အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို
သက်ဆိုင်ရာထောင်အာဏာပိုင်များထံသို့
၁၇.၂.၂၀၁၀ နေ့မှစတင်ပြီး တောင်းဆိုလိုက်သည်။
၁။ သတင်းစာအပါအ၀င် စာပေဖတ်ရှုခွင့်ပြည့်ပြည့်၀၀ရရှိရေး ။
၂။ ကျန်းမာရေးစောင့်ရှောက်မှုပြည့်ပြည့်၀၀ရရှိရေး ။
၃။အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး ။
၎။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရ၀ုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ
အချိန်ပြည့်သွားလာနိုင်ရေး။
၅။ စာပေရေးသားလေ့ကျင့်ခွင့်ရရှိရေး ။
တောင်းဆိုရသည့် အကြောင်းအရင်းများ -
အချက် (၁) ။ ။ သွင်းပို့လာသည့် စာအုပ် မဂ္ဂဇင်း ဂျာနယ် စသည်များကို
တစ်ပါတ် ဆယ်ရက်ကြာမျှ
ကြံ့ကြာခြင်း ၊ စာအုပ်များတွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း ၊ဖြတ်တောက်ခြင်း
၊သတင်းစာပုံမှန်
မရရှိခြင်း ၊တစ်ခါတစ်ရံ လုံးဝမရခြင်း ၊ ၂ရက် ၃ရက်ကြာမှ ရရှိခြင်း ။
အချက် (၂) ။ ။ သောက်ဆေး၊ထိုးဆေးများလုံလောက်စွာမရခြင်း၊
ဆရာဝန်နှင့်တွေ့ရန် ခက်ခဲကြံ့ကြာ
ခြင်း ၊ မျက်စိနားခံတွင်းအတွက် ဆရာဝန်မရှိခြင်း ၊ အပြင်ဆေးကုခွင့်ရရန်
ခက်ခဲကြံ့ကြာ ခြင်း ၊ တိုက်ပိတ်အကျဉ်းသားများအတွက် မိလ္လာခွက်များ
အဖုံးမပါရှိခြင်း ၊
အချက်(၃) ။ ။ နီရဲကြမ်းတမ်းပြီးစပါးလုံး ခဲများရောနေသော ဆန်ထမင်းကိုသာ
စားရခြင်း ၊ တစ်ပတ်လျှင်နှစ်နပ် အသားစားရသော်လည်း ကျန်ရက်များတွင်
ပိုးကောင်များပါသော ပဲဟင်း ၊ ညစ်ပတ်သောချဉ်ပေါင်ရွက် ၊ ကဇွန်းရွက် ၊
ဟင်းရွက်ပြုတ်ကိုသာစားရခြင်း ၊ ဆားမရရှိခြင်း ၊ ရရှိသောဟင်းများမှာ
နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း ။
အချက်(၄) ။ ။နိုင်ငံရေအကျဉ်းသားများသည် တိုက်ခန်းကျဉ်းမှာ မနက်တစ်နာရီ
နေ့ခင်းတစ်နာရီသာ အပြင်ထွက်ခွင့်ရခြင်း ၊ ကျန်အချိန်များ တိုက်ထဲတွင်
အပိတ်ခံထားရခြင်း ၊
အချက်(၅)။ ။ မည်သည့်အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင် စာရွက်
ကိုင်ဆောင်ခွင့်မရခြင်း တွေ့ရှိ ပါက စစ်ခွေးတိုက်သို့
ပို့ဆောင်အရေးယူခြင်း မိသားစုထံသို့ အကြောင်းကြားစာ ရေးသား ခွင့်မရခြင်း
စသည်အချက်တို့ကြောင့်တောင်းဆိုခြင်းဖြစ်သည်။
အကျဉ်းသားများကိုယ်စား
အင်းစိန် ဗဟိုအကျဉ်းထောင်
ရန်ကုန်
ရွှေနန္ဒ shwenanda
http://www.shwenanda.com/
__._,_.___
ရက်စွဲ ။ ။ ၁၇ - ၂ - ၂၀၁၀

No comments:
Post a Comment