ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 9, 2010

ဖေဖော်ဝါရီလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ….

>
(ဖေဖော်ဝါရီလ ၉-ရက် ၂၀၁၀) `အထူးတရားပွဲ´တစ်ရပ်အား မြန်မာနိုင်ငံမှ ကြွရောက်လာသော ရွှေပြည်သာ ဆရာတော် (ဦးဇ၀န)က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ကျင်းပသည်ကို တွေ့ရသည်။ (မြန်မာ ပြည်သား)

(ဖေဖော်ဝါရီလ ၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် တရားရုံးတွင် လိင်တူဆက်ဆံမှုဖြင့် တရားစွဲဆိုခြင်းခံနေရသော မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအေဗရာဟင်က တရားသူကြီးများသည် အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ဝေဖန်ပြောဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော အင်ဒိုနီးရှားအိမ်ဖော်အလုပ်သမများနှင့် ပတ်သက်ပြီး ဥပဒေအရ ကာကွယ်စောင်ရှောက်မှုများပေးရန် မလေးရှားအစိုးရက သဘောတူညီခဲ့သော်လည်း အဆိုပါ အလုပ်သမများ၏ လုပ်အားခ တိုးမြှင့်ပေးရန်ကိုမူ သဘောတူညီမှု မရရှိကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံတွင် အိမ်ဖော်အလုပ်အပါအ၀င် အင်ဒိုနီးရှားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား (၂)သန်းခန့်ရှိပြီး အဆိုပါအလုပ်သမားများသည် အခြားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနည်းတူ အိမ်ရှင်ဖြစ်သော မလေးရှားအလုပ်ရှင်နှင့် မိသားစုဝင်များ၏ နှိပ်စက်ကလူပြုမူခြင်းများကို ခံကြရကြောင်းသိရသည်။ (RFA)
(ဖေဖော်ဝါရီလ ၅-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် နောင်ဘိုးဒုက္ခသည်စခန်းမှ ကရင် လူမျိုး ဒုက္ခသည် (၁၀)ဦးကို နေရပ်ပြန်ပို့သည်မှာ မှန်ကန်ကြောင်း၊ ၄င်းတို့၏ ဆန္ဒအရပြန်ပို့ခြင်းသာ ဖြစ် ကြောင်း ထိုင်းစစ်တပ်က ပြောဆိုသည်။ (RFA)
(ဖေဖော်ဝါရီလ ၄-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံထဲသို့ မူးယစ်ဆေး မှောင်ခိုသမား ၁၀-ဦးကို မလေးရှားရဲက ကွာလာလမ်ပူနိုင်ငံတကာ လေဆိပ်၌ ဖမ်းလိုက်ကြောင်း အဆိုပါ အစ္စလာမ်ဘာသာဝင် အီရန်လူမျိုး ၁၀-ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဘနားမား သတင်းဌာနက ဖော်ပြသည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားအိမ်ဖော် ၁-ဦးကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သူ မလေးရှား အိမ်ရှင်မနှင့် သားဖြစ်သူတစ်ဦးတို့ကို မလေးရှားတရားရုံးက တရားစွဲဆိုလိုက်သည်။
ဖြစ်ရပ်-၃။ ။ ကရင်စစ်ပြေးဒုက္ခသည်များကို မြန်မာနိုင်ငံပြန်ပို့မည်အရေးကို အမေရိကန်လွှတ်တော်အမတ်(၂၇)ဦးကလည်း အထူးစိုးရိမ်ကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KWO)နှင့် ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီတို့က ယနေ့ ပူးတွဲတောင်းဆိုလိုက်သည်။
(ဖေဖော်ဝါရီလ ၃-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ဖုတ်ဖရားမြို့နယ် ဝှေးနုကလီ ကျေးရွာ ဗွီဒီယို ရုံတစ်ခုတွင် မြန်မာစိုက်ပျိုးရေး လုပ်သား(××××××)အား ဖေဖော်ဝါရီလ ၁-ရက်နေ့ ညပိုင်း က အမည်မသိ လူတစ်ဦးက ချွန်ထက်သော ကရိယာတစ်ခုဖြင့် လည်လှီးကာ သတ်ဖြတ်သွားကြောင်း၊ မည် သူ၏ လက်ချက်ဖြစ် မှန်းကို ဖုတ်ဖရားမြို့နယ် စအိုတိုက်နယ် ရဲစခန်းက စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းရ ရှိသည်။ (မြန်မာ ပြည်သား)
ဖြစ်ရပ်-၂။ ။ အာရှတိုက်နိုင်ငံများထဲတွင် ဂျပန်နိုင်ငံမှ ပထမဦးဆုံး ခေါ်ယူမည့် ၃-နှစ်အတွင်း ဒုက္ခသည် အယောက် (၉၀)စီမံချက်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ မဲလဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ဂျပန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က စတင်အင်တာဗျူးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ကျေညာသည်။ (VOA)
ဖြစ်ရပ်-၃။ ။ မလေးရှာနိုင်ငံ တရားရုံးချုပ်တွင် မိမိအပေါ်မလိုမုန်းထားမှုနှင့် ဤသို့ စွပ်စွဲချက်တင်ခဲ့တာဖြစ်ကြောင်း လိင်တူဆက်ဆံမှုဖြင့် စွပ်စွဲခံနေရသော မလေးရှားအတိုက်အခံ ခေါင်းဆောင် အန်ဒါအီဗရာဟင်က ယနေ့ ဒုတိယနေ့တရားရုံးတက်ရောက်ရာ၌ ပြောကြားလိုက်သည်။ (VOA)
(ဖေဖော်ဝါရီလ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မြန်မာပြည်တွင် (၂၀၁၀) ရွေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာဘွယ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီယွန်က ယနေ့ပြောကြားလိုက်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်နှင့် ဇနီးတို့ကို မိမိ၏ အမှုအတွက် သက်သေထွက်ဆိုရန် ဆင့်ခေါ်ရန်လိုအပ်ကြောင်း မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်က ပြောဆိုလိုက်သည်။ မိမိအပေါ် မတရားစွပ်စွဲချက်များနှင့် ပတ်သက်၍ လက်ရှိဝန်ကြီးချုပ်နှင့် ဇနီးတို့ကို သက်သေထွက်ဆိုရန် ဆင့်ခေါ်ရန် လိုအပ်ကြောင်း ၄င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။ မစ္စတာ အန်ဝါအီဗရာဟင်ကို သဘာဝမဟုတ်သော လိင်တူဆက်ဆံမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ (RFA)
(ဖေဖော်ဝါရီလ ၁-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံအတွင်းရှိ ဒုက္ခသည်လက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် `ကျပန်း´အလုပ်များကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဌာန အတွင်းဝန်က ပြောဆိုသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်အတွင်းရှိ အုန်းဖန်မြို့နယ်နှင့် မဲဆောက်မြို့နယ်တို့မှ တာဝန်ခံဆရာဝန်ကြီးများက ထိုင်းကျန်းမာရေးဝန်ကြီးထံသို့ ကျန်းမာရေးစရိတ်ပိုမိုချမှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ တောင်ပေါ်တိုင်းရင်းသားများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နှစ်စဉ် ဘတ် သိန်း (၁၀၀)ကျော် အကြွေးတင်နေရကြောင်း၊ သို့ဖြစ်၍ ၄င်းတို့အား ကျန်းမာရေးဆေးကုသရန် မိမိတို့ ဆေးရုံများမှာ အခက်အခဲကြီးစွာ ရှိလာနေသည်ဟု တင်ပြခဲ့ကြောင်းသတင်း ရရှိသည်။ (BBC)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)