မှန်ကန်ဖြောင့်မတ်ခြင်း လမ်းကိုမလျှောက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို စိုးကြောက်
တဲ့တဲ့တိုးတဲ့ ပိုးဖလံလို ပြည်တွင်းစစ်မီးတောက်ထဲ မိုက်မိုက်မဲမဲ တိုးဝင်လောင်မြှိုက်နေတယ် ။
**ပြည်နှင်ဒဏ်ထိထားတဲ့ အမှန်တရားက ပြည်တည်နေစဲ စိတ်ဒဏ်ရာလို နာကျင်ကိုက်ခဲ
ထောင်ကျနေတဲ့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးမဲ့အနေကြပ်မှုက နေကြတ်သလို မှောင်မဲ
စုစည်းမှု ကွဲအက်ကြေမွ သံသယ စစ်မုန်တိုင်းထဲ
နေ့ရက်တွေ နောက်ကျော သေနတ်နဲ့ချိန် ဓားများထိုးနေကြစဲ
ဒို့တိုင်းရင်းသားတွေ ဘ၀ ဒုက္ခသည်လို အပူများ ထုတ်ပိုးပြေးလွှား
မခံချိ မခံသာ စိတ်ရှိလက်ရှိ စိတ်တို ရေရှည် ပေါက်ကွဲ
မေ့မရနိုင်တဲ့ သွေးစွန်းပေစဲ ငြိမ်းချမ်းရေး ခရီး လမ်းကြမ်း..။
**ပင်စင်ယူထားရတဲ့ သစ္စာတရားက အိုမင်းရင့်ရော်
လုံခြုံမှု ကင်းမဲ့စဲ ယိုင်နဲ့နဲ့ ဥပဒေ တွေ မှားသထက်မှား
စိတ်ဓာတ် ပြိုပျက် မှိုတက် စစ်လေယာဉ်လို ပျက်
ထားရာနေ စေရာသွား စစ်နွားများဖိနှိပ်ကာ အိတ်သွန်ဖာမှောက် အကုန် ရောင်းစား
တိုင်းပြည်က စစ်စနစ် အပေါက်ကျွံ စစ်မီးလောင် ပြာကျ
ရင်းနှီး မြှုပ်နှံမှုတွေအပြည့်နဲ့ ဗိုလ်ချုပ်များ အိတ်ကပ် ဖောင်းပွ
သားသမီးတွေအကုန် အမှန်တရားငြိမ်းချမ်းရေးအတွက် သူပုန်များဖြစ်စေတဲ့ ဒို့ပြည်ထောင်စု ။
***အောင်ခိုင်မြင့်***
http://8888newgenerations.blogspot.com/
New Generations
**စစ်မရှိရင် အလုပ်လက်မဲ့ ဖြစ်မှာ စိုးရိမ်တဲ့ စစ်ဗိုလ်ချုပ်များက

No comments:
Post a Comment