လူတစ်ယောက်သည် သူ၏ အလုပ်သမားတစ်ဦးအား စာနှင့် သူ့မိတ်ဆွေ လုပ်ငန်းပိုင်ရှင်တစ်ဦးထံသို့ စာနှင့်လွှတ်လိုက်လေသည်..။
စာထဲတွင် …….. `ယခုစာနှင့်လာသူအား လောင်းကစား ၀ါသနာကို စွန့်လွှတ်အောင် လုပ်ပေးနိုင်ပါက အလုပ်သမားကောင်း တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အလုပ်သမား တစ်ယောက်လိုတယ်ဆိုလို့ သူ့ကို လွှတ်လိုက်ပါတယ်……´
စာနှင့်ရောက်လာသူကို တစ်ချက် အကဲခတ်၍ `မင်းက ဘယ်လို လောင်းကစားမျိုးလုပ်တတ်လို့လဲကွ´
`ဘယ်လိုဟာမျိုးဖြစ်ဖြစ် လောင်းတတ်ပါတယ်။ ဥပမာ… ဆရာ့မှာ မွေးရာပါ အမှတ်အသား ပါကိုပါရမယ် ဆရာ။ အဲဒါ တစ်လကြေး လောင်းမလားဟင်´
`ကဲ… ဒါဆို မင်းပိုက်ဆံ ခုထုတ်လိုက်စမ်း… ငါ့မှာ ဘာအမှတ်အသားမှ မပါဘူး´
အင်္ကျီချွတ်ပြီး မပါကြောင်းပြလိုက်လေသည်။ `ကဲတွေ့ပြီလား´
`ကျေနပ်ပါတယ်ဆရာ… ရော… တစ်လစာငွေ လျှော်ပါတယ်´
ထိုအလုပ်ရှင်သည် လွှတ်လိုက်သော အရင်အလုပ်ရှင်ထံသို့ ဖုန်းဆက်လိုက်လေသည်။
`ဟဲလို… ခင်ဗျားလွှတ်လိုက်တဲ့ အလုပ်သမား ကျုပ်ဆီရောက်နေပါပြီ။ ခင်ဗျားကောင်ကိုတော့ ကျုပ်ပညာပေးလိုက်တာ နောက်ဆိုရင် လောင်းရဲတော့မှာ မဟုတ်တော့ပါဘူး´
ထိုအခါ အရင်အလုပ်ရှင်က `ဆရာ သိပ်လဲ အပြောမကြီးပါနဲ့ဗျာ။ ခင်ဗျား ဆီရောက်တာနဲ့ ငါးမိနစ်အတွင်းမှာ ခင်ဗျားကို အင်္ကျီကျွတ်အောင် ငါးမိနစ်အတွင်း လုပ်ပြမယ်ဆိုပြီး ကျုပ်နဲ့ ငွေတစ်သောင်းကြေး လောင်းသွားတယ်လေ´
`အန်………..´
*** တင်မော် (ဓာတု) ***
***(ဟာဒယနှလုံး-တခဏပြုံး)***

No comments:
Post a Comment