် အမေရိကန် ဒေါ်လာ သန်း ၇၀၀-နီးပါးမြှုပ်နှံရေးအစီအစဉ်ကို ထောက်ခံပေးကြရန် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)က နိုင်ငံတကာ အလှူရှင်များကို ဆော်သြထားသည်ဟု သတင်းရရှိသည်။ (အင်တာနက်)
*** ကမ္ဘောဒီးယား သင်္ဘော ဆိုမာလီတရားရုံးက ထိန်းသိမ်းထား ***
ဆိုမာလီပင်လယ်ဓားပြများ ဖမ်းဆီးထားသည်ဟု သတင်းရရှိထားသော ကမ္ဘောဒီးယား ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီနိုင်ငံအနောက်မြောက်ပိုင်းရှိ ဒေသဆိုင်ရာတရားရုံးက ထိန်းသိမ်းထားကြောင်း ဇန်န၀ါရီလ ၃၀-ရက်နေ့တွင် ထုတ်ပြနသည့် ကြေညာချက်တစ်ရပ်၌ ဖော်ပြထားသည်။ (အင်တာနက်)
*** ကမ္ဘာ့အကြီးဆုံး စာအုပ်ပြပွဲ နယူးဒေလီမြို့တွင် ကျင်းပ ***
နှစ်နှစ်တစ်ကြိမ်ကျင်းပသော (၁၉)ကြိမ်မြောက် ဒေလီကမ္ဘာ့စာအုပ်ပြပွဲကို နယူးဒေလီမြို့တွင် ဇန်န၀ါရီလ ၃၀-ရက်နေ့က စတင်ဖွင့်လှစ်သည်။ ယင်းပြပွဲကို ကိုးရက်ကြာကျင်းပမည်ဖြစ်ပြီး အာရှတိုက်တွင် အကြီးဆုံးစာအုပ်ပြပွဲဟု ယူဆရပြီး ပြပွဲတွင် ပြည်တွင်းပြည်ပမှ ထုတ်ဝေသူ ၁၂၀၀-တို့ လာရောက်ခင်းကျင်းပြသသည်။ (အင်တာနက်)
***ဘာသာပြန်-မောင်မောင်ဆွေ***
*** ဟေတီပြန်လည်ထူထောင်ရေး ၀ိုင်းဝန်းအားပေး ***

No comments:
Post a Comment