ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, February 25, 2010

ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…..

> *** ဆိုမာလီကမ်းလွန်မှ ပင်လယ်ဓားပြများ တူရကီရေတပ်ဖမ်းဆီးနှိမ်နင်း ***
(အန်ကာရာ၊ ဖေဖော်ဝါရီလ ၂၃-ရက်)
အေဒင်ပင်လယ်ကွေ့တွင် ပင်လယ်ဓားပြသောင်းကျန်းမှု နှိမ်နင်းရေးအတွက် နိုင်ငံတကာ လုံခြုံရေးတာဝန်ဖြင့် ရောက်ရှိသည့် တူရကီရေတပ်မှ အစောင့်သင်္ဘောတစ်စင်းက ဆိုမာလီကမ်းလွန်ဒေသတွင် ဂျပန်ကုန် သင်္ဘော တစ်စင်းအား ပင်လယ်ဓားပြတိုက်ခိုက်မှုမှ ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၂-ရက်နေ့တွင် အင်တာနက် သတင်းအရ သိရသည်။ အဆိုပါ စစ်ဆင်ရေးတွင် ရဟတ်ယာဉ်တစ်စင်းနှင့် ရေတပ်လက်ရွေး စင်တပ်သား များပါဝင်ကြသည်။ ပင်လယ်ဓားပြများက ပနားမား အလံစိုက်ထူထားသည့် အမ်ဗွီအေပီအယ်လ် အမည်ရှိ သင်္ဘောတစ်စင်းကို စတင်တိုက်ခိုက်မည့်ဆဲဆဲ တူရကီရေတပ်က တားဆီးနိုင်ပြီး ပင်လယ်ဓားပြခုနှစ် ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။ (အင်တာနက်)

*** ဟေတီငလျင် ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီလံကျော်လိုအပ် ***
(နယူးယောက်၊ ဖေဖော်ဝါရီလ ၂၃-ရက်)
ငလျင်ဒဏ်ပြင်းထန်စွာခံစားရသည့် ဟေတီနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဆောလျင်စွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄-ဘီလီယံ ထပ်မံကူညီထောက်ပံ့ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့က ဖေဖော်ဝါရီလ ၂၀-ရက်နေ့တွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ မေတ္တာရပ်ခံသည်။ ဟေတီနိုင်ငံ၏ လူဦးရေ ၁ ဒသမ ၂-သန်းအတွက် အိုးအိမ်အဆောက်အအုံနှင် လူဦးရေနှစ်သန်းခန့်အတွက် စားနပ်ရိက္ခာများ လိုအပ်သည်။ (ဆင်ဟွာ)

*** အီတလီ၌ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ကုန်စည်ပြပွဲကျင်းပ ***
(ခတ္တမန္ဒူ၊ ဖေဖော်ဝါရီလ ၂၃-ရက်)
အီတလီနိုင်ငံ မီလန်မြို့၌ အကြိမ် (၃၀)မြောက် နိုင်ငံတကာ ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲ (ဘီအိုင်တီ)အဖွဲ့တွင် နီပေါနိုင်ငံပါဝင်သည်။ အဆိုပါပွဲတော်ကို ဖေဖော်ဝါရီလ ၁၈-ရက်မှစတင်ကာ ၁၀-ရက်ကြာကျင်းပလျက်ရှိပြီး ခရီးသွားဧည့်သည် ၁၅၀၀၀၀-ကျော် လာရောက်လျက်ရှိကြောင်း (ဘီအိုင်တီ)အဖွဲ့မှ ဖေဖော်ဝါရီလ ၂၂-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)

*** ကန်ကင်းထောက်လေယာဉ် ရှစ်စင်း တောင်ကိုရီးယား ၀ယ်ယူ ရေကြောင်းကာကွယ်ရေးမြှင့်တင်ရန်ဖြစ် ***
(ဆိုးလ်၊ ဖေဖော်ဝါရီလ ၂၃-ရက်)
တောင်ကိုရီးယားအနေဖြင့် အမေရိကန်နိုင်ငံမှ အသစ်ပြန်လည်ပြင်ဆင်ထားသည့် ပီ- ၃ စီ ရေကြောင်းကင်းထောက်တိုက်လေယာဉ်ရှစ်စင်းကို လက်ခံရရှိကြောင်း တောင်ကိုရီးယားရေတပ်က ဖေဖော်ဝါရီလ ၂၂-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ တောင်ကိုရီးယားရေတပ်သည် ၂၀၀၈-ခုနှစ်အတွင်း၌ ပီ ၃-စီတိုက်လေယာဉ်ရှစ်စင်းကို ပထမအသုတ်အဖြစ် လက်ခံရရှိထားပြီးဖြစ်ရာ ပီ ၃-စီ ကင်းထောက်လေယာဉ်အများအပြား လက်ဝယ်ရောက်ရှိ ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ (ဆင်ဟွာ)

*** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်းတန့်နေ ***
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှုန်းများကျဆင်းလျက်ရှိရာ ဂျပန်ငွေကြေးဈေးကွက်တွင် ဖေဖော်ဝါရီလ ၂၃-ရက်နေ့ ဈေးပိတ်ချိန်၌ ဂျပန်ယန်းငွေ ၉၁-ယန်းလျှင် အမေရိကန်ဒေါ်လာ ၁-ဒေါ်လာဖြစ်ကြောင်း ဂျပန်ငွေကြေးအရာရှိများက ပြောကြားသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***

*** ဆိုမာလီကမ်းလွန်မှ ပင်လယ်ဓားပြများ တူရကီရေတပ်ဖမ်းဆီးနှိမ်နင်း ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)