(ပို့အော်ပရင့်စ်၊ ဖေဖော်ဝါရီလ ၄-ရက်)
ဟေတီနိုင်ငံ၌ ဇန်န၀ါရီလ ဘ၁၂-ရက်နေ့က လှုပ်ခဲ့သော ကြောက်မက်ဖွယ်ရာ မြေငလျင်ကြီးကြောင့် သေဆုံး သူဦးရေ ၂-သိန်းအထိရှိလာကြောင်း ဟေတီဝန်ကြီးချုပ် ဂျင်းမက်ဘယ်လာရစ်က ဖေဖော်ဝါရီလ ၃-ရက်နေ့ တွင် ပြောကြားသည်။ အဆိုပါ စာရင်းမှာ အုတ်ကျိုး၊ အုတ်ပုံများအောက်တွင် နစ်မြုပ်နေသူများ မပါဝင်သေး ကြောင်း ဟေတီဝန်ကြီးချုပ်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
မြေငလျင်ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၀ ရှိသည့် မြေငလျင်ဒဏ်ခံရမှု အခက်အခဲအကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ဟေတီအစိုးရဖွဲ့စည်းထားမှုပုံစံကို ပြောင်းလဲသွားရမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဘယ်လာရစ်က ပြောကြားကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ အဆိုပါ မြေငလျင်လှုပ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အစီအမံများ လိုအပ်နေကြောင်း၊ အလောင်းများ ကောက်ယူရေးနှင့် မြို့တော်ပို့အော်ပရင့်စ်၌ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။ (ဆင်ဟွာ)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** ဟေတီနိုင်ငံ၌ လှုပ်ခဲ့သော မြေငလျင် သေဆုံးသူဦးရေ ၂-သိန်းအထိရှိလာ ***

No comments:
Post a Comment