မီးမလာပါ။
**မီးပုံးလှလှ၊ ဆင်သလိုက်မဟဲ့
ရောင်စုံမီးပွင့်၊ ထွန်းတင့်စေမကွဲ့
သစ်ပင်ထိပ်မှာ
အိမ်တံစက်မြိတ်မှာ
ခလုတ်နှိပ် မီးဖွင့်တော့
အတင့်အတယ်၊ အလှကြွယ်စေမကွဲ့။
**စိတ်ကူးဘယ်မျှ ယဉ်ယဉ်
အမျှင်ဘယ်မျှ တန်းတန်း
အမှန်းဘယ်မျှ ကြီးကြီး
ထိုညက မီးမလာပါ။
**အမှောင်မှာ ကျင့်သားရပြီး
အမြင်အားသန်အောင် ကြည့်တတ်တဲ့
နတ်မျက်စိရှိဖို့ လိုပါတယ်။
**လူထုသိန်းသန်း၊ နတ်မျက်စိ သိန်းသန်းပေါ့
မငြိမ်းတမ်း နတ်မျက်စိ
သတ္တိတွေအပြည့်နှင့်။ ။
***တင်မိုး **
၂၈၊ ဇန္န၀ါရီ ၁၉၉၉ ကြာသပတေးနေ့ နံနက်ခင်း
မှတ်ချက်။ ။ (၁၉၉၉) တင်မိုး ကဗျာပေါင်းချုပ်မှ
**ထိုညက
မီးမလာပါ။
**မီးပုံးလှလှ၊ ဆင်သလိုက်မဟဲ့
ရောင်စုံမီးပွင့်၊ ထွန်းတင့်စေမကွဲ့
သစ်ပင်ထိပ်မှာ
အိမ်တံစက်မြိတ်မှာ
ခလုတ်နှိပ် မီးဖွင့်တော့
အတင့်အတယ်၊ အလှကြွယ်စေမကွဲ့။
**စိတ်ကူးဘယ်မျှ ယဉ်ယဉ်
အမျှင်ဘယ်မျှ တန်းတန်း
အမှန်းဘယ်မျှ ကြီးကြီး
ထိုညက မီးမလာပါ။
**အမှောင်မှာ ကျင့်သားရပြီး
အမြင်အားသန်အောင် ကြည့်တတ်တဲ့
နတ်မျက်စိရှိဖို့ လိုပါတယ်။
**လူထုသိန်းသန်း၊ နတ်မျက်စိ သိန်းသန်းပေါ့
မငြိမ်းတမ်း နတ်မျက်စိ
သတ္တိတွေအပြည့်နှင့်။ ။
***တင်မိုး **
၂၈၊ ဇန္န၀ါရီ ၁၉၉၉ ကြာသပတေးနေ့ နံနက်ခင်း
မှတ်ချက်။ ။ (၁၉၉၉) တင်မိုး ကဗျာပေါင်းချုပ်မှ
No comments:
Post a Comment