ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 17, 2010

ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးတောင်းဆိုဆန္ဒပြပွဲဘန်ကောက်တွင်ကျင်းပ

> (ဖေဖေါ်ဝါရီ ၁၆၊၂၀၁၀)
ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက်နိုင်ငံတကာအင်ဂျီအိုများ၊ထိုင်းအလုပ်သမားသမဂ္ဂများနှင့်မြန်မာအလုပ်သမားအဖွဲ့များအပါအ၀င် မဲခေါင်ဒ်ေသအလုပ်သမားများပူးပေါင်းလှုပ်ရှားမှုကွန်ယက်မှကြီးမှူးပြီးယနေကမ္ဘာအလုပ်သမားအဖွဲ့ချုပ်နှင့်ထိုင်းဝန်ကြီးချုပ်ထံ
သို့ အိပ်ဖွင့်ပေးစာပေးပို့ ခဲ့ကြသည်။
နံနက်ပိုင:်၉နာရီခန့်တွင်လူအင်အား၂၀၀ ၀န်းကျင်ခန့် ရှိသော လူအင်အားများဖြင့် ဦးစွာကုလသမဂ္ဂရုံး
တွင်မှစတင်၍ပိုစတာများကိုင်ဆောင်ပြီးဆန္ဒပြကြသည်။ များမကြာမီ ကမ္ဘာ့အလုပ်သမားအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးနှင့်အခြားတစ်ဦးတို့ထွက်လာပြီး အိပ်ဖွင့်ပေးစာကိုလက်ခံရယူသည်။
အိပ်ဖွင့်ပေးစာကို ထိုင်းအလုပ်သမားသမဂ္ဂမှအကြီးအကဲ ခွန်ဘန်ဒစ်ကအကြောင်းအရာများကိုဘာသာပြန်နှင့် ရှင:်ပြသည်။ ကမ္ဘာ့အလုပ်သမားအဖွဲ့မှဂ္ဂမှတာဝန်ရှိသူ ကိုယ်ချင်းစာခြင်းများစွာဖြင့် နားလည်မှုပေးကြောင်း
တတ်နိုင်သမျှ ကူညီပေးနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောဆိုပြီ ပြီး မြန်မာအလုပ်သမားများအတွက်
တောင်းဆိုထားသောစာကိုလက်ခံခဲ့သည်။

ယခု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သော ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း ၏သတင်းနှုင့် နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ၊ ဦးမျိုးနိုင်က
(ကျနော်တို့ တောင်းဆိုချက်တွေထဲမှာ ၁။မြန်မာအစိုးရအနေနဲ့ ယာယီပတ်စပို့ ကို ထိုင်းနိုင်ငံအတွင်းမှာလာလုပ်ပေးဖို့ ။၂။ယာယီပတ်စပို့ ကို ဘတ် ၄၅၀၀ ၀န်းကျင်လောက်နဲ့ ပြီးစီး
အောင်လုပ်ပေးဖို့၊၃။မြန်မာအလုပ်သမားတွေမှာ အခက်အခဲတွေအများကြီးရှိတာကြောင့်လာမယ့်
ဖေဖေါ်ဝါရီလကုန်ရင်ဖမ်းပြီးပြန်မပို့ ဖို့ နဲ့  ပတ်စပို့ လုပ်ငန်းစဉ်ကို အချိန်တိုးပြီးလုပ်ကိုင် ပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုတာတွေဟာ လိုက်လျောနိုင်တဲ့အချက်တွေပါ။
ကိုယ့်တိုင်းပြည်ကအလုပ်သမားတွေကို သနားလို့ မြန်မာအစိုးရကလုပ်ပေးရင်ဖြစ်နိုင်တဲ့ ကိစ္စတွေ
ပါ) ဟုပြောသည်။
ထိုင်းအလုပ်သမားများ၊ထိုင်းအလုပ်သမားသCဂ္ဂများ၊မြန်မာအလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့ 
များနှင့်မြန်မာအလုပ်သမားများက အခွင့်အရေးတောင်းဆိုချက်များကို ပိုစတာများကိုင်ဆောင်၍၄င်း၊
ပတ်စပို့ လုပ်ငန်းစဉ်၏ ၀န်ထုတ်ဝန်ပိုးဖြစ်နေသည့်ကိစ္စကို ကာတွန်ဆရာဟန်လေးရေးဆွဲ ထား ပုံများအားကိုင်ဆောင်၍၄င်းအလုပ်သမားအခွင့်အရေးဆိုင်ရာများအား ဦးဆောင်သည့်ကားမှ စကားပြော
ရင်ထိုင်းဝန်ကြီးချုပ်ရုံးစိုက်သည့် ၀န်ကြီးများရုံး ဂိတ်ရှေ့ သို လမ်းလျှောက်ချီတက်လာခဲ့ကြသည်။
နေ့လည်၁၀နာရီကျော်ကတည်းက အလှည့်ကျဟောပြောကြပြီး ထိုင်းဝန်ကြီးချုပ်အဘီဆစ်ဝိချာချီဝ ကိုယ်တိုင်
စာကိုထွက်ယူဖို့ အတွက် ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ ခေါင်းဆောင်များကဟောပြောတောင်းဆိုခဲ့ကြ သော်
လည်းနေလည်၁နာရီထိုးသည်အထိ မည်သူမျှ ထွက်လာပြီး ပေးသောစာကိုလာ၍လက်ခံမယူပေ။
ထိုင်းအဖွဲ့ တို့ ကထိုင်းဘာသာစကားများဖြင့် ပြောဆိုသွားကြပြီးအင်ဂျီအိုတစ်ခုမှ မြန်မာဝန်ထမ်းတစ်ဦးက
မြန်မာဘာသာစကားဖြင့် အလုပ်သမားများအခက်အခဲများအား စတိတ်စင်အဖြစ်ဖန်တီ:ထားသော ကားပေါ်
မှ ဟောပြောသည်ကို ၀န်ကြီးများ၇ုံးဝင်းထဲမှ အစောင့် စစ်သားများက မြန်မာဘာသာစကားဖြင့် ဟောပြော
ခြင်းလုံးဝမလုပ်ရန်တားမြစ်ခဲ့သည်။
မွန်လွဲ၁နာရီကျော်သည့်တိုင်အောင်စာကိုထွက်မယူသေးသဖြင့် ဆန္ဒပြမြန်မာအလုပ်သမားများက ခြံဝင်းတံခါး အားကိုင်လှုပ်ခြင်း၃ကြိမ်ပြုလုပ်ခဲ့သည်။ထို့ ကြောင့်လုံခြုံရေးယူထားသောရဲတပ်ဖွဲ့ ဝင်အများအပြားက သံတံခါး နောက်တွင် မတ်တပ်ရပ်စောင့်နေခဲ့သည်။ တံခါးကိုမတွန်းရန်လည်းစပီကာငယ်ဖြင့် လှမ်းပြောခဲ့သည်။
မွန်လွဲ၁နာရီကျော်အချိန်တွင် ၀န်ကြီးချုပ်ရုံး စာပေးစာယူဌာနမှ အရာရှိတစ်ဦးနှင့်အခြားတစ်ဦးတို့ ထွက်လာခဲ့သည်။ထိုင်းအလုပ်သမားများစည်းလုံးညီညွတ်ရေးအဖွဲ့ ဥက္ကဌ
Wilaiwan Sae-Tia ၀ီလာဝမ် ဆေးတာ့ ကအိပ်ဖွင့်ပေးစာကိုပြောပြသည်။ထို့ နောက် စာပေးစာယူဌာနမှ အရာ
ရှိက ၀န်ကြီးချုပ်ကို ရောက်အောင်ပေးပို့ မည်ဖြစ်ကြောင်းဂတိပြုပြောဆိုသွားသည်။

ထိုင်းဝန်ကြီးချုပ်ထံသို့ ပေးပို့ သောစာတွင် ထိုင်းနိုင်ငံမှ သြဇာကြီးမားသော အလုပ်သမား သမဂ္ဂအဖွဲ့  အစည်းများဖြစ်သည့်
The State Enterprise Workers Relations Confederation မှ အထွေထွေ အတွင်းရေးမှူး Mr. Sawit Keawan၊ Thai Labour Solidarity Cmmittee မှ ဥက္ကဋ္ဌ Ms. Wiliwan Saetia၊ Migrant Working Group မှ တာဝန်ခံ Mr. Adisom Kedmongkol၊ Action Network for Migrant မှတာဝန်ခံ Mr. Bundit Panwiset တို့ ကလက်မှတ်ရေးထိုးထားသည်။
နောက်ထူးခြားချက်တခုမှာ ပြီးခဲ့သည့်တစ်ပတ်ခန့် ကပင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းမှ မြန်မာအလုပ်သမားများယနေဆန္ဒပြပွဲသိုပူးပေါင်းပါဝင်ကြရန်တိုက်တွန်းနှိုးဆော်ထားသောလက်ကမ်းစာစောင့်ကိုလက်ခံရရှိထား
သော မဟာချိုင်မြို့ အုန်းနွဲ့ ဖက်ကဆင်၁၂၂လမ်းမှ လင်းမလိုင်အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား၅၀၀ခန့် တို့ ကလှုပ်ရှားမှုတစ်ခုဆင်နွဲ့ ခဲ့ကြသည်။
အပ်ချုပ်သမ မအိအိသူက( အလုပ်သမားအဖွဲ့ တွေကထိုင်းတွေနဲ့ ပူးပေါင်းပြီးတော့ သမီးတို့ အလုပ်သမားတွေ
အတွက်လုပ်ပေးကြတယ်၊ ဦးတို့ အလုပ်သမားအဖွဲ့ တွေကတောင်းဆိုတာတွေ
ဟာ သမီးတို့ လိုချင်တဲ့အချက်အလက်တွေပဲလေ၊ ကတယ်၊သမီးတို့ ကလာလို့ မဖြစ်ပေမယ့်ထောက်ခံတဲ့အ
အနေနဲ့ အလုပ်ရုံတစ်ရုံလုံး ဒီကနေ့ အင်္ကျီအဖြူရောင်ဝတ်ပြီးအလုပ်လုပ်လိုက်ကြပါတယ်)ဟုပြောသည်။
အဆိုပါအလုပ်ရုံမှ အလုပ်သမားကိုထင်ကျော်ကလည်း ယနေ့ ဘန်ကောက်လှုပ်ရှားမှုကိုအထူးအားရကြောင်း၊ တောင်းဆိုချက်ကိုလိုက်လျှောမှုရှိ/မရှိဆိုသည်မှာ ထိုင်းအစိုးရအပိုင်းသာဖြစ်သဖြင့် ယနေ့ မြန်မာအလုပ်သမားများအတွက် ဆန္ဒပြခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောဆိုသွားသည်။
ထိုင်းနိုင်ငံရေးဆန္ဒပြသူများနှင့်ခွဲ ခြားစေလိုသည့်အနေဖြင့်၊ဆန္ဒပြပွဲကိုဦးဆောင်သည့်ထိုင်းအင်ဂျီအိုများက ဆန္ဒပြလာကြသူအားလုံးတို့အားအစိမ်းရောင်ပိတ်စငယ်တစ်စစီစည်းပေးခဲ့သည်။မြန်မာအလုပ်သမားများ
အတွက် ထိုင်းအစိုးရထုတ်ပြန်ကြေညာချက်ပြုပြင်ပြောင်းလဲရေးတောင်းဆိုဆန္ဒပြပွဲကို မွန်းလွဲ ၂နာရီတွင်
အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

***ကိုကျော်သောင်း(ဘန်ကောက်)**

(ဖေဖေါ်ဝါရီ ၁၆၊၂၀၁၀)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)