ပြီးခဲ့သော ဇန်န၀ါရီလ ၂၆-ရက်နေ့က ဘန်ကောက်မြို့သို့အသွား ဖုတ်ဖရားမြို့နယ် တောလမ်းခရီးတ နေရာတွင် မြန်မာပြည်သား (၉)ဦးအသတ်ခံခဲ့ရပါသည်။ ၄င်းတို့မှာ (၁) စောဒီးဒုံ အသက် ၂၈-နှစ်၊ (၂) စောတူအောင် အသက် ၃၃-နှစ်၊ (၃) နော်တင်ချိုအေး အသက် ၂၈-နှစ်၊ (၄) မူးချဲချဲ အသက် ၂၈-နှစ်၊ (၅) စောကျော်ဦး အသက် ၂၇-နှစ်၊ (၆) နန့်ကျွန်အေး အသက် ၃၂-နှစ်၊ (၇) နန့်အေးချို အသက် ၂၃-နှစ်၊ (၈) စောအကုံ အသက် ၂၈-နှစ် တို့ဖြစ်ပါသည်။
ယနေ့တွင်မူ ပြန်လည်ရရှိခဲ့သော ရုပ်အလောင်း (၈)လောင်းကို အသုဘရှုတရားနာ အခမ်းအနားဖြင့် ထိုင်းနှင့် မြန်မာပရိသတ် (၁၅၀၀)ခန့်တို့က စီစဉ်ဆောင်ရွက်ပေးခဲ့ကြပါသည်။ ၄င်းတို့၏ ထိုင်းဥပဒေပါ ခံစားခွင့်များရရှိစေရန်နှင့် ကျန်ရှိသော ရုပ်အလောင်း (၁)လောင်းကို ပြန်လည်ရရှိစေရန်အတွက် ထိုင်းအာဏာပိုင်များနှင့်အတူ ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)နှင့် ၄င်း၏ ကွန်ယက်ဖြစ်သော မြန်မာအလုပ်သမားအကျိုးဆောင်အဖွဲ့များက ကြိုးပမ်းနေဆဲဖြစ်ပါသည်။ ကိုင်း… ဒီကနေ့ နာရေး အခမ်းအနား စည်ကား သိုက်မြိုက်ပုံကို ရှုစားလိုက်ပါဦး….။
***သတင်းမှတ်တမ်း-မြန်မာပြည်သား***

No comments:
Post a Comment