(တီဟီရန်၊ မတ်လ ၁၉-ရက်)
အီရန်နိုင်ငံသည် လာမည့်နှစ်အတွင်း ညူကလီးယားစက်ရုံသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း အီရန် ပထမ ဒုတိယသမ္မတ မိုဟာမက်ရီဇာရာဟီမီက ပြောကြားသည်။ အဆိုပါ နှစ်သက်ကာလအတွင်း ညူကလီးယားစက်ရုံသစ်များတည်ဆောက်သွားသွားမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ ၀င်ရောက်စွက်ဖက်မှုကို ခွင့်မပြုဘဲ မိမိလမ်းကို မိမိဆက်လျှောက်သွားမည်ဖြစ်ကြောင်း မိုဟာမက်ရီဇာရာဟီမီက ပြောကြားသည်ဟု အိုင်အာရ်အေသတင်းဌာနက ကိုးကားဖော်ပြသည်။ (အင်တာနက်)
*** ဆိုမာလီယာတွင် သတင်းစာဆရာနှစ်ဦး အဖမ်းခံရမှု အိုင်အက်ဖ်ဂျေ ပြစ်တင်ရှုတ်ချ ***
(နိုင်ရိုဘီ၊ မတ်လ ၁၉-ရက်)
နိုင်ငံတကာ သတင်းစာဆရာများအဖွဲ့ချုပ် (အိုင်အက်ဖ်ဂျေ)က ဆိုမာလီယာနိုင်ငံတွင် သတင်းစာဆရာနှစ်ဦးအား ဖမ်းဆီးမှုကို ရှုတ်ချလိုက်သည်။ မကြာမီက ဆိုမာလီယာနိုင်ငံတွင် သတင်းစာဆရာနှစ်ဦး ထိန်းသိမ်းခံရပြီးနောက် ဆိုမာလီယာရှိ သတင်းစာဆရာများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့နှင့် ပတ်သက်၍ စိုးရိမ်မကင်းရှိကြောင်း အိုင်အက်ဖ်ဂျေက ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** ချီလီငလျင်ကြောင့် ကလေး ၈၄၀၀၀၀ ကျောင်းမတက်ကြရ ***
(စန်တီယာဂို၊ မတ်လ ၁၉-ရက်)
ချီလီနိုင်ငံတွင် လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ကျောင်းနေအရွယ်ကလေးငယ် စုစုပေါင်း ၈၄၀၀၀၀ ကျောင်းမတက်ကြရကြောင်း သတင်းရရှိသည်။ ချီလီအစိုးရအနေဖြင့် စာသင်ကျောင်းနှင့် ကောလိပ်များ ပြန်လည်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သုံးဘီလီယံကုန်ကျမည်ဖြစ်သည်။ စာသင်ကျောင်းများကို ဧပြီလ ၂၆-ရက်မတိုင်မီ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု သမ္မတ ဆီဘတ်စ်ပီရီးယား၏ ကတိပေးချက်အတိုင်း အကောင်အတည်ဖော်မည်ဟု ပညာရေးဝန်ကြီးက မတ်လ ၁၇-ရက်နေ့တွင် ပြောကြားသည်။ ငလျင်ဒဏ်အများဆုံးခံရသည့် မိုးလ်နှင့် ဘိုင်အိုဘိုင်အိုဒေသများရှိ ကျောင်းများမှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ (အင်တာနက်)
*** ဆိုယုဇ်အာကာသယာဉ် မြေပြင်သို့ ပြန်လည်ဆင်းသက် ***
ရုရှားနိုင်ငံမှ နိုင်ငံတကာအာကာသယာဉ်စခန်းသို့ လွှတ်တင်ထားသော ဆိုယုဇ်တီအမ် အေ ၁၆-အာကာသယာဉ်သည် နိုင်ငံတကာ အာကာသယာဉ်စခန်း၌ လုပ်ငန်းတာဝန်များပြီးဆုံး၍ ကာဇက်စတန်နိုင်ငံ ကာဇက်မြို့အနီးသို့ မတ်လ ၁၉-ရက်နေ့ မော်စကိုစံတော်ချိန် ၁၁ နာရီ ၀၃ မိနစ်၌ ပြန်လည်ဆင်းသက်လာကြောင်း ရုရှားအာကာသရေးရာ အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ဘိုးရင်း ၇၃၇ လေယာဉ်များလုံခြုံမှုစစ်ဆေး ***
အမေရိကန်နိုင်ငံ ဘိုးရင်းကုမ္ပဏီမှ ထုတ်လုပ်သော ဘိုးရင်း ၇၃၇ လေယာဉ်အစင်း ၄၀၀ အား လေယာဉ်အင်ဂျင်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစနစ်များ စိတ်ချလုံခြုံမှုရှိမရှိကို ပြန်လည်စစ်ဆေးလျက်ရှိကြောင်း အဆိုပါကုမ္ပဏီမှ အရှာရှိများက မတ်လ ၁၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** နယူးယောက်၌ လေယာဉ်ငယ် ပျက်ကျ ***
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နှင့် ကီလိုမီတာ ၁၂၀ ကွာဝေးသော လာကရက်မြို့တွင် ပုဂ္ဂလိကပိုင်လေယာဉ်ငယ်တစ်စင်း မတ်လ ၁၈-ရက်နေ့က ပျက်ကျခဲ့ကြောင်း၊ အဆိုပါ အင်ဂျင်နှစ်လုံးတပ်လေယာဉ်ငယ်သည် လာကရက်မြို့ ကျေးရွာအနီး စကိုင်အယ်ခရိုလေဆိပ်မှအတက် စကစ်မိုလ်လမ်းမကြီးနှင့် မလှမ်းမကမ်းရှိ တောအုပ်အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ညူကလီးယားစက်ရုံသစ်များ တည်ဆောက်မည် အီရန်ပထမ ဒုတိယသမ္မတကြေညာ ***

No comments:
Post a Comment