ကျေနပ်သာယာတတ်တာ
ပုထုဇဉ်တို့ရဲ့ ဓမ္မတာ……….။
**ကြောင်ကလေး ခွေးကလေးများ
အမွေးဖွားဖွား ကျောသပ်ပေးတော့
အရေးပါတဲ့ စိတ်ကြီးဝင်မှုကြောင့်
ဘယ်သူ့မှ ထီမထင်
ကိုယ့်သခင်မှ သခင်
မြင်သူတိုင်းကို ရန်စောင်ပြီး
မာန်ထောင်တတ်တာ အမြင်သားကပဲ….။
**ကျောသပ်ပေးရင်
သွေးတမြောက်မြောက်နဲ့ ဖောက်တတ်တယ်….။
**ကျောသပ်ပြီး ကျောချမှ
ဓါးပြမှန်း သိရရင် မကောင်းဘူး….။
ကျောမချခင် ကျောသပ်
ကျောစပ်မှ ရိပ်မိရင်
အဆိပ်ထိ အဆိပ်မိမှာ အမှန်……..။ ။
*** တင်မိုး ***
၁၊ ဖေဖော်ဝါရီလ၊ ၁၉၉၉ (တနင်္လာနေ့ နံနက်ခင်း)
***ကျောကို သပ်ရင်
ကျေနပ်သာယာတတ်တာ
ပုထုဇဉ်တို့ရဲ့ ဓမ္မတာ……….။
**ကြောင်ကလေး ခွေးကလေးများ
အမွေးဖွားဖွား ကျောသပ်ပေးတော့
အရေးပါတဲ့ စိတ်ကြီးဝင်မှုကြောင့်
ဘယ်သူ့မှ ထီမထင်
ကိုယ့်သခင်မှ သခင်
မြင်သူတိုင်းကို ရန်စောင်ပြီး
မာန်ထောင်တတ်တာ အမြင်သားကပဲ….။
**ကျောသပ်ပေးရင်
သွေးတမြောက်မြောက်နဲ့ ဖောက်တတ်တယ်….။
**ကျောသပ်ပြီး ကျောချမှ
ဓါးပြမှန်း သိရရင် မကောင်းဘူး….။
ကျောမချခင် ကျောသပ်
ကျောစပ်မှ ရိပ်မိရင်
အဆိပ်ထိ အဆိပ်မိမှာ အမှန်……..။ ။
*** တင်မိုး ***
၁၊ ဖေဖော်ဝါရီလ၊ ၁၉၉၉ (တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment